အလုပ်သစ်မရှာရသေးဘဲ အလုပ်ထွက်သင့်လား

အလုပ်တစ်ခုကနေထွက်ချင်တဲ့အခါ အကောင်းဆုံးအခြေအနေတွေရလာဖို့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လိုပါတယ်။ အ လုပ်တစ်ခုကနေထွက်ပြီးနောက်အလုပ်တစ်ခုကိုပြောင်းမယ်ဆိုရင် ဒါဟာကိုယ့်ရဲ့ Career Goals တွေကိုဖြည့်ဆည်းနိုင်မှာလား၊ချမှတ်ထားတဲ့ရည်မှန်းချက်အတိုင်းဖြစ်ရဲ့လားဆိုတာကိုတော့ တွေးဖို့လိုပါတယ်။အလုပ်ထွက်မယ်၊ အလုပ်သစ်ရှာမယ်ဆိုတဲ့အခါ အချိန်ယပြင်ဆင်တာကအမှားအနည်းဆုံးနဲ့အကောင်းဆုံးပါပဲ။

အလုပ်ထွက်မယ်ဆိုတဲ့အခါ လူတိုင်းမှာသေချာတဲ့အကြောင်းပြချက်တစ်ခုတော့ရှိနေမှာပဲဖြစ်ပါတယ်။ကိုယ်တကယ်လုပ်ချင်တဲ့အသက် မွေးဝမ်းကျောင်းအလုပ်မဟုတ်လို့၊ ကျန်းမာရေးပြဿနာရှိလို့၊ကိုယ်‌ရေးကိုယ်တာနဲ့မိသားစုကိစ္စတွေရှိလို့၊ မလုံခြုံတဲ့ ဒါမှမဟုတ် အဆင်မပြေတဲ့လုပ်ငန်းခွင်ဖြစ်နေလို့၊အလုပ်မှာစိတ်ညစ်စရာတွေရှိနေလို့ စတဲ့အကြောင်းပြချက်တွေရှိတတ်ကြပါတယ်။အလုပ်ထွက်တော့မယ်ဆိုတဲ့အတွေးဝင်လာတာနဲ့အတူ လူတွေအမြဲတမ်းစဥ်းစားလေ့ရှိတာကအလုပ်သစ်တစ်ခုရမှပဲ အလုပ်ထွက်သင့်လားဆိုတဲ့အချက်ပါ။

တော်တော်များများလက်ခံထားတဲ့အယူအဆကတော့ အလုပ်သစ်တစ်ခုရှာပြီးမှအလုပ်ထွက်တာကကောင်းတယ်ဆိုတဲ့အယူအဆပါ။ အ တွေ့အကြုံရှိတဲ့လူကြီးတွေကလည်းဒီလိုပဲအကြံပေးကြမှာဖြစ်ပါတယ်။တချို့အချိန်တွေမှာတော့ အလုပ်သစ်ရတာ ၊ မရတာကိုစောင့်နေ ဘဲ အလုပ်ထွက်လိုက်တာကပိုပြီးကောင်းသွားစေပါတယ်။ ဒါက ကိုယ်ကြုံနေရတဲ့ပြဿနာနဲ့ စိတ်ရဲ့ခံနိုင်ရည်အားပေါ်မူတည်ပါတယ်။
တစ်ဦးနဲ့တစ်ဦးပြဿနာတွေမတူတာမို့ တွေးခေါ်ဆုံးဖြတ်ပုံတွေကတော့ တူနိုင်မှာမဟုတ်ပါဘူး။အလုပ်အသစ်တစ်ခုမရဘဲ အလုပ်ထွက်လိုက်တာကစွန့်စားရာကျတယ်ဆိုပေမယ့်သူ့မှာကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်။

အရင်ဆုံးမကောင်းကျိုးတွေပြောရမယ်ဆိုရင် ကိုယ့်ရဲ့ဝင်ငွေဆုံးရှုံးမယ်၊အလုပ်လက်မဲ့ဖြစ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းလေး Resume ပေါ်ရောက်သွားမယ်၊အခွင့်အလမ်းတချို့ဆုံးရှုံးနိုင်တယ်။ အခွင့်အလမ်းဆိုတဲ့နေရာမှာလုပ်ငန်းခွင်တစ်ခုမှာလုပ်ကိုင်နေရင်းအလုပ်သစ်ကိုရှာတာက ကိုယ့်ကိုခေါ်ချင်သူ၊ကမ်းလှမ်းချင်သူတွေပိုများပြီး အလုပ်ရှာရပိုလွယ်ပါတယ်။ဒီလိုတွေကြောင့်မို့ အလုပ်လုပ်နေရင်းနဲ့ပဲမဖြစ်မနေအလုပ်သစ်ကိုရှာရမှာလားဆိုတော့လည်းအဲလိုတထစ်ချမှတ်ယူလို့မရပါဘူး။ အလုပ်ထွက်ပြီးမှ အလုပ်သစ်ကိုရှာတာကလည်း ဒီလို
ကောင်းကျိုးတွေအများကြီးရှိပါတယ်။

အလုပ်ကိုအေးအေးဆေးဆေးရှာနိုင်တဲ့အတွက် အများကြီးပြင်ဆင်ချိန်ရတယ်။ပိုကောင်းတဲ့အလုပ်တွေကိုရှာတွေ့နိုင်တယ်။ အင်တာဗျူးအတွက်ပြင်ဆင်ချိန်ပိုရသလိုအင်တာဗျူးဖြေဆိုဖို့အတွက် လွတ်လွတ်လပ်လပ်အချိန်ပေးနိုင်တဲ့အတွက်အလုပ်ရနိုင်ချေတွေအများကြီးရှိနေပါတယ်။ စိတ်ဖိစီးမှုကင်းကင်းနဲ့အင်တာဗျူးတွေကိုဖြေဆိုနိုင်ပါလိမ့်မယ်။အလုပ်သစ်ထပ်မရှာခင် ကိုယ့်အတွက်လအနည်းငယ်အချိန်ယူပြီး Skills တွေဖြည့်တာ၊ ဝါသနာနဲ့တကယ်ကိုက်ညီတဲ့အလုပ်ကိုရှာဖွေတာ၊ Network အသစ်ရှာဖွေတည်ဆောက်တာကိုလုပ်နိုင်တဲ့အတွက်ပိုပြီးကျေနပ်စရာကောင်းတဲ့အခြေအနေကိုရနိုင်ပါတယ်။

ကိုယ့်ရဲ့ လုပ်ငန်းခွင်ကတစ်နေ့တစ်နေ့ကိုယ့်ကို စိတ်ဒုက္ခပေးနေတာ၊ ကျန်းမာရေးထိခိုက်လာတာ၊ကိုယ်ပိုင်အချိန်လုံးဝမရှိတော့တာ စတဲ့အခြေအနေတွေနဲ့ကိုယ့်မှာလုံလောက်တဲ့စုဆောင်းငွေလေးရှိထားတာ စတဲ့အခြေအနေတွေဆိုရင်အလုပ်သစ်မရခင်မှာလည်း အလုပ်ထွက်ပစ်နိုင်ပါတယ်။အနှစ်ချုပ်ရမယ်ဆိုရင်တော့ အလုပ်မှာအဆင်ပြေပြေလေးရှိနေသေးတယ်ဆိုရင် အလုပ်သစ်ရှာပြီးမှအလုပ်ထွက်တာကကောင်းပါတယ်။အလုပ်တစ်ခုမှာလုံးဝအဆင်မပြေတော့ဘူး၊ မနေနိုင်တော့ဘူးဆိုရင်တော့ အလုပ်ထွက်ပစ်ပြီးမှအလုပ်ရှာတာအကောင်းဆုံးပါပဲ။ ဒီနေရာမှာ ကိုယ်သုံးဖို့စွဲဖို့စုဆောင်းငွေလေးရှိထားနိုင်တယ်ဆိုရင်ပိုပြီးတော့ Safe ဖြစ်ပါတယ်လို့အကြံပြုချင်ပါတယ်။

Ju Ju

zawgyi

အလုပ္တစ္ခုကေနထြက္ခ်င္တဲ့အခါ အေကာင္းဆုံးအေျခအေနေတြရလာဖို႔အတြက္မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြခ်ႏိုင္ဖို႔ လိုပါတယ္။ အ လုပ္တစ္ခုကေနထြက္ၿပီးေနာက္အလုပ္တစ္ခုကိုေျပာင္းမယ္ဆိုရင္ ဒါဟာကိုယ့္ရဲ႕ Career Goals ေတြကိုျဖည့္ဆည္းႏိုင္မွာလား၊ခ်မွတ္ထားတဲ့ရည္မွန္းခ်က္အတိုင္းျဖစ္ရဲ႕လားဆိုတာကိုေတာ့ ေတြးဖို႔လိုပါတယ္။အလုပ္ထြက္မယ္၊ အလုပ္သစ္ရွာမယ္ဆိုတဲ့အခါ အခ်ိန္ယျပင္ဆင္တာကအမွားအနည္းဆုံးနဲ႔အေကာင္းဆုံးပါပဲ။

အလုပ္ထြက္မယ္ဆိုတဲ့အခါ လူတိုင္းမွာေသခ်ာတဲ့အေၾကာင္းျပခ်က္တစ္ခုေတာ့ရွိေနမွာပဲျဖစ္ပါတယ္။ကိုယ္တကယ္လုပ္ခ်င္တဲ့အသက္ ေမြးဝမ္းေက်ာင္းအလုပ္မဟုတ္လို႔၊ က်န္းမာေရးျပႆနာရွိလို႔၊ကိုယ္‌ေရးကိုယ္တာနဲ႔မိသားစုကိစၥေတြရွိလို႔၊ မလုံၿခဳံတဲ့ ဒါမွမဟုတ္ အဆင္မေျပတဲ့လုပ္ငန္းခြင္ျဖစ္ေနလို႔၊အလုပ္မွာစိတ္ညစ္စရာေတြရွိေနလို႔ စတဲ့အေၾကာင္းျပခ်က္ေတြရွိတတ္ၾကပါတယ္။အလုပ္ထြက္ေတာ့မယ္ဆိုတဲ့အေတြးဝင္လာတာနဲ႔အတူ လူေတြအၿမဲတမ္းစဥ္းစားေလ့ရွိတာကအလုပ္သစ္တစ္ခုရမွပဲ အလုပ္ထြက္သင့္လားဆိုတဲ့အခ်က္ပါ။

ေတာ္ေတာ္မ်ားမ်ားလက္ခံထားတဲ့အယူအဆကေတာ့ အလုပ္သစ္တစ္ခုရွာၿပီးမွအလုပ္ထြက္တာကေကာင္းတယ္ဆိုတဲ့အယူအဆပါ။ အ ေတြ႕အႀကဳံရွိတဲ့လူႀကီးေတြကလည္းဒီလိုပဲအႀကံေပးၾကမွာျဖစ္ပါတယ္။တခ်ိဳ႕အခ်ိန္ေတြမွာေတာ့ အလုပ္သစ္ရတာ ၊ မရတာကိုေစာင့္ေန ဘဲ အလုပ္ထြက္လိုက္တာကပိုၿပီးေကာင္းသြားေစပါတယ္။ ဒါက ကိုယ္ႀကဳံေနရတဲ့ျပႆနာနဲ႔ စိတ္ရဲ႕ခံႏိုင္ရည္အားေပၚမူတည္ပါတယ္။
တစ္ဦးနဲ႔တစ္ဦးျပႆနာေတြမတူတာမို႔ ေတြးေခၚဆုံးျဖတ္ပုံေတြကေတာ့ တူႏိုင္မွာမဟုတ္ပါဘူး။အလုပ္အသစ္တစ္ခုမရဘဲ အလုပ္ထြက္လိုက္တာကစြန႔္စားရာက်တယ္ဆိုေပမယ့္သူ႔မွာေကာင္းက်ိဳးေတြလည္း ရွိေနပါေသးတယ္။

အရင္ဆုံးမေကာင္းက်ိဳးေတြေျပာရမယ္ဆိုရင္ ကိုယ့္ရဲ႕ဝင္ေငြဆုံးရႈံးမယ္၊အလုပ္လက္မဲ့ျဖစ္ခဲ့တယ္ဆိုတဲ့မွတ္တမ္းေလး Resume ေပၚေရာက္သြားမယ္၊အခြင့္အလမ္းတခ်ိဳ႕ဆုံးရႈံးႏိုင္တယ္။ အခြင့္အလမ္းဆိုတဲ့ေနရာမွာလုပ္ငန္းခြင္တစ္ခုမွာလုပ္ကိုင္ေနရင္းအလုပ္သစ္ကိုရွာတာက ကိုယ့္ကိုေခၚခ်င္သူ၊ကမ္းလွမ္းခ်င္သူေတြပိုမ်ားၿပီး အလုပ္ရွာရပိုလြယ္ပါတယ္။ဒီလိုေတြေၾကာင့္မို႔ အလုပ္လုပ္ေနရင္းနဲ႔ပဲမျဖစ္မေနအလုပ္သစ္ကိုရွာရမွာလားဆိုေတာ့လည္းအဲလိုတထစ္ခ်မွတ္ယူလို႔မရပါဘူး။ အလုပ္ထြက္ၿပီးမွ အလုပ္သစ္ကိုရွာတာကလည္း ဒီလို
ေကာင္းက်ိဳးေတြအမ်ားႀကီးရွိပါတယ္။

အလုပ္ကိုေအးေအးေဆးေဆးရွာႏိုင္တဲ့အတြက္ အမ်ားႀကီးျပင္ဆင္ခ်ိန္ရတယ္။ပိုေကာင္းတဲ့အလုပ္ေတြကိုရွာေတြ႕ႏိုင္တယ္။ အင္တာဗ်ဴးအတြက္ျပင္ဆင္ခ်ိန္ပိုရသလိုအင္တာဗ်ဴးေျဖဆိုဖို႔အတြက္ လြတ္လြတ္လပ္လပ္အခ်ိန္ေပးႏိုင္တဲ့အတြက္အလုပ္ရႏိုင္ေခ်ေတြအမ်ားႀကီးရွိေနပါတယ္။ စိတ္ဖိစီးမႈကင္းကင္းနဲ႔အင္တာဗ်ဴးေတြကိုေျဖဆိုႏိုင္ပါလိမ့္မယ္။အလုပ္သစ္ထပ္မရွာခင္ ကိုယ့္အတြက္လအနည္းငယ္အခ်ိန္ယူၿပီး Skills ေတြျဖည့္တာ၊ ဝါသနာနဲ႔တကယ္ကိုက္ညီတဲ့အလုပ္ကိုရွာေဖြတာ၊ Network အသစ္ရွာေဖြတည္ေဆာက္တာကိုလုပ္ႏိုင္တဲ့အတြက္ပိုၿပီးေက်နပ္စရာေကာင္းတဲ့အေျခအေနကိုရႏိုင္ပါတယ္။

ကိုယ့္ရဲ႕ လုပ္ငန္းခြင္ကတစ္ေန႔တစ္ေန႔ကိုယ့္ကို စိတ္ဒုကၡေပးေနတာ၊ က်န္းမာေရးထိခိုက္လာတာ၊ကိုယ္ပိုင္အခ်ိန္လုံးဝမရွိေတာ့တာ စတဲ့အေျခအေနေတြနဲ႔ကိုယ့္မွာလုံေလာက္တဲ့စုေဆာင္းေငြေလးရွိထားတာ စတဲ့အေျခအေနေတြဆိုရင္အလုပ္သစ္မရခင္မွာလည္း အလုပ္ထြက္ပစ္ႏိုင္ပါတယ္။အႏွစ္ခ်ဳပ္ရမယ္ဆိုရင္ေတာ့ အလုပ္မွာအဆင္ေျပေျပေလးရွိေနေသးတယ္ဆိုရင္ အလုပ္သစ္ရွာၿပီးမွအလုပ္ထြက္တာကေကာင္းပါတယ္။အလုပ္တစ္ခုမွာလုံးဝအဆင္မေျပေတာ့ဘူး၊ မေနႏိုင္ေတာ့ဘူးဆိုရင္ေတာ့ အလုပ္ထြက္ပစ္ၿပီးမွအလုပ္ရွာတာအေကာင္းဆုံးပါပဲ။ ဒီေနရာမွာ ကိုယ္သုံးဖို႔စြဲဖို႔စုေဆာင္းေငြေလးရွိထားႏိုင္တယ္ဆိုရင္ပိုၿပီးေတာ့ Safe ျဖစ္ပါတယ္လို႔အႀကံျပဳခ်င္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*