ရာထူးမတိုးတိုင်း ညံ့နေလို့မဟုတ်ပါ

အလုပ်နေရာတစ်ခုမှာအချိန်ကြာကြာလုပ်ပြီးရင် လူတိုင်းကတာဝန်အသစ်တွေနဲ့အတူရာထူးတိုးချင်ကြတာသဘာဝပါ။ရာထူးတိုးဖို့က ကိုယ်မျှော်မှန်းထားချိန်ထက်ကြာလာတဲ့အခါဘာကြောင့်ခုထိရာထူးမတိုးသေးတာလဲဆိုတာကို စဥ်းစားမိကြမှာသဘာဝပါ။ ရာထူးမတိုးတိုင်းကိုယ်ညံ့နေလို့မဟုတ်ပါဘူး။ ကိုယ့်ရဲ့လိုအပ်ချက်ကြောင့်မတိုးတာလည်းဖြစ်နိုင်ပေမယ့်အခုဖော်ပြမယ့်အချက်တွေကိုကြောင့်လည်း ရာထူးမတိုးသေးတာြဖစ်နိုင်ပါတယ်။

ကိုယ်ကအရမ်းတော်နေလို့

တကယ်ပါ။ ကိုယ်ကကိုယ်လုပ်ရတဲ့နေရာမှာအရမ်းတော်နေရင်လည်း ရာထူးမတိုးပါဘူးနော်။ဘာလို့လဲဆိုတော့လက်ရှိနေရာမှာ ကိုယ့်ကိုမရှိမဖြစ်လိုအပ်နေလို့ပါ။မန်နေဂျာက ဒီလိုလူတွေကို ရာထူးတိုးပေးမယ့်အစားတခြားအခွင့်အရေးတွေပေးတာမျိုးလုပ်တတ်ကြပါတယ်။

ကိုယ်ကလွတ်လွတ်လပ်လပ်လုပ်ကိုင်တတ်သူမို့

ကိုယ်ကအလုပ်မှာကျွမ်းကျင်ပြီး အလုပ်တစ်ခုကိုကိုယ့်ဘာသာပြီးဆုံးအောင်လုပ်လေ့ရှိတယ်၊အစအဆုံးတာဝန်ယူလုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုရင်မန်နေဂျာကကိုယ့်ကိုတာဝန်တွေထပ်မပိစေချင်ပါဘူး။ ရာထူးအသစ်ကြောင့် အဖွဲ့အသစ်နဲ့ပူးပေါင်းရမယ်၊တာဝန်အသစ်တွေထပ်တိုးလုပ်ဆောင်ရမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်လုပ်တဲ့ပုံစံကိုပျက်ယွင်းစေနိုင်တာမို့ရာထူးတိုးမပေးတာမျိုးလည်းရှိတတ်ပါတယ်။

လိုအပ်ချက်တွေရှိနေလို့

နောက်တစ်ချက်ကတော့ ကိုယ့်မှာလိုအပ်တဲ့ Skillsတွေဖြည့်ဆည်းဖို့လိုနေလို့ပါ။အလုပ်မှာတော်နေပေမယ့်တခြားသောခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အရည်အသွေးတွေ – ဥပမာ ဆက်သွယ်ပြောဆိုမှု၊
ပြဿနာဖြေရှင်းနိုင်စွမ်း၊ အသေးစိတ်ကြည့်ရှုစီမံနိုင်စွမ်းတွေ လိုအပ်နေသေးလို့ဖြစ်နိုင်ပါတယ်။အလုပ်မှာတော်ပေမယ့် Soft Skills တွေမရှိပြန်ရင်လည်း ရာထူးမတိုးပါဘူးနော်။

ခိုင်းမှလုပ်လို့

နောက်တစ်ချက်က ကိုယ်ကခိုင်းတာပဲလုပ်တယ်၊ လိုအပ်တဲ့နေရာတွေမှာ အကွက်ကြိုမြင်ပြီးလုပ်ဆောင်တတ်တာမျိုးမရှိဘူးဆိုရင်လည်း ရာထူးမတိုးပါဘူး။ မန်နေဂျာတွေက အကွက်မြင်တတ်တဲ့၊ပါးနပ်တဲ့သူတွေကို ပိုသဘောကျတာအမှန်ပါ။

တိုးပေးတဲ့ပုံစံမတူလို့

တချို့အလုပ်တွေမှာ သူဌေးနဲ့ဒါရိုက်တာတွေက သူတို့သဘောကျတဲ့သူကို ရာထူးတိုးပေးပြီးတချို့အလုပ်တွေမှတော့ရာထူးအတွက် HR ကကိုင်တွယ်တာဖြစ်ပါတယ်။ HRကကိုင်တွယ်တယ်ဆိုရင်တော့ ကိုယ့်အဖွဲ့အတွက်သုံးမယ့်ဘတ်ဂျက်ပေါ်မူတည်ပြီးတွက်ဆလေ့ရှိတတ်ပါတယ်။ ကိုယ်ကအရမ်းကြိုးစားပေမယ့်သူတို့တွက်ဆထားတဲ့အခြေအနေနဲ့မကိုက်ညီသေးရင်လည်း ရာထူးတိုးမှာမဟုတ်ပါဘူးနော်။ဒါကြောင့်ရာထူးမတိုးတိုင်း စိတ်ညစ်စရာမလိုပါဘူး။ လက်ရှိနေရာမှာကိုယ်ဟာအရေးပါသူဖြစ်နေပြီးကောင်းမွန်တဲ့လခလည်းရနေတယ်ဆိုရင် အလုပ်မှာပျော်ပျော်နေဖို့ထိုက်တန်ပါတယ်။

Ju Ju

zawgyi

ရာထူးမတိုးတိုင္း ညံ့ေနလို႔မဟုတ္ပါ

အလုပ္ေနရာတစ္ခုမွာအခ်ိန္ၾကာၾကာလုပ္ၿပီးရင္ လူတိုင္းကတာဝန္အသစ္ေတြနဲ႔အတူရာထူးတိုးခ်င္ၾကတာသဘာဝပါ။ရာထူးတိုးဖို႔က ကိုယ္ေမွ်ာ္မွန္းထားခ်ိန္ထက္ၾကာလာတဲ့အခါဘာေၾကာင့္ခုထိရာထူးမတိုးေသးတာလဲဆိုတာကို စဥ္းစားမိၾကမွာသဘာဝပါ။ ရာထူးမတိုးတိုင္းကိုယ္ညံ့ေနလို႔မဟုတ္ပါဘူး။ ကိုယ့္ရဲ႕လိုအပ္ခ်က္ေၾကာင့္မတိုးတာလည္းျဖစ္ႏိုင္ေပမယ့္အခုေဖာ္ျပမယ့္အခ်က္ေတြကိုေၾကာင့္လည္း ရာထူးမတိုးေသးတာျဖစ္ႏိုင္ပါတယ္။

ကိုယ္ကအရမ္းေတာ္ေနလို႔

တကယ္ပါ။ ကိုယ္ကကိုယ္လုပ္ရတဲ့ေနရာမွာအရမ္းေတာ္ေနရင္လည္း ရာထူးမတိုးပါဘူးေနာ္။ဘာလို႔လဲဆိုေတာ့လက္ရွိေနရာမွာ ကိုယ့္ကိုမရွိမျဖစ္လိုအပ္ေနလို႔ပါ။မန္ေနဂ်ာက ဒီလိုလူေတြကို ရာထူးတိုးေပးမယ့္အစားတျခားအခြင့္အေရးေတြေပးတာမ်ိဳးလုပ္တတ္ၾကပါတယ္။

ကိုယ္ကလြတ္လြတ္လပ္လပ္လုပ္ကိုင္တတ္သူမို႔

ကိုယ္ကအလုပ္မွာကြၽမ္းက်င္ၿပီး အလုပ္တစ္ခုကိုကိုယ့္ဘာသာၿပီးဆုံးေအာင္လုပ္ေလ့ရွိတယ္၊အစအဆုံးတာဝန္ယူလုပ္ေဆာင္ႏိုင္စြမ္းရွိတယ္ဆိုရင္မန္ေနဂ်ာကကိုယ့္ကိုတာဝန္ေတြထပ္မပိေစခ်င္ပါဘူး။ ရာထူးအသစ္ေၾကာင့္ အဖြဲ႕အသစ္နဲ႔ပူးေပါင္းရမယ္၊တာဝန္အသစ္ေတြထပ္တိုးလုပ္ေဆာင္ရမယ္ဆိုရင္ ကိုယ့္ရဲ႕အလုပ္လုပ္တဲ့ပုံစံကိုပ်က္ယြင္းေစႏိုင္တာမို႔ရာထူးတိုးမေပးတာမ်ိဳးလည္းရွိတတ္ပါတယ္။

လိုအပ္ခ်က္ေတြရွိေနလို႔

ေနာက္တစ္ခ်က္ကေတာ့ ကိုယ့္မွာလိုအပ္တဲ့ Skillsေတြျဖည့္ဆည္းဖို႔လိုေနလို႔ပါ။အလုပ္မွာေတာ္ေနေပမယ့္တျခားေသာေခါင္းေဆာင္မႈနဲ႔ပတ္သက္တဲ့အရည္အေသြးေတြ – ဥပမာ ဆက္သြယ္ေျပာဆိုမႈ၊
ျပႆနာေျဖရွင္းႏိုင္စြမ္း၊ အေသးစိတ္ၾကည့္ရႈစီမံႏိုင္စြမ္းေတြ လိုအပ္ေနေသးလို႔ျဖစ္ႏိုင္ပါတယ္။အလုပ္မွာေတာ္ေပမယ့္ Soft Skills ေတြမရွိျပန္ရင္လည္း ရာထူးမတိုးပါဘူးေနာ္။

ခိုင္းမွလုပ္လို႔

ေနာက္တစ္ခ်က္က ကိုယ္ကခိုင္းတာပဲလုပ္တယ္၊ လိုအပ္တဲ့ေနရာေတြမွာ အကြက္ႀကိဳျမင္ၿပီးလုပ္ေဆာင္တတ္တာမ်ိဳးမရွိဘူးဆိုရင္လည္း ရာထူးမတိုးပါဘူး။ မန္ေနဂ်ာေတြက အကြက္ျမင္တတ္တဲ့၊ပါးနပ္တဲ့သူေတြကို ပိုသေဘာက်တာအမွန္ပါ။

တိုးေပးတဲ့ပုံစံမတူလို႔

တခ်ိဳ႕အလုပ္ေတြမွာ သူေဌးနဲ႔ဒါ႐ိုက္တာေတြက သူတို႔သေဘာက်တဲ့သူကို ရာထူးတိုးေပးၿပီးတခ်ိဳ႕အလုပ္ေတြမွေတာ့ရာထူးအတြက္ HR ကကိုင္တြယ္တာျဖစ္ပါတယ္။ HRကကိုင္တြယ္တယ္ဆိုရင္ေတာ့ ကိုယ့္အဖြဲ႕အတြက္သုံးမယ့္ဘတ္ဂ်က္ေပၚမူတည္ၿပီးတြက္ဆေလ့ရွိတတ္ပါတယ္။ ကိုယ္ကအရမ္းႀကိဳးစားေပမယ့္သူတို႔တြက္ဆထားတဲ့အေျခအေနနဲ႔မကိုက္ညီေသးရင္လည္း ရာထူးတိုးမွာမဟုတ္ပါဘူးေနာ္။ဒါေၾကာင့္ရာထူးမတိုးတိုင္း စိတ္ညစ္စရာမလိုပါဘူး။ လက္ရွိေနရာမွာကိုယ္ဟာအေရးပါသူျဖစ္ေနၿပီးေကာင္းမြန္တဲ့လခလည္းရေနတယ္ဆိုရင္ အလုပ္မွာေပ်ာ္ေပ်ာ္ေနဖို႔ထိုက္တန္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*