ပြဿနာဖြေရှင်းခြင်းအတွက် အဆင့် (၅) ဆင့်
သင်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်တဲ့ ပြဿနာတစ်ခု ရှိနေနိုင်ပါတယ်။ ဒါမှမဟုတ်နောက်တကြိမ်ကြုံလာရတဲ့အခါမှာ အဆင်သင့်ဖြစ်နေချင်လား။ ဘာပဲဖြစ်ဖြစ်ပြဿနာဖြေရှင်းတာနဲ့ပတ်သက်ပြီး ဒီအဆင့်ငါးဆင့်နဲ့ အကျွမ်းတဝင်ရှိနေတာကောင်းပါတယ်။ ပြဿနာကိုဖော်ထုတ်ပါ ပထမအဆင့်မှာ ပြဿနာက ဘယ်ဟာလဲဆိုတာ သိနိုင်ဖို့ဖြစ်ပါတယ်။ တခါတလေမှာလည်းပြဿနာရဲ့အရင်းအမြစ်ကိုဖော်ထုတ်မှသာ ပြဿနာကဘာလဲဆိုတာကိုသေသေချာချာသိနိုင်ပြီး ဖြေရှင်းဖို့နည်းလမ်းရှာရတာမဟုတ်လား။ ဒါကြောင့်ပထမဆုံးအချက်ကတော့ ပြဿနာရဲ့မူလဇစ်မြစ်ကို ရှာဖွေဖို့လိုအပ်ပါတယ်။အကောင်းဆုံးလုပ်ဆောင်မှုကတော့ အချက်အလက်များကိုတတ်နိုင်သမျှစုဆောင်းဖို့ပဲဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူများနဲ့ ဆွေးနွေးရန်နဲ့အချက်အလက်များ ထင်မြင်ယူဆက်ချက်များကို ခွဲထုတ်ဖို့ဖြစ်ပါတယ်။ […]