Zoom မီတင်တွေနဲ့ ပင်ပန်းနေပြီဆိုတာ သိနိုင်တဲ့အချက် (၅)ချက်

နေ့စဉ် Zoom မီတင်တွေနဲ့ ရှည်လျားတဲ့နေ့တနေ့ဖြစ်နေပြီလား။သင့်နားကြပ်ကိုချလိုက်တဲ့အချိန်မှာ သင့်နောက်ကျောက တောင့်တင်းနေတာကို သတိထားမိပြီးသင့်မျက်လုံးတွေက နာကျင်လာပြီး အားအင်တွေ၊ စိတ်ခံစားမှုတွေ ကုန်ဆုံးနေတာကိုသတိထားမှာပါ။ ဘယ်အ ချက်တွေက သင်က Zoom မီတင်တွေမှာပင်ပန်းနွမ်းနယ်မှုဖြစ်နေပြီလဲဆိုတာကို သိသာနိုင်မလဲ။ Stanford တက္ကသိုလ်ကနေ Zoom မီတင်ကြောင့် ပင်ပန်းနွမ်းနယ်မှုဆိုင်ရာသုတေသနစာတမ်းအသစ်မှာ Zoom အစည်းအဝေးများမှာ ပင်ပန်းမှုကို ဖြစ်စေတဲ့အမျိုးအစားငါးခုကို ခွဲခြားဖော်ပြထားပါတယ်။

အထွေထွေပင်ပန်းနွမ်းနယ်တာ

ဗီဒီယိုအစည်းအဝေးပြီးတဲ့အခါမှာ သင်က မောပန်းတာ၊ နွမ်းနယ်တာ ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပါက သင်က အထွေထွေပင်ပန်းနွမ်းနယ်မှုနဲ့ကြုံနေရတာဖြစ်ပါတယ်။

အမြင်အာရုံပင်ပန်းနွမ်းနယ်တာ

နေ့စဉ် ကွန်ပျူတာစခရင်ရှေ့မှာ အချိန်အများကြီးဖြုန်းတာက အမြင်အာရုံပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေပါတယ်။ လက္ခဏာများမှာ အ မြင်မှုန်ဝါးတာ၊ မျက်စိယားယံတာ ဒါမှမဟုတ်မျက်လုံးတဝိုက်ရှိ ကြွက်သားများ နာကျင်တာတို့ပါဝင်နိုင်ပါတယ်။

လူမှုရေးပင်ပန်းနွမ်းနယ်တာ

လူမှုရေးပွဲများကို ရှောင်ကြဉ်တာ၊ အစီအစဉ်များ ဒါမှမဟုတ် ဗီဒီယိုခေါ်ဆိုမှုများကိုပယ်ဖျက်တာ၊ တစ်ယောက်တည်း အချိန်များစွာ လို အပ်နေတယ်လို့ခံစားနေရရင်လူမှုရေးဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတာဖြစ်နိုင်ပါတယ်။ ဒီအချက်ကသင့်ကိုပိုမိုစိတ်တိုဒေါသထွက်စေတာကြောင့် သူငယ်ချင်းများ၊ မိသားစုများ၊လုပ်ဖော်ကိုင်ဖက်များနဲ့ လူမှုဆက်ဆံရေးကိုထိခိုက်စေနိုင်ပါတယ်။

စိတ်အားထက်သန်မှု
ရိုးရှင်းတဲ့ အလုပ်များကို ထမ်းဆောင်ရန် ခွန်အားမရှိတာက၊ ကြောက်ရွံ့နေတာကလှုံ့ဆော်မှုဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု လက္ခဏာများဖြစ်နိုင်ပါတယ်။ စိတ်အားထက်သန်မှုနဲ့အာရုံစူးစိုက်မှု ဆုံးရှုံးတာက သင့်အလုပ်တာဝန်များကိုကိုင်တွယ်နိုင်စွမ်းမရှိတာမျိုးဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်တာ

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုမှာ စိတ်တိုတာနဲ့ စိတ်ဓာတ်ကျတာတို့က ထင်ရှားပါတယ်။ခဏခဏစိတ်ပျံ့လွင့်တာ၊ စိတ်ဆက်တာတွေလည်းဖြစ်စေနိုင်ပါတယ်။ဒီအချက်တွေအားလုံးကတော့ Zoom အစည်းအဝေးတွေနဲ့ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့အခါဖြစ်ပေါ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေပဲဖြစ်ပါတယ်။

MYit

zawgyi

ေန႔စဥ္ Zoom မီတင္ေတြနဲ႔ ရွည္လ်ားတဲ့ေန႔တေန႔ျဖစ္ေနၿပီလား။သင့္နားၾကပ္ကိုခ်လိုက္တဲ့အခ်ိန္မွာ သင့္ေနာက္ေက်ာက ေတာင့္တင္းေနတာကို သတိထားမိၿပီးသင့္မ်က္လုံးေတြက နာက်င္လာၿပီး အားအင္ေတြ၊ စိတ္ခံစားမႈေတြ ကုန္ဆုံးေနတာကိုသတိထားမွာပါ။ ဘယ္အ ခ်က္ေတြက သင္က Zoom မီတင္ေတြမွာပင္ပန္းႏြမ္းနယ္မႈျဖစ္ေနၿပီလဲဆိုတာကို သိသာႏိုင္မလဲ။ Stanford တကၠသိုလ္ကေန Zoom မီတင္ေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈဆိုင္ရာသုေတသနစာတမ္းအသစ္မွာ Zoom အစည္းအေဝးမ်ားမွာ ပင္ပန္းမႈကို ျဖစ္ေစတဲ့အမ်ိဳးအစားငါးခုကို ခြဲျခားေဖာ္ျပထားပါတယ္။

အေထြေထြပင္ပန္းႏြမ္းနယ္တာ

ဗီဒီယိုအစည္းအေဝးၿပီးတဲ့အခါမွာ သင္က ေမာပန္းတာ၊ ႏြမ္းနယ္တာ ဒါမွမဟုတ္စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္ေနပါက သင္က အေထြေထြပင္ပန္းႏြမ္းနယ္မႈနဲ႔ႀကဳံေနရတာျဖစ္ပါတယ္။

အျမင္အာ႐ုံပင္ပန္းႏြမ္းနယ္တာ

ေန႔စဥ္ ကြန္ပ်ဴတာစခရင္ေရွ႕မွာ အခ်ိန္အမ်ားႀကီးျဖဳန္းတာက အျမင္အာ႐ုံပင္ပန္းႏြမ္းနယ္မႈကိုျဖစ္ေပၚေစပါတယ္။ လကၡဏာမ်ားမွာ အ ျမင္မႈန္ဝါးတာ၊ မ်က္စိယားယံတာ ဒါမွမဟုတ္မ်က္လုံးတဝိုက္ရွိ ႂကြက္သားမ်ား နာက်င္တာတို႔ပါဝင္ႏိုင္ပါတယ္။

လူမႈေရးပင္ပန္းႏြမ္းနယ္တာ

လူမႈေရးပြဲမ်ားကို ေရွာင္ၾကဥ္တာ၊ အစီအစဥ္မ်ား ဒါမွမဟုတ္ ဗီဒီယိုေခၚဆိုမႈမ်ားကိုပယ္ဖ်က္တာ၊ တစ္ေယာက္တည္း အခ်ိန္မ်ားစြာ လို အပ္ေနတယ္လို႔ခံစားေနရရင္လူမႈေရးဆိုင္ရာ ပင္ပန္းႏြမ္းနယ္မႈကို ခံစားရတာျဖစ္ႏိုင္ပါတယ္။ ဒီအခ်က္ကသင့္ကိုပိုမိုစိတ္တိုေဒါသထြက္ေစတာေၾကာင့္ သူငယ္ခ်င္းမ်ား၊ မိသားစုမ်ား၊လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ လူမႈဆက္ဆံေရးကိုထိခိုက္ေစႏိုင္ပါတယ္။

စိတ္အားထက္သန္မႈ
႐ိုးရွင္းတဲ့ အလုပ္မ်ားကို ထမ္းေဆာင္ရန္ ခြန္အားမရွိတာက၊ ေၾကာက္႐ြံ႕ေနတာကလႈံ႕ေဆာ္မႈဆိုင္ရာ ပင္ပန္းႏြမ္းနယ္မႈ လကၡဏာမ်ားျဖစ္ႏိုင္ပါတယ္။ စိတ္အားထက္သန္မႈနဲ႔အာ႐ုံစူးစိုက္မႈ ဆုံးရႈံးတာက သင့္အလုပ္တာဝန္မ်ားကိုကိုင္တြယ္ႏိုင္စြမ္းမရွိတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္တာ

စိတ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္မႈမွာ စိတ္တိုတာနဲ႔ စိတ္ဓာတ္က်တာတို႔က ထင္ရွားပါတယ္။ခဏခဏစိတ္ပ်ံ႕လြင့္တာ၊ စိတ္ဆက္တာေတြလည္းျဖစ္ေစႏိုင္ပါတယ္။ဒီအခ်က္ေတြအားလုံးကေတာ့ Zoom အစည္းအေဝးေတြနဲ႔ ေန႔စဥ္နဲ႔အမွ်ႀကဳံေတြ႕ေနရတဲ့အခါျဖစ္ေပၚလာႏိုင္တဲ့ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္မႈေတြပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*