စလ်မန်းခန်းအိမ်ကို သေနတ်နဲ့လာပစ်လို့ ဖမ်းဆီးခံရတဲ့ အာနွဂျ် အချုပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေ
စလ်မန်းခန်းရဲ့နေအိမ်ကို ဧပြီလ ၁၄ရက်နေ့က သေနတ်ဖြင့်လာရောက်ခြိမ်းခြောက်ပစ်ခတ်ခဲ့လို့ဧပြီ ၂၆ရက်နေ့မှာ ဖမ်းဆီးခံရတဲ့ ၁၂ဦးထဲက တဦးဖြစ်တဲ့ အသက် ၂၃နှစ်အရွယ်အာနွဂျ်ဆိုတဲ့သူက မွန်ဘိုင်းရဲဌာနချုပ်မှာ ဧပြီ ၃၀ရက်နေ့ကကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တယ်လို့ ရဲကပြောပါတယ်။အာနွဂျ်က မွန်ဘိုင်းရဲဌာနချုပ်ရှိ မှူခင်းဌာနခွဲအသုံးပြုတဲ့ သော့ခတ်ထားတဲ့ပထမထပ်ရေချိုးခန်းထဲမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ပြီး သေဆုံးခဲ့တာလို့ ရဲကပြောခဲ့ပါတယ်။ဧပြီ ၃၀ရက်နေ့၊ နေ့လည် ၁၂ခွဲလောက်မှာ အာနွဂျ်က ရေချိုးခန်းကိုသွားခဲ့တယ်လို့ […]