တေလာဆွပ်ဖ်ကို အမေရိကရဲ့သြဇာအရှိဆုံးပုဂ္ဂိုလ်လို့ပြောလိုက်တဲ့ ဒါကိုတာဂျွန်ဆင်

Fifty Shades of Grey မင်းသမီးအဖြစ်ပရိသတ်တွေသိကြတဲ့ ဒါကိုတာဂျွန်ဆင်က Saturday Night Live Monologue မှာ တေလာဆွပ်ဖ်အကြောင်းကိုဖွင့်ထုတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။သူမက ‌ဒေါ်နယ်ထရန့်အကြောင်းပြောဆိုတူးဆွရင်း တေလာဆွပ်ဖ်က အမေရိကန်နိုင်ငံမှာဩဇာအကြီးဆုံးပုဂ္ဂိုလ်လို့ ပြောလိုက်တာဖြစ်ပါတယ်။ သူမက Saturday Night Live မှာ 2015 ခုနစ်ကဓာတ်ပုံတစ်ပုံကိုထုတ်ပြခဲ့ပြီး ဒီပုံထဲမှာကြည့်ပါဦိးဘယ်သူ့ကိုတွေ့လဲဆိုပြီး Zoom ဆွဲပြချိန်မှာသမ္မတဟောင်းဒေါ်နယ်ထရန့်ကို တွေ့မြင်ကြရတာဖြစ်ပါတယ်။သူမဘေးမှာ စတီဗင်စပီးလ်ဘတ်၊ဂျော့လူးကပ်စ် တို့လည်းရှိနေခဲ့တာပါ။

ကင်မရာတွေကပရိသတ်ထဲမှာရှိနေတဲ့ တေလာဆွပ်ဖ်ဆီကိုလှည့်သွားပြီးပြသချိန်မှာဒါကိုတာဂျွန်ဆင်က“အမေရိကန်မှာဩဇာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာမယ့်သူတစ်ယောက်နားနီးနီးကပ်ကပ်ရှိနေရတာကို ကျွန်မအရမ်းသဘောကျတယ်”အရွှန်းဖောက်ပြီးပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီတစ်ပတ်ရဲ့ Saturday Night Live မှာ ဂျပ်စတင်တင်းဘားလိတ်ခ်က အထူးဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး SNL ရဲ့ Host ဖြစ်တဲ့ ဒါကိုတာဂျွန်ဆင်နဲ့သူဟာ ၂၀၁၀ ကထွက်ရှိတဲ့ The Social Network ဆိုတဲ့ရုပ်ရှင်မှာအတူတွဲဖက် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*