အလုပ်ရှာနေသူတိုင်းသိထားသင့်တဲ့ Cover Letter ‌လေးမျိုး

ကိုယ်ကအလုပ်ရှာနေသူဆိုရင် Cover Letter တွေအကြောင်းကောင်းကောင်းနားလည်ထားတာကကိုယ့်အတွက်အများကြီးအကျိုးရှိစေပါတယ်။ Cover Letter အကြောင်းနားလည်ပြီးကောင်းမွန်အောင်ရေးနိုင်လေလေတခြားသောအလုပ်လျှောက်သူတွေကြားထဲကနေကွဲထွက်လေလေပါပဲ။ ဒါ့ကြောင့်အလုပ်ရှင်တွေရဲ့စိတ်ဝင်စားမှုနဲ့အတူ အလုပ်ရဖို့လည်းပိုလွယ်ကူပါတယ်။ပညာရှင်တွေရဲ့ဖော်ပြချက်အရ Cover Letter ၄ မျိုးရှိပါတယ်။

Application Cover Letter
Resume ၊ Job Application တွေနဲ့အတူ တွဲပြီးဖော်ပြတဲ့ Cover Letter ဖြစ်ပါတယ်။ Application Cover Letter ဟာ ကိုယ်လျှောက်တဲ့အလုပ်ပေါ်မူတည်ပြီး ရေးသားဖော်ပြချက်တွေကွဲလွဲရမှာဖြစ်ပါတယ်။ Job Description မှာပါတဲ့ Keywords တွေများများပါဖို့လိုသလို ကိုယ့်မှာရှိတဲ့ Skills တွေကိုလည်းတတ်နိုင်သမျှဖော်ပြပေးသင့်ပါတယ်။ ဒါမှသာ Automated HR system သုံးတဲ့နေရာမျိုးမှာလည်းကိုယ်ရဲ့ လျှောက်လွှာက ရွေးချယ်မှုထဲပါသွားမှာဖြစ်ပါတယ်။ လေ့လာချက်တွေအရ အလုပ်ရှင်တွေနဲ့အလုပ်သမားရှာဖွေသူတွေဟာ Resume တစ်ခုကို ၆ စက္ကန့်လောက်သာအချိန်ပေးကြည့်ပြီးအလုပ်နဲ့ပတ်သက်တဲ့ စိတ်အားထက်သန်မှုတွေအကြောင်းရေးထားတဲ့ Cover Letter ကိုတော့အချိန်ပိုပေးပြီး ဖတ်ကြတယ်လို့ဆိုပါတယ်။

Prospecting Cover Letter
ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတစ်ခုအတွက် လျှောက်ထားခြင်းပါ။ကိုယ်စိတ်ဝင်စားနေတဲ့ကုမ္ပဏီဟာလက်ရှိအချိန်မှာ လစ်လပ်နေရာခေါ်တာမျိုးမရှိသေးပေမယ့်ခေါ်တဲ့အချိန်မှာကိုယ့်အနေနဲ့လျှောက်ကြည့်ချင်ပါတယ်ဆိုတာမျိုး ရေးသားခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့
Career Growth အတွက်ကိုယ်လုပ်ချင်မိတဲ့ကုမ္ပဏီကိုရွေးပြီး Cover Letter ပေးပို့ခြင်းဖြစ်ပါတယ်။ဒီ့အတွက်ကိုယ့်ရဲ့ Value ၊ Objectives တွေနဲ့ကိုက်ညီတဲ့ကုမ္ပဏီမျိုးကိုရှာပါ။ ကိုယ့်ရဲ့ List ထဲမှာရှိတဲ့ကုမ္ပဏီတွေဆီကို ဘယ်နည်းနဲ့ဆက်သွယ်နိုင်မလဲရှာပါ။ Cover Letter ထဲမှာ ကိုယ့်ရဲ့ Skills နဲ့ Value တွေကအဲဒီကုမ္ပဏီအတွက် ဘာတွေကိုဖြေရှင်းပေးနိုင်မလဲဆိုတာ ထည့်ရေးပေးရပါမယ်။

Networking Cover Letter
ကိုယ့်အသိတွေထဲကနေ ဘယ်သူကများကိုယ့်ရဲ့ အလုပ်အကိုင်ရှာဖွေမှုအတွက်ကူညီပေးနိုင်မလဲဆိုတာကြည့်ပြီးဆက်သွယ်ခြင်းဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ငန်းနယ်ပယ်မှာ ဘယ်ကုမ္ပဏီမှာများအလုပ်ခေါ်မလဲ၊ခေါ်ရင်ကိုယ့်ကိုသတိရပါလို့ ပြောဆိုခြင်းဖြစ်ပါတယ်။ ကိုယ်က ဒီနှစ်မှာဘွဲ့ရထားတယ်ဆိုရင်ရှေ့ကစီနီယာတွေလုပ်နေတဲ့ကုမ္ပဏီမှာ လစ်လပ်နေရာရှိခဲ့ရင်အသိပေးခိုင်းခြင်းမျိုးဖြစ်ပါတယ်။ဆရာဟောင်း၊ အလုပ်ရှင်ဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်း၊ ကျောင်းတုန်းကစီနီယာနဲ့သူငယ်ချင်းတွေဆီကိုဒီလို Cover Letter မျိုးပေးပို့ပြီးမေးနိုင်ပါတယ်။

Referral Cover Letter
အလုပ်လျှောက်ထားချိန်မှာ ဒီအလုပ်ကိုဘယ်သူကညွှန်လိုက်လို့ လာလျှောက်ခြင်းပါဆိုပြီးရေးသားတာမျိုးဖြစ်ပါတယ်။ ဒါဆိုရင်အလုပ် ရှင်ရဲ့စိတ်ဝင်စားမှုကိုချက်ချင်းရရှိမှာဖြစ်ပြီးအင်တာဗျူးအတွက်ရွေးချယ်ခံရသူစာရင်းထဲအလွယ်တကူပါသွားနိုင်ပါတယ်။ Cover Letter ရေးချိန်မှာပထမစာကြောင်း တစ်ကြောင်း၊ နှစ်ကြောင်းခန့်မှာကတည်းက ကိုယ့်ကိုညွှန်ပေးလိုက်သူရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒီလို Cover Letter တွေကိုခွဲခြားသိပြီး မတူညီအောင်၊ စိတ်ဝင်စားအောင်ရေးတတ်မယ်ဆိုရင်အလုပ်ရှာဖွေမှုအတွက် အများကြီးအထောက်အကူပြုမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုယ္ကအလုပ္ရွာေနသူဆိုရင္ Cover Letter ေတြအေၾကာင္းေကာင္းေကာင္းနားလည္ထားတာကကိုယ့္အတြက္အမ်ားႀကီးအက်ိဳးရွိေစပါတယ္။ Cover Letter အေၾကာင္းနားလည္ၿပီးေကာင္းမြန္ေအာင္ေရးႏိုင္ေလေလတျခားေသာအလုပ္ေလွ်ာက္သူေတြၾကားထဲကေနကြဲထြက္ေလေလပါပဲ။ ဒါ့ေၾကာင့္အလုပ္ရွင္ေတြရဲ႕စိတ္ဝင္စားမႈနဲ႔အတူ အလုပ္ရဖို႔လည္းပိုလြယ္ကူပါတယ္။ပညာရွင္ေတြရဲ႕ေဖာ္ျပခ်က္အရ Cover Letter ၄ မ်ိဳးရွိပါတယ္။

Application Cover Letter
Resume ၊ Job Application ေတြနဲ႔အတူ တြဲၿပီးေဖာ္ျပတဲ့ Cover Letter ျဖစ္ပါတယ္။ Application Cover Letter ဟာ ကိုယ္ေလွ်ာက္တဲ့အလုပ္ေပၚမူတည္ၿပီး ေရးသားေဖာ္ျပခ်က္ေတြကြဲလြဲရမွာျဖစ္ပါတယ္။ Job Description မွာပါတဲ့ Keywords ေတြမ်ားမ်ားပါဖို႔လိုသလို ကိုယ့္မွာရွိတဲ့ Skills ေတြကိုလည္းတတ္ႏိုင္သမွ်ေဖာ္ျပေပးသင့္ပါတယ္။ ဒါမွသာ Automated HR system သုံးတဲ့ေနရာမ်ိဳးမွာလည္းကိုယ္ရဲ႕ ေလွ်ာက္လႊာက ေ႐ြးခ်ယ္မႈထဲပါသြားမွာျဖစ္ပါတယ္။ ေလ့လာခ်က္ေတြအရ အလုပ္ရွင္ေတြနဲ႔အလုပ္သမားရွာေဖြသူေတြဟာ Resume တစ္ခုကို ၆ စကၠန႔္ေလာက္သာအခ်ိန္ေပးၾကည့္ၿပီးအလုပ္နဲ႔ပတ္သက္တဲ့ စိတ္အားထက္သန္မႈေတြအေၾကာင္းေရးထားတဲ့ Cover Letter ကိုေတာ့အခ်ိန္ပိုေပးၿပီး ဖတ္ၾကတယ္လို႔ဆိုပါတယ္။

Prospecting Cover Letter
ကိုယ္အလုပ္လုပ္ခ်င္တဲ့ ကုမၸဏီတစ္ခုအတြက္ ေလွ်ာက္ထားျခင္းပါ။ကိုယ္စိတ္ဝင္စားေနတဲ့ကုမၸဏီဟာလက္ရွိအခ်ိန္မွာ လစ္လပ္ေနရာေခၚတာမ်ိဳးမရွိေသးေပမယ့္ေခၚတဲ့အခ်ိန္မွာကိုယ့္အေနနဲ႔ေလွ်ာက္ၾကည့္ခ်င္ပါတယ္ဆိုတာမ်ိဳး ေရးသားျခင္းျဖစ္ပါတယ္။ ကိုယ့္ရဲ႕
Career Growth အတြက္ကိုယ္လုပ္ခ်င္မိတဲ့ကုမၸဏီကိုေ႐ြးၿပီး Cover Letter ေပးပို႔ျခင္းျဖစ္ပါတယ္။ဒီ့အတြက္ကိုယ့္ရဲ႕ Value ၊ Objectives ေတြနဲ႔ကိုက္ညီတဲ့ကုမၸဏီမ်ိဳးကိုရွာပါ။ ကိုယ့္ရဲ႕ List ထဲမွာရွိတဲ့ကုမၸဏီေတြဆီကို ဘယ္နည္းနဲ႔ဆက္သြယ္ႏိုင္မလဲရွာပါ။ Cover Letter ထဲမွာ ကိုယ့္ရဲ႕ Skills နဲ႔ Value ေတြကအဲဒီကုမၸဏီအတြက္ ဘာေတြကိုေျဖရွင္းေပးႏိုင္မလဲဆိုတာ ထည့္ေရးေပးရပါမယ္။

Networking Cover Letter
ကိုယ့္အသိေတြထဲကေန ဘယ္သူကမ်ားကိုယ့္ရဲ႕ အလုပ္အကိုင္ရွာေဖြမႈအတြက္ကူညီေပးႏိုင္မလဲဆိုတာၾကည့္ၿပီးဆက္သြယ္ျခင္းျဖစ္ပါတယ္။ သူတို႔ရဲ႕လုပ္ငန္းနယ္ပယ္မွာ ဘယ္ကုမၸဏီမွာမ်ားအလုပ္ေခၚမလဲ၊ေခၚရင္ကိုယ့္ကိုသတိရပါလို႔ ေျပာဆိုျခင္းျဖစ္ပါတယ္။ ကိုယ္က ဒီႏွစ္မွာဘြဲ႕ရထားတယ္ဆိုရင္ေရွ႕ကစီနီယာေတြလုပ္ေနတဲ့ကုမၸဏီမွာ လစ္လပ္ေနရာရွိခဲ့ရင္အသိေပးခိုင္းျခင္းမ်ိဳးျဖစ္ပါတယ္။ဆရာေဟာင္း၊ အလုပ္ရွင္ေဟာင္း၊ လုပ္ေဖာ္ကိုင္ဖက္ေဟာင္း၊ ေက်ာင္းတုန္းကစီနီယာနဲ႔သူငယ္ခ်င္းေတြဆီကိုဒီလို Cover Letter မ်ိဳးေပးပို႔ၿပီးေမးႏိုင္ပါတယ္။

Referral Cover Letter
အလုပ္ေလွ်ာက္ထားခ်ိန္မွာ ဒီအလုပ္ကိုဘယ္သူကၫႊန္လိုက္လို႔ လာေလွ်ာက္ျခင္းပါဆိုၿပီးေရးသားတာမ်ိဳးျဖစ္ပါတယ္။ ဒါဆိုရင္အလုပ္ ရွင္ရဲ႕စိတ္ဝင္စားမႈကိုခ်က္ခ်င္းရရွိမွာျဖစ္ၿပီးအင္တာဗ်ဴးအတြက္ေ႐ြးခ်ယ္ခံရသူစာရင္းထဲအလြယ္တကူပါသြားႏိုင္ပါတယ္။ Cover Letter ေရးခ်ိန္မွာပထမစာေၾကာင္း တစ္ေၾကာင္း၊ ႏွစ္ေၾကာင္းခန႔္မွာကတည္းက ကိုယ့္ကိုၫႊန္ေပးလိုက္သူရဲ႕နာမည္ကိုထည့္ေပးရမွာျဖစ္ပါတယ္။ဒီလို Cover Letter ေတြကိုခြဲျခားသိၿပီး မတူညီေအာင္၊ စိတ္ဝင္စားေအာင္ေရးတတ္မယ္ဆိုရင္အလုပ္ရွာေဖြမႈအတြက္ အမ်ားႀကီးအေထာက္အကူျပဳမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*