Blood Runs Coal မှာပါဝင်မယ့် Cillian Murphy

March 28, 2024 Aung Khant Mon 0

အော်စကာဆုရမင်းသားကြီး Cillian Murphy ဟာ Blood Runs Coal: The Yablonski Murders and the Battle for the United Mine Workers of America ဆိုတဲ့ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်မယ်လို့သိရပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက်ထုတ်လုပ် သူအနေနဲ့ပါ […]

Queen of Tears မင်းသမီးကင်မ်ဂျီဝန် ဟန်ဆိုဟီးနေရာကိုယူတော့မှာလား

March 28, 2024 Aung Khant Mon 0

ဟန်ဆိုဟီးကို Brand Model အဖြစ်ခန့်အပ်ထားတဲ့ Chum Churum ဆိုဂျူအနေနဲ့ လက်ရှိအချိန်မှာဟန်ဆိုဟီးအစား မင်းသမီးကင်မ်ဂျီဝန်ကိုအစားထိုးလိုက်ပြီဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ဟန်ဆိုဟီးအနေနဲ့ မင်းသား Ryu Joon Yeol နဲ့အချစ်ရေးသတင်းထွက်လာပြီးနောက်ပိုင်းမှာ Chum Churum ဆိုဂျူဘက်ကအခုလို Brand Model ပြောင်းလဲမှုလုပ်ဆောင်မယ့်သတင်းထွက်လာခဲ့တာပါ။ဟန်ဆိုဟီးနေရာမှာ အစားထိုးမယ့်သူက မင်းသမီးကင်မ်ဂျီဝန်လို့သိရပြီး ကင်မ်ဂျီဝန်ဟာလက်ရှိမှာ Queen of […]

Introvert ဝန်ထမ်းတစ်ယောက်ရဲ့အားသာချက်များ

March 28, 2024 Aung Khant Mon 0

သူကအေးတိအေးစက် မပွင့်တပွင့်နဲ့အလုပ်ဘယ်လိုလုပ်မှာလဲဆိုပြီး တွေးထင်ခံရတတ်တာက Introvertတွေဖြစ်ပါတယ်။ Introvert တွေအတွက် လုပ်ငန်းခွင်တိုင်းဟာအဆင်ပြေချင်မှပြေမှာဖြစ်ပေမယ့်အာရုံစိုက်ဖို့လိုအပ်တဲ့၊ စိတ်ကူးကောင်းတွေလိုအပ်တဲ့ လုပ်ငန်းခွင်မျိုးမှာတော့သူတို့ဟာတကယ့်ကိုအခရာကျသူတွေပါ။ Introvert တစ်ယောက်ဟာ သူ့ရဲ့လုပ်ငန်းခွင်ဆီကိုဒီအရည်အချင်းတွေသယ် ဆောင်လာနိုင်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်တတ်ခြင်း လုပ်ငန်းခွင်မှာစကားများများပြောပြီးတက်ကြွရွှင်လန်းနေတဲ့ဝန်ထမ်းတွေကိုသတိထားမိတတ်ကြပေမယ့်စကားနည်းပြီးတကုပ်ကုပ်အ လုပ်လုပ်တတ်သူတွေကိုတော့ သတိမပြုမိတတ်တာမျိုးရှိကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် Introvert ဝန်ထမ်းတွေမှာတော့ ငြိမ်ငြိမ်သက် သက်နဲ့တစ်နေ့တာရဲ့တာဝန်တွေပြီးဆုံးအောင် လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။ အာရုံစိုက်နိုင်စွမ်းရှိခြင်း Introvert တွေရဲ့အားသာချက်က […]

Euphoria Season 3 ထွက်ရှိရက်နောက်ကျမယ်လို့ကြေညာ

March 26, 2024 Aung Khant Mon 0

HBO အနေနဲ့ Euphoria Season 3 ကို 2024 ခုနစ်အတွင်း ပြသမယ်လို့ကြေညာခဲ့ပေမယ့်လက်ရှိအချိန်မှာတော့ ထွက်ရှိရက်နောက် ဆုတ်သွားမယ်လို့ ပြောလာခဲ့ပါတယ်။ Season 3 ကို 2024 မတ်လရောက်တဲ့အထိရိုက်ကူးမှုမစတင်ရသေးတာမို့ 2025 ခုနစ်မှပဲပြသနိုင်ချေရှိနေတာဖြစ်ပါတယ်။ Euphoria ဟာ Game of Thrones ပြီးရင် […]

Grammy ဆုရှင် Tyla က Lisa နဲ့အတူသီချင်းပူးတွဲထုတ်လုပ်မယ်

March 26, 2024 Aung Khant Mon 0

Grammy ဆုရရှိထားသူ Tyla အနေနဲ့ Lisa (Black Pink) နဲ့အတူသီချင်းပူးတွဲထုတ်မယ့်အကြောင်း သူမရဲ့  Instagram Story မှာဖော် ပြထားတာတွေ့ရပါတယ်။ Tyla ရဲ့အသစ်ထွက်ရှိထားတဲ့သီချင်း ART ကို Lisa ကစည်းချက်ညီညီသီဆိုနေတဲ့ဗီဒီယိုနဲ့အတူသူမတို့နှစ်ဦးသီချင်းအတူလုပ်မယ်ဆိုတဲ့ Caption ကိုရေးခဲ့တာဖြစ်ပါတယ်။ ဒီပို့စ်ကပရိသတ်တွေကြားထဲပျံ့နှံ့သွားခဲ့ပြီး မျှော်လင့်နေပါပြီဆိုတဲ့ အား ပေးထောက်ခံတဲ့ […]

Email ကနေတဆင့်လစာတိုးခိုင်းမယ်ဆိုရင် လုပ်သင့်တဲ့အချက်များ

March 26, 2024 Aung Khant Mon 0

ကိုယ်ကလစာတိုးသင့်တဲ့အနေအထားမှာလည်းရောက်နေပြီ လစာလည်းတိုးခိုင်းချင်နေပြီ၊ဒါပေမယ့်သူဌေးကို ဘယ်လိုစကားစပြောပြီးတောင်းရမလဲ မသိဘူး၊ လူချင်းတွေ့ပြီးမပြောချင်ဘူးဆိုရင်အီးမေးလ်ကနေတဆင့် လစာတိုးတောင်းလိုက်တာက Professional ဆန်ပြီး လုပ်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။အီးမေးလ်ကနေတဆင့် လစာတိုးဖို့အကြောင်းကိုပြောပြီးတဲ့အခါ အသေးစိတ်ဆက်လက်ဆွေးနွေးဖို့ကိုလူချင်းတွေ့ပြီးပြောဆိုနိုင်ပါတယ်။ဒီနေရာမှာ ဘယ်အချိန်မှာလစာတိုးဖို့တောင်းဆိုသင့်လဲဆိုတဲ့ အချိန်အခါရွေးချယ်တတ်မှုကလည်း အရေးကြီးပါတယ်။ လစာတိုးဖို့ရှင်းလင်းပြတ်သားတဲ့အကြောင်းပြချက်ရှိတဲ့အခါသူဌေးနဲ့အထက်လူကြီးတွေက လစာတိုးပေးဖို့မတွန့်ဆုတ်တတ်ကြပါဘူး။ ကိုယ့်ဆီမှာ Client အသစ်တိုးလာတယ်၊ သုံးလစာ Target ကိုပြည့်မီကျော်လွန်တယ် ဒါမှမဟုတ်အောင်မြင်တဲ့ဗျူဟာအသစ်ကိုအ ကောင်အထည်ဖော်နိုင်တယ်စတဲ့အောင်မြင်မှုတွေရရှိထားပြီးတဲ့အချိန်မျိုးတွေမှာလစာတိုးဖို့ပြောဆိုတာကအသင့်တော်ဆုံးဖြစ်ပါတယ်။ အီးမေးလ်ပို့ပြီးလစာတိုးတောင်းတယ်ဆိုတာ […]

ကင်ဆာဖြစ်နေပြီဆိုတဲ့အကြောင်းအသိပေးလာတဲ့ ကိတ်မစ်ဒယ်လ်တန်

March 25, 2024 Aung Khant Mon 0

တော်ဝင်ဝေလမင်းသားဝီလျံရဲ့ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန်ဟာသူမမှာကင်ဆာရောဂါရှိနေကြောင်း၊ လက်ရှိမှာကုသမှုခံယူနေပြီဖြစ်ကြောင်းဗီဒီယိုဖိုင်နဲ့လူထုဆီကိုသတင်းပေးလာခဲ့ပါတယ်။သူမဟာ 2024 ခုနစ်၊ ဇန်နဝါရီလက ဝမ်းဗိုက်ခွဲစိပ်ကုသမှုခံယူပြီးနောက် ပိုင်းဆေးစစ်ချက်တွေအရသူမမှာကင်ဆာရောဂါရှိနေပြီဆိုတာကိုသိခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ ဆေးသွင်းကုထုံး Chemotherapy နဲ့ကုသမှုခံယူတော့မယ်လို့သိရပါတယ်။ သူမကိုယ်တိုင်နဲ့ဘတ်ကင်ဟမ်နန်းတော်ကတော့ သူမမှာဘာကင်ဆာဖြစ်နေတာလဲဆိုတာကိုအတိအကျမထုတ်ပြန်သေးပါဘူး။ ကင်ဆာဖြစ်နေပြီလို့သိရပြီးနောက်ပိုင်း ကင်ဆာဝေဒနာရှင်တွေအပေါ်သူမပိုမိုစာနာမိလာကြောင်း၊ သူမရဲ့ကလေးတွေကိုနားလည်အောင်ပြောပြဖို့ကြိုးစားရကြောင်း၊ သူမဘေးမှာ ဝီလျံကအမြဲဖေးမပြီးရှိနေခဲ့လို့အဆင်ပြေတဲ့အကြောင်း၊ အားလုံးရဲ့အချစ်နဲ့ကြင်နာမှုတွေကသူမအတွက်ခွန်အားဖြစ်စေကြောင်း၊ကင်ဆာဝေဒနာရှင်တွေအနေနဲ့လည်း အားမလျှော့ဘဲဆက်လက်တိုက်ပွဲဝင်ကြဖို့ဗီဒီယိုထဲမှာပြောသွားခဲ့တာဖြစ်ပါတယ်။တော်ဝင်မိသားစုထဲမှာ ဝေလမင်းသမီးကိတ်မစ်ဒယ်လ်တန်အပြင် ချားလ်စ်ဘုရင်ဟာလည်းကင်ဆာဝေဒနာကိုခံစားနေရတာဖြစ်ပါတယ်။ Ju […]

Kim Sae Ron နဲ့အချစ်ရေးကောလာဟလကိုငြင်းလိုက်တဲ့ Kim Soo Hyun

March 25, 2024 Aung Khant Mon 0

ဒီရက်ပိုင်းမှာ မင်းသား Kim Soo Hyun နဲ့ သရုပ်ဆောင်မင်းသမီး Kim Sae Ron တို့ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ သတင်းနဲ့အတူ နှစ်ယောက်သားရဲ့ Selfie ပုံလေးလည်းလူမှုကွန်ရက်ပေါ်တက်လာခဲ့ပါတယ်။လတ်တလောမှာ Queen of Tears ဇာတ်လမ်းတွဲနဲ့ပရိသတ်ဆီပြန်လည်ရောက်ရှိနေတဲ့ Kim Soo Hyun က ဒီအချစ်ရေးသတင်းကိုငြင်းဆိုခဲ့ပါတယ်။ Kim […]

မင်းရဲ့ဝါသနာကဘာလဲဆိုတဲ့မေးခွန်းအတွက် အကောင်းဆုံးအဖြေ 3 မျိုး

March 25, 2024 Aung Khant Mon 0

အလုပ်အင်တာဗျူးမှာ “မင်းဘာကိုဝါသနာပါတာလဲ” ဆိုတဲ့မေးခွန်းကဖြေရခက်တဲ့မေးခွန်းလို့မပြောနိုင်ပေမယ့် တစ်ခါတလေမှာဘယ်လိုလှပအောင်ဖြေရမလဲဆိုတာကိုစဥ်းစားရခက်စေတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။မေးခွန်းကရိုးရှင်းတယ်ဆိုပေမယ့်ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာစိတ်ဝင်စားမှုတွေကိုတခြားတစိမ်းကိုအကုန်ပြောပြဖို့ဆိုတာခက်နေတတ်ပါတယ်။ဒီမေးခွန်းကိုဖြေမယ့်အချိန်မှာ ငါ့ရဲ့ဝါသနာကအခုလျှောက်မယ့်အလုပ်နဲ့ဘယ်လိုဆက်နွယ်နေသလဲဆိုတာကိုအရင်ဆုံးကိုယ့်ကိုယ်ကိုယ်ပြန်မေးမိကြမှာပါ။ ကိုယ်ကစာရင်းကိုင်အလုပ်ကိုလျှောက်တဲ့သူဆိုရင်ချည်ထိုးရတာဝါသနာပါတဲ့အကြောင်းပြောလိုက်လို့ရပါ့မလား။ ငါကဘာကိုမှထူးထူးထွေထွေစိတ်ဝင်စားတာမရှိဘူးလို့ဖြေရင်ရော အင်တာဗျူးသူကကြိုက်နိုင်ပါ့မလားစတဲ့အတွေးလေးတွေလည်းရှိတတ်ကြပါတယ်။ အင်တာဗျူးသူဟာ ကိုယ့်ကိုဒီမေးခွန်းမေးတယ်ဆိုရင်ကိုယ့်ကိုဘယ်အရာတွေကစိတ်လှုပ်ရှားစေသလဲဆိုတာနဲ့လုပ်ငန်းခွင်ပြင်ပကကိုယ့်ရဲ့ဘဝကိုတစေ့တစောင်းသိချင်နေကြတာမို့ ဖြစ်နိုင်ပါတယ်။ကိုယ့်ဝါသနာဟာ အလုပ်နဲ့နွယ်၊ မနွယ် ဒါမှမဟုတ် အချိန်တွေကိုအလုပ်မှာများများမြှုပ်နှံမယ့်သူမျိုးဟုတ်မဟုတ်ဆိုတာသိနိုင်ဖို့ ဒီမေးခွန်းကိုမေးကြတာဖြစ်ပါတယ်။သူတို့ဟာဒီအချက်တွေကိုသိရပြီဆိုရင် အလုပ်အတွက်တကယ်အသုံးတည့်မယ့်သူကိုမှန်မှန်ကန်ကန်ရွေးနိုင်သွားမှာ ဖြစ်ပါတယ်။ဒီမေးခွန်းကိုဖြေတဲ့အခါ ရိုးရိုးသားသားနဲ့အစစ်အမှန်ဖြေတာကပိုကောင်းပါတယ်။အင်တာဗျူးတဲ့သူကြားချင်တဲ့စကားမျိုးကိုရွေးပြောတာက လုပ်ကြံပြောတယ်ဆိုတာသိသာစေသလိုအလုပ်ရရှိရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့်ဒီမေးခွန်းအတွက် ဖြေပုံဖြေနည်း 3 မျိုးကိုလေ့လာကြည့်ရအောင်။ […]

Nang Nak ဇာတ်ကားထဲကသရုပ်ဆောင်မင်းသား Winai ကွယ်လွန်

March 23, 2024 Aung Khant Mon 0

နာမည်ကြီးသရဲကားဖြစ်တဲ့ Nang Nak ရဲ့သရုပ်ဆောင်မင်းသား Winai Kraibutr ဟာ မတ်လ 20 ရက်နေ့မှာ ဗန်ကောက်ကနေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။သူပါဝင်သရုပ်ဆောင်ထားတဲ့ Nang Nak နဲ့ Bang Rajan ရုပ်ရှင်တွေဟာ စံချိန်တင်ဝင်ငွေရရှိခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေဖြစ်ပါတယ်။ Nang Nak ရုပ်ရှင်မှာ သူဟာ ပီးမက်အဖြစ်ပါဝင်ခဲ့ပြီး […]