
ကိုရီးယားရုပ်ရှင်တွေက ဘောလီးဝုဒ်ထက် ပိုကောင်းတယ်လို့ ဝါရင့်သရုပ်ဆောင် Naseeruddin Shah ဝေဖန်
ဝါရင့်သရုပ်ဆောင် Naseeruddin Shah က မကြာသေးမီက မွမ်ဘိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ဘောလိဝုဒ်ရုပ်ရှင်များနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ကိုရီးယားရုပ်ရှင်တွေက ဘောလိဝုဒ်ထက်ပိုကောင်းတယ်လို့ သူကပြောဆိုခဲ့တာဖြစ်ပါတယ်။ “အိန္ဒိယအစားအစာက သူ့ရဲ့ဂုဏ်သတ္တိနဲ့ အရည်အသွေးကြောင့် ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုကို ရရှိနေပေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေကတော့ အဆိုပါဂုဏ်ရည်များနဲ့ကင်းမဲ့နေတယ်” လို့ ဝါရင့်သရုပ်ဆောင်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။ Hindi ရုပ်ရှင်တွေက လူကြိုက်များမှုက စိတ်ကူးယဉ်မှုတွေနဲ့ဖန်တီးထားပြီးလက်တွေ့မဆန်တာရယ်၊ […]