Career ရွေးချယ်တဲ့အခါလုပ်မိတတ်တဲ့အမှားအကြီးကြီးတွေ

Overwhelmed man sitting on floor

ကိုယ်ကအလုပ်မှာမပျော်တာတော့သိပေမယ့် ဘာကြောင့်မပျော်မှန်းလည်းမသိဘူးဆိုတာမျိုးရှိတတ်ကြပါတယ်။ အလုပ်မှာလုပ်သက်ကြာလာပေမယ့်လခတိုးတာ၊ရာထူးတိုးတာတွေလည်း မဖြစ်ပေါ်လာခဲ့ဘူးဆိုရင် ကိုယ့် Career မှာဘာတွေမှားယွင်းနေလဲဆိုတာကို ပြန်သုံးသပ်ဖို့လိုနေပါပြီ။ Career တစ်ခုရွေးချယ်တဲ့နေရာမှာပေါ့ပေါ့လေးလို့ထင်ပြီး လုပ်မိတတ်တဲ့အမှားကြီးတွေရှိနေပါတယ်။ဒီလိုမှား ယွင်းခဲ့မှုတွေထဲကိုယ်ပါနေပြီလားဆိုတာ ပြန်စဉ်းစားကြည့်နိုင်ပါတယ်နော်။

ပထမဆုံးတစ်ချက်က ကိုယ့် Career ကို ကိုယ့်စိတ်ဝင်စားမှု၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့မရွေးချယ်ဘဲတစ်ပါးသူကိုရွေးချယ်ခိုင်းခြင်းပါ။ ဒီနေရာမှာ ကိုယ်ကရွေးချယ်ခိုင်းလို့မဟုတ်ရင်တောင်လူကြီးတွေကအတင်းရွေးချယ်ပေးပြီးလုပ်ခိုင်းတာမျိုးကိုလူငယ်တော်တော်များများကြုံနေရပါသေးတယ်။ ကျောင်းဆရာမပဲလုပ်၊ရုံးဝန်ထမ်းပဲလုပ်ဆိုပြီး ရွေးချယ်ပေးမှုတွေအတိုင်း လျှောက်လှမ်းရတာကဘဝမှာဘယ်လိုမှပျော်ရွှင်စရာကောင်းမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်ကိုယ်လည်းဝါသနာပါ၊အသက်မွေးဝမ်းကြောင်းအတွက်လည်းအဆင်ပြေနိုင်စေမယ့်အလုပ်မျိုးကိုကိုယ်တိုင်ရွေးချယ်နိုင်ဖို့လိုပါတယ်။

နောက်တစ်ချက်က အလုပ်မှာကိုယ့်ကိုယ်ကိုယ်မပျော်အောင်လုပ်မိနေခြင်းပါ။ စိတ်ဖိစီးမှုတွေ၊များလွန်းတဲ့အလုပ်တာဝန်တွေအတွက် ညှိနှိုင်းကြည့်ဖို့မကြိုးစားတာ၊တစ်ရက်တစ်ရက်ညည်းညူပြီးတော့ပဲဖြတ်သန်းနေတာတွေကပြဿနာကိုခဏဖုံးထားတာနဲ့တူနေပါတယ်နော်။ ဒါကြောင့် အလုပ်မှာပျော်ရွှင်မှုရအောင်အဖြေရှာကြည့်ပါ။ ပျော်ရွှင်ရမယ့်အလုပ်ဆီကိုခုန်ကူးနိုင်ဖို့ပြင်ဆင်ပါ။ စိန်ခေါ်မှုအသစ်တွေကိုကြောက်ရွံ့နေရင်တော့ စိတ်ညစ်မြဲညစ်နေရမှာပါ။

တတိယအမှားက ငါဒါကိုရွေးချယ်လိုက်ပြီ။ ပျော်ပျော်၊ မပျော်ပျော်ငါဒါကိုဆက်လုပ်ရမှာပဲဆိုတာကမှားယွင်းတဲ့အတွေးပါ။ တကယ်တော့ လူ့ဘဝကတိုတိုလေးမို့မပျော်တဲ့အလုပ်ကြီးကိုဖက်တွယ်နေဖို့မထိုက်တန်ပါဘူး။ ဒါကြောင့်မပျော်တဲ့နေရာကနေရုန်းထွက်နိုင်ဖို့အမြဲလိုနည်းလမ်းရှာနေသင့်ပါတယ်။

နောက်ထပ်မှားတတ်တဲ့အမှားကတော့ အလုပ်တစ်ခုကထွက်လာပြီးရင် အဲဒီအလုပ်နဲ့ပတ်သက်သမျှကိုဖယ်ထုတ်ပစ်လိုက်တာပါ။တ ကယ်က Career တူရင် နောက်ထပ်တစ်နေရာမဟုတ်တစ်နေရာမှာအရင်အလုပ်၊ အရင်လူတွေနဲ့ပတ်သက်ဆက်နွယ်ရပါတယ်။ တစ်ကွေ့မဟုတ်တစ်ကွေ့မှာတော့ပြန်ဆုံရပြန်တာမို့ အလုပ်ဟောင်းကိုရော၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကိုရောပစ်ပစ်ခါခါမလုပ်သင့်ပါဘူး။

အမှားနောက်တစ်ချက်ကတော့ Network မတည်ဆောက်ခြင်းပါပဲ။ ငါအရည်အချင်းရှိရင်ငါအောင်မြင်မှာပဲဆိုတာက မှားယွင်းတဲ့ယူဆ ချက်ပါ။ ဒီဘက်ခေတ်မှာ ကိုယ့်ရာထူးကဘယ်အဆင့်ပဲရှိရှိအဆက်အသွယ်ကောင်း၊ မိတ်ဆွေကောင်းတွေကမရှိလို့မဖြစ်ပါဘူး။ လူအများနဲ့သွားတာကခရီးဝေးဝေးရောက်နိုင်တာမို့ ကိုယ့် Career အတွက်၊ ကိုယ့်အလုပ်အတွက် Networking ကိုအရေးတကြီးလုပ်ဆောင်တတ်ဖို့လိုပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ပိုက်ဆံကိုပဲကြည့်ပြီးကျန်တာတွေမေ့ထားမိခြင်းပါ။အလုပ်ကပိုက်ဆံရတာလည်းမှန်တယ်၊ အလုပ်မှအလုပ်ပဲဖြစ်နေဖို့လိုတယ်ဆိုတာမျိုးကရေရှည်အတွက်ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ အလုပ်ကြောင့်ရလာတဲ့ ကျန်းမာရေးပြဿနာတွေကို
ကိုယ်ရှာထားတဲ့ငွေနဲ့ပဲပြန်ဖြေရှင်းကြရတာပါ။ ဒါကြောင့် Career တစ်ခုကိုရွေးချယ်တဲ့အခါငွေကိုပဲကြည့်ပြီး Work-life Balance ဖြစ်၊မဖြစ်ကို မေ့ထားတာက အကြီးမားဆုံးမှားယွင်းမှုပါပဲနော်။အားလုံးပဲကိုယ့်အတွက်အဆင်အပြေဆုံးအလုပ်ကို စဉ်းစားရွေးချယ်နိုင်ကြပါစေ။

Ju Ju

zawgyi

ကိုယ္ကအလုပ္မွာမေပ်ာ္တာေတာ့သိေပမယ့္ ဘာေၾကာင့္မေပ်ာ္မွန္းလည္းမသိဘူးဆိုတာမ်ိဳးရွိတတ္ၾကပါတယ္။ အလုပ္မွာလုပ္သက္ၾကာလာေပမယ့္လခတိုးတာ၊ရာထူးတိုးတာေတြလည္း မျဖစ္ေပၚလာခဲ့ဘူးဆိုရင္ ကိုယ့္ Career မွာဘာေတြမွားယြင္းေနလဲဆိုတာကို ျပန္သုံးသပ္ဖို႔လိုေနပါၿပီ။ Career တစ္ခုေ႐ြးခ်ယ္တဲ့ေနရာမွာေပါ့ေပါ့ေလးလို႔ထင္ၿပီး လုပ္မိတတ္တဲ့အမွားႀကီးေတြရွိေနပါတယ္။ဒီလိုမွား ယြင္းခဲ့မႈေတြထဲကိုယ္ပါေနၿပီလားဆိုတာ ျပန္စဥ္းစားၾကည့္ႏိုင္ပါတယ္ေနာ္။

ပထမဆုံးတစ္ခ်က္က ကိုယ့္ Career ကို ကိုယ့္စိတ္ဝင္စားမႈ၊ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔မေ႐ြးခ်ယ္ဘဲတစ္ပါးသူကိုေ႐ြးခ်ယ္ခိုင္းျခင္းပါ။ ဒီေနရာမွာ ကိုယ္ကေ႐ြးခ်ယ္ခိုင္းလို႔မဟုတ္ရင္ေတာင္လူႀကီးေတြကအတင္းေ႐ြးခ်ယ္ေပးၿပီးလုပ္ခိုင္းတာမ်ိဳးကိုလူငယ္ေတာ္ေတာ္မ်ားမ်ားႀကဳံေနရပါေသးတယ္။ ေက်ာင္းဆရာမပဲလုပ္၊႐ုံးဝန္ထမ္းပဲလုပ္ဆိုၿပီး ေ႐ြးခ်ယ္ေပးမႈေတြအတိုင္း ေလွ်ာက္လွမ္းရတာကဘဝမွာဘယ္လိုမွေပ်ာ္႐ႊင္စရာေကာင္းမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ကိုယ္လည္းဝါသနာပါ၊အသက္ေမြးဝမ္းေၾကာင္းအတြက္လည္းအဆင္ေျပႏိုင္ေစမယ့္အလုပ္မ်ိဳးကိုကိုယ္တိုင္ေ႐ြးခ်ယ္ႏိုင္ဖို႔လိုပါတယ္။

ေနာက္တစ္ခ်က္က အလုပ္မွာကိုယ့္ကိုယ္ကိုယ္မေပ်ာ္ေအာင္လုပ္မိေနျခင္းပါ။ စိတ္ဖိစီးမႈေတြ၊မ်ားလြန္းတဲ့အလုပ္တာဝန္ေတြအတြက္ ညႇိႏႈိင္းၾကည့္ဖို႔မႀကိဳးစားတာ၊တစ္ရက္တစ္ရက္ညည္းညဴၿပီးေတာ့ပဲျဖတ္သန္းေနတာေတြကျပႆနာကိုခဏဖုံးထားတာနဲ႔တူေနပါတယ္ေနာ္။ ဒါေၾကာင့္ အလုပ္မွာေပ်ာ္႐ႊင္မႈရေအာင္အေျဖရွာၾကည့္ပါ။ ေပ်ာ္႐ႊင္ရမယ့္အလုပ္ဆီကိုခုန္ကူးႏိုင္ဖို႔ျပင္ဆင္ပါ။ စိန္ေခၚမႈအသစ္ေတြကိုေၾကာက္႐ြံ႕ေနရင္ေတာ့ စိတ္ညစ္ၿမဲညစ္ေနရမွာပါ။

တတိယအမွားက ငါဒါကိုေ႐ြးခ်ယ္လိုက္ၿပီ။ ေပ်ာ္ေပ်ာ္၊ မေပ်ာ္ေပ်ာ္ငါဒါကိုဆက္လုပ္ရမွာပဲဆိုတာကမွားယြင္းတဲ့အေတြးပါ။ တကယ္ေတာ့ လူ႔ဘဝကတိုတိုေလးမို႔မေပ်ာ္တဲ့အလုပ္ႀကီးကိုဖက္တြယ္ေနဖို႔မထိုက္တန္ပါဘူး။ ဒါေၾကာင့္မေပ်ာ္တဲ့ေနရာကေန႐ုန္းထြက္ႏိုင္ဖို႔အၿမဲလိုနည္းလမ္းရွာေနသင့္ပါတယ္။

ေနာက္ထပ္မွားတတ္တဲ့အမွားကေတာ့ အလုပ္တစ္ခုကထြက္လာၿပီးရင္ အဲဒီအလုပ္နဲ႔ပတ္သက္သမွ်ကိုဖယ္ထုတ္ပစ္လိုက္တာပါ။တ ကယ္က Career တူရင္ ေနာက္ထပ္တစ္ေနရာမဟုတ္တစ္ေနရာမွာအရင္အလုပ္၊ အရင္လူေတြနဲ႔ပတ္သက္ဆက္ႏြယ္ရပါတယ္။ တစ္ေကြ႕မဟုတ္တစ္ေကြ႕မွာေတာ့ျပန္ဆုံရျပန္တာမို႔ အလုပ္ေဟာင္းကိုေရာ၊ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြကိုေရာပစ္ပစ္ခါခါမလုပ္သင့္ပါဘူး။

အမွားေနာက္တစ္ခ်က္ကေတာ့ Network မတည္ေဆာက္ျခင္းပါပဲ။ ငါအရည္အခ်င္းရွိရင္ငါေအာင္ျမင္မွာပဲဆိုတာက မွားယြင္းတဲ့ယူဆ ခ်က္ပါ။ ဒီဘက္ေခတ္မွာ ကိုယ့္ရာထူးကဘယ္အဆင့္ပဲရွိရွိအဆက္အသြယ္ေကာင္း၊ မိတ္ေဆြေကာင္းေတြကမရွိလို႔မျဖစ္ပါဘူး။ လူအမ်ားနဲ႔သြားတာကခရီးေဝးေဝးေရာက္ႏိုင္တာမို႔ ကိုယ့္ Career အတြက္၊ ကိုယ့္အလုပ္အတြက္ Networking ကိုအေရးတႀကီးလုပ္ေဆာင္တတ္ဖို႔လိုပါတယ္။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ ပိုက္ဆံကိုပဲၾကည့္ၿပီးက်န္တာေတြေမ့ထားမိျခင္းပါ။အလုပ္ကပိုက္ဆံရတာလည္းမွန္တယ္၊ အလုပ္မွအလုပ္ပဲျဖစ္ေနဖို႔လိုတယ္ဆိုတာမ်ိဳးကေရရွည္အတြက္ဘယ္လိုမွအဆင္မေျပႏိုင္ပါဘူး။ အလုပ္ေၾကာင့္ရလာတဲ့ က်န္းမာေရးျပႆနာေတြကို
ကိုယ္ရွာထားတဲ့ေငြနဲ႔ပဲျပန္ေျဖရွင္းၾကရတာပါ။ ဒါေၾကာင့္ Career တစ္ခုကိုေ႐ြးခ်ယ္တဲ့အခါေငြကိုပဲၾကည့္ၿပီး Work-life Balance ျဖစ္၊မျဖစ္ကို ေမ့ထားတာက အႀကီးမားဆုံးမွားယြင္းမႈပါပဲေနာ္။အားလုံးပဲကိုယ့္အတြက္အဆင္အေျပဆုံးအလုပ္ကို စဥ္းစားေ႐ြးခ်ယ္ႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*