သတင်းဆောင်းပါး ရေးပေးနိုင်သော A.I tool ကို စမ်းသပ်နေတဲ့ ဂူဂဲလ်

သတင်းဆောင်းပါးများ ထုတ်ပေးရန် ဉာဏ်ရည်တု နည်းပညာအသုံးပြုထားသော tool တစ်မျိုးကို ဂူဂဲလ်မှ စမ်းသပ်နေပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရှိ နာမည်ကြီး သတင်းမီဒီယာများဖြစ်သော The New York Times၊ The Washington Post ၊ The Wall Street Journal တို့ရဲ့ ပိုင်ရှင်များဆီ သတင်းဆောင်းပါး ရောင်းစားရန် အကြံအစည်ဖြင့် Genesis အမည်ရ tool တစ်ခုကို ဂူဂဲလ်မှ ဖန်တီးနေပြီး သတင်းတစ်ပုဒ်ကို အသေးစိပ် အချက်အလက် ရယူနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

မီဒီယာဝေဖန်ရေးသမား Jeff Jarvis ရဲ့ ပြောကြားချက်အရ ဂူဂဲလ်ရဲ့ tool အသစ်မှာ ကောင်းကျိုး၊ ဆိုးကျိုးများ ရှိနေတာ ဖြစ်ပါတယ်။
“ ဒီနည်းပညာကြောင့် သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချရစွာ ပေးစွမ်းနိုင်မယ်ဆိုရင် သတင်းထောက်တွေအဖို့ သုံးရန် သင့်တော်ပါတယ်။ ဒါပေမဲ့ သတင်းထောက်နဲ့ သတင်းအဖွဲ့အစည်းတွေမှ အသေးစိပ် စုံစမ်းမှု မပြုလုပ်ဘဲ A.I. အပေါ် အလုံးစုံ ပုံအပ်မိချိန်မှာ အဖွဲ့အစည်းအပေါ် သက်ရောက်မှု များလာမှာ ဖြစ်ပါတယ်။” လို့ Jeff က ဆိုပါတယ်။

Google ရဲ့ tool အသစ်က ဆယ်စုနှစ်ကြာ ကိုယ်ပိုင်ဆောင်းပါး ဖန်တီးရေးသားနေသော သတင်းသမားတွေအကြား စိတ်လှုပ်ရှားမှု ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ သတင်းမီဒီယာအများစုမှာ A.I. အသုံးပြုပြီး ရေးသားသော သတင်းများ ရှိပေမဲ့ သတင်းသမားများ ကိုယ်တိုင် ဖန်တီးထားသော ဆောင်းပါးအရေအတွက်ထက်တော့ နည်းပါးလှတာ ဖြစ်ပါတယ်။

AI နည်းပညာ အသုံးပြုခြင်းအားဖြင့် ဆောင်းပါးပုဒ်ရေများစွာ ဖန်တီးနိုင်ပေမဲ့ အသေးစိပ် စစ်ဆေးခြင်း တည်းဖြတ်ခြင်း မပြုလုပ်ချိန်မှာ သတင်းမှား ပြန့်နှံ့ပြီး သမားရိုးကျ သတင်းတွေအပေါ် အမြင်မှားတွေ ထင်မြင်လာနိုင်ပါတယ်။

လက်ရှိအချိန်မှာ ဂူဂဲလ်မှ generative A.I. အသုံးပြုကာ ထုတ်ဝေသူ ဝက်ဘ်ဆိုဒ်ဆီ ရောက်ရှိအောင် စာဖတ်သူတွေကို chatbot ၊ Bard တို့ဖြင့် မမှန်ကန်သော အချက်အလက်တွေကို ရံဖန်ရံခါ တင်ဆက်ပေးခြင်း ရှိပေမဲ့ အာဏာပိုင် သတင်းရစ်မြစ်ကိုတော့ ပြည်သူတွေ ဖတ်ရှုနိုင်ခွင့် မရှိပါဘူး။
သတင်းတိုက်များနှင့် သတင်းရေးသားဖန်တီးသူများအနေဖြင့် ဂူဂဲလ်နှင့် အခြားသော A.I. ကုမ္ပဏီများမှ နစ်နာကြေး မပေးအပ်ဘဲ ဆောင်းပါးများကို A.I. စနစ်သုံးကာ ဆယ်စုနှစ်ကြာ အသုံးပြုနေခြင်းအပေါ် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အထူးသဖြင့် NBC သတင်းမီဒီယာဌာနနှင့် The Times တို့မှ ခွင့်ပြုချက်မရဘဲ အချက်အလက် ယူသုံးသော A.I. ကို ဆန့်ကျင်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*