ဝန်ထမ်းတစ်ယောက်ရဲ့စိတ်သဘောထားနဲ့အလုပ်လုပ်ပုံဘယ်ဟာပိုအရေးကြီးသလဲ

ဝန်ထမ်းတစ်ယောက်ရဲ့စိတ်သဘောထားဟာ သူ့ရဲ့အလုပ် Performance အပေါ်ရာနှုန်းပြည့်သက်ရောက်မှုရှိပြီးသူ့ဘေးမှာရှိတဲ့လုပ်ဖော် ကိုင်ဖက်တွေရဲ့စိတ်နေစိတ်ထားအပေါ်ကိုလည်း ရိုက်ခတ်မှုရှိပြန်ပါတယ်။ယေဘုဘျအားဖြင့် စိတ်သဘောထားမှန်ကန်သူတစ်ယောက်ဟာ စိတ်သဘောညံ့ဖျင်းသူထက် အလုပ် Performance ပိုင်းမှာပိုမိုသာလွန်ပါတယ်။ မန်နေဂျာတွေဟာ ဝန်ထမ်းတစ်ယောက်ရဲ့စိတ်သ ဘောထားကိုသတိထားစောင့်ကြည့်သင့်ပါတယ်။ အရာရာကိုအဆိုးမြင်တာ၊ ပျင်းရိတာလိုစိတ်ထားမျိုးတွေကိုတော့ မဖြစ်မနေပြင်ဆင်ဖို့သတိပေးနိုင်ရမှာဖြစ်ပါတယ်။ဝန်ထမ်းတစ်ယောက်ရဲ့စိတ်သဘောထားဟာ အကြောင်းအရာများစွာပေါ်တည်မှီနေပါတယ်။အရိုးစွဲလာတဲ့ ပြင်မရတဲ့စိတ်သဘောထားမျိုးကိုတော့ ပြင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ မိဘ၊ဆရာဆရာမ၊ ရွယ်တူသူငယ်ချင်း၊ နှစ်သက်အားကျသူ စတဲ့လူတွေရဲ့သင်ကြားပြသမှုတွေကလူတစ်ယောက်ရဲ့စိတ်သဘောကိုပုံဖော်ဖြစ်တည်စေခဲ့လို့ဖြစ်ပါတယ်။လူတစ်ယောက်ဟာ အိမ်မှာပဲဖြစ်ဖြစ် အလုပ်ခွင်မှာပဲဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ကိစ္စတစ်ခုကိုဘယ်လိုတုံ့ပြန်လိုက်သလဲဆိုတာက သူ့ရဲ့ဖြစ်တည်ပြီးသားစိတ်သဘောထားအပေါ်ကိုအများကြီးမူတည်နေပါတယ်။

ဝန်ထမ်းအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေ၊ Customer တွေကိုဘယ်လိုဆက်ဆံသလဲ၊ဘယ်လိုတုံ့ပြန်သလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်သလဲ၊ အလုပ်ကိုတန်ဖိုးထားမှုရှိမရှိဆိုတာတွေကလည်း ဝန်ထမ်းရဲ့စိတ်နေစိတ်ထားပေါ်တည်မှီနေတာဖြစ်ပါတယ်။ ဒါကြောင့်ဝန်ထမ်းတစ်ယောက်ချင်းစီဟာ ကောင်းမွန်မှန်ကန်တဲ့စိတ်သဘောထားရှိပါမှလုပ်ငန်းဟာလည်းအောင်မြင်မှုကြီးကြီးရရှိမှာဖြစ်ပါတယ်။စိတ်သဘောညံ့ဖျင်းတဲ့သူဟာ ကုမ္ပဏီအပေါ်အပြစ်တင်ခြင်း၊ အပြစ်ဖို့ခြင်း၊ ဝန်ထမ်းအချင်းချင်းကိုယ်ရေးကိုယ်တာကိစ္စတွေအထိပြစ်တင်ဝေဖန်ခြင်း၊အဖြေတစ်ခုကိုအားမစိုက်ဘဲလွယ်လွယ်ရှာဖွေခြင်း၊ အဆင်မပြေမှုတွေကိုသာ Focus လုပ်လွန်းခြင်းစတဲ့အမူ အကျင့်တွေရှိတတ်ကြပါတယ်။ အဖွဲ့တစ်ခုထဲမှာ စဉ်းစားပုံစဉ်းစားနည်းတွေဟာ Negativeဘက်ကိုပဲသွားနေပြီဆိုရင် မန်နေဂျာအနေနဲ့ဘာ့ကြောင့်ဒီလိုဖြစ်နေရသလဲဆိုတာကိုအရင်တွေးဆဖို့လိုပါတယ်။ ပြီးရင်တော့ Positive ဘက်ကိုသာအာရုံစိုက်ဖို့ထိန်းသိမ်းပေးရမှာဖြစ်ပါတယ်။

မန်နေဂျာအနေနဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ Performance ကတက်မလာဘူးဆိုရင်ဒါဟာသူ့ရဲ့စိတ်သဘောထားကြောင့်လား၊လုပ်နေရတဲ့အလုပ်ကိုစိတ်ကျေနပ်မှုမရှိလို့လားဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ဒါအပြင် Training လိုနေတာလား၊လုပ်ဖော် ကိုင်ဖက်တွေနဲ့အဆင်မပြေလို့လား၊ကိုယ်ရေးကိုယ်တာပြဿနာရှိနေသလားဆိုတာတွေကို ဆန်းစစ်ကြည့်ရပါမယ်။တချို့ပြဿနာတွေဟာပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်ပြီး တချို့ပြဿနာတွေကတော့ဝန်ထမ်းရဲ့စိတ်သဘောထားမမှန်ကန်မှုကြောင့်ဖြစ်တတ်ကြပါတယ်။
မှန်ကန်တဲ့စိတ်နေစိတ်ထားရှိမှုနဲ့ အလုပ် Performance ကိုယှဉ်တွဲမယ်ဆိုရင်တော့မှန်ကန်တဲ့စိတ်ထားရှိဖို့ကို အဓိကတိုက်တွန်းဆောင် ရွက်သင့်ပါတယ်။စိတ်သဘောထားကောင်းမွန်မှန်ကန်သူတစ်ယောက်ဟာ တာဝန်ကျရာအလုပ်ကိုအကောင်းဆုံးလုပ်ဆောင်မယ်ဆိုတာသံသယဖြစ်ဖို့မလိုပါဘူး။ လုပ်ငန်းခွင်ကိုလည်း Positive Workplace ဖြစ်အောင်လုပ်ဆောင်မှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေရဲ့စိတ်ကိုလည်းအကောင်းဘက်ကိုသာဆွဲခေါ်သွားပါလိမ့်မယ်။ ဒီလိုလူတွေဟာ တခါတလေတော့ သတိမပြုမိစရာမေ့လျော့ခံလူတွေဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်လုပ်တာညံ့တဲ့သူ၊စိတ်သဘောထားမမှန်ကန်သူတွေကိုသာ လူတွေကပိုသတိထားမိကြလို့ပါပဲ။

Ju Ju

zawgyi

ဝန္ထမ္းတစ္ေယာက္ရဲ႕စိတ္သေဘာထားဟာ သူ႔ရဲ႕အလုပ္ Performance အေပၚရာႏႈန္းျပည့္သက္ေရာက္မႈရွိၿပီးသူ႔ေဘးမွာရွိတဲ့လုပ္ေဖာ္ ကိုင္ဖက္ေတြရဲ႕စိတ္ေနစိတ္ထားအေပၚကိုလည္း ႐ိုက္ခတ္မႈရွိျပန္ပါတယ္။ေယဘုဘ်အားျဖင့္ စိတ္သေဘာထားမွန္ကန္သူတစ္ေယာက္ဟာ စိတ္သေဘာညံ့ဖ်င္းသူထက္ အလုပ္ Performance ပိုင္းမွာပိုမိုသာလြန္ပါတယ္။ မန္ေနဂ်ာေတြဟာ ဝန္ထမ္းတစ္ေယာက္ရဲ႕စိတ္သ ေဘာထားကိုသတိထားေစာင့္ၾကည့္သင့္ပါတယ္။ အရာရာကိုအဆိုးျမင္တာ၊ ပ်င္းရိတာလိုစိတ္ထားမ်ိဳးေတြကိုေတာ့ မျဖစ္မေနျပင္ဆင္ဖို႔သတိေပးႏိုင္ရမွာျဖစ္ပါတယ္။ဝန္ထမ္းတစ္ေယာက္ရဲ႕စိတ္သေဘာထားဟာ အေၾကာင္းအရာမ်ားစြာေပၚတည္မွီေနပါတယ္။အ႐ိုးစြဲလာတဲ့ ျပင္မရတဲ့စိတ္သေဘာထားမ်ိဳးကိုေတာ့ ျပင္ဖို႔ခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မိဘ၊ဆရာဆရာမ၊ ႐ြယ္တူသူငယ္ခ်င္း၊ ႏွစ္သက္အားက်သူ စတဲ့လူေတြရဲ႕သင္ၾကားျပသမႈေတြကလူတစ္ေယာက္ရဲ႕စိတ္သေဘာကိုပုံေဖာ္ျဖစ္တည္ေစခဲ့လို႔ျဖစ္ပါတယ္။လူတစ္ေယာက္ဟာ အိမ္မွာပဲျဖစ္ျဖစ္ အလုပ္ခြင္မွာပဲျဖစ္ျဖစ္ ေပၚေပါက္လာတဲ့ကိစၥတစ္ခုကိုဘယ္လိုတုံ႔ျပန္လိုက္သလဲဆိုတာက သူ႔ရဲ႕ျဖစ္တည္ၿပီးသားစိတ္သေဘာထားအေပၚကိုအမ်ားႀကီးမူတည္ေနပါတယ္။

ဝန္ထမ္းအေနနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ အထက္လူႀကီးေတြ၊ Customer ေတြကိုဘယ္လိုဆက္ဆံသလဲ၊ဘယ္လိုတုံ႔ျပန္သလဲ၊ ဘယ္လိုပူးေပါင္းေဆာင္႐ြက္သလဲ၊ အလုပ္ကိုတန္ဖိုးထားမႈရွိမရွိဆိုတာေတြကလည္း ဝန္ထမ္းရဲ႕စိတ္ေနစိတ္ထားေပၚတည္မွီေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ဝန္ထမ္းတစ္ေယာက္ခ်င္းစီဟာ ေကာင္းမြန္မွန္ကန္တဲ့စိတ္သေဘာထားရွိပါမွလုပ္ငန္းဟာလည္းေအာင္ျမင္မႈႀကီးႀကီးရရွိမွာျဖစ္ပါတယ္။စိတ္သေဘာညံ့ဖ်င္းတဲ့သူဟာ ကုမၸဏီအေပၚအျပစ္တင္ျခင္း၊ အျပစ္ဖို႔ျခင္း၊ ဝန္ထမ္းအခ်င္းခ်င္းကိုယ္ေရးကိုယ္တာကိစၥေတြအထိျပစ္တင္ေဝဖန္ျခင္း၊အေျဖတစ္ခုကိုအားမစိုက္ဘဲလြယ္လြယ္ရွာေဖြျခင္း၊ အဆင္မေျပမႈေတြကိုသာ Focus လုပ္လြန္းျခင္းစတဲ့အမူ အက်င့္ေတြရွိတတ္ၾကပါတယ္။ အဖြဲ႕တစ္ခုထဲမွာ စဥ္းစားပုံစဥ္းစားနည္းေတြဟာ Negativeဘက္ကိုပဲသြားေနၿပီဆိုရင္ မန္ေနဂ်ာအေနနဲ႔ဘာ့ေၾကာင့္ဒီလိုျဖစ္ေနရသလဲဆိုတာကိုအရင္ေတြးဆဖို႔လိုပါတယ္။ ၿပီးရင္ေတာ့ Positive ဘက္ကိုသာအာ႐ုံစိုက္ဖို႔ထိန္းသိမ္းေပးရမွာျဖစ္ပါတယ္။

မန္ေနဂ်ာအေနနဲ႔ ဝန္ထမ္းတစ္ေယာက္ရဲ႕ Performance ကတက္မလာဘူးဆိုရင္ဒါဟာသူ႔ရဲ႕စိတ္သေဘာထားေၾကာင့္လား၊လုပ္ေနရတဲ့အလုပ္ကိုစိတ္ေက်နပ္မႈမရွိလို႔လားဆိုတဲ့အခ်က္ေတြကို ထည့္သြင္းစဥ္းစားသင့္ပါတယ္။ဒါအျပင္ Training လိုေနတာလား၊လုပ္ေဖာ္ ကိုင္ဖက္ေတြနဲ႔အဆင္မေျပလို႔လား၊ကိုယ္ေရးကိုယ္တာျပႆနာရွိေနသလားဆိုတာေတြကို ဆန္းစစ္ၾကည့္ရပါမယ္။တခ်ိဳ႕ျပႆနာေတြဟာပတ္ဝန္းက်င္ေၾကာင့္ျဖစ္ႏိုင္ၿပီး တခ်ိဳ႕ျပႆနာေတြကေတာ့ဝန္ထမ္းရဲ႕စိတ္သေဘာထားမမွန္ကန္မႈေၾကာင့္ျဖစ္တတ္ၾကပါတယ္။
မွန္ကန္တဲ့စိတ္ေနစိတ္ထားရွိမႈနဲ႔ အလုပ္ Performance ကိုယွဥ္တြဲမယ္ဆိုရင္ေတာ့မွန္ကန္တဲ့စိတ္ထားရွိဖို႔ကို အဓိကတိုက္တြန္းေဆာင္ ႐ြက္သင့္ပါတယ္။စိတ္သေဘာထားေကာင္းမြန္မွန္ကန္သူတစ္ေယာက္ဟာ တာဝန္က်ရာအလုပ္ကိုအေကာင္းဆုံးလုပ္ေဆာင္မယ္ဆိုတာသံသယျဖစ္ဖို႔မလိုပါဘူး။ လုပ္ငန္းခြင္ကိုလည္း Positive Workplace ျဖစ္ေအာင္လုပ္ေဆာင္မွာျဖစ္သလို လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕စိတ္ကိုလည္းအေကာင္းဘက္ကိုသာဆြဲေခၚသြားပါလိမ့္မယ္။ ဒီလိုလူေတြဟာ တခါတေလေတာ့ သတိမျပဳမိစရာေမ့ေလ်ာ့ခံလူေတြျဖစ္ေနတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အလုပ္လုပ္တာညံ့တဲ့သူ၊စိတ္သေဘာထားမမွန္ကန္သူေတြကိုသာ လူေတြကပိုသတိထားမိၾကလို႔ပါပဲ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*