အလုပ်အင်တာဗျူး အောင်ဖို့ ဘာတွေ လိုအပ်မလဲ

အလုပ်အင်တာဗျူးဆိုတာ အလုပ်လျှောက်ထားသူနဲ့ အလုပ်ရှင်တို့ရဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံမှုပါ။ ဒီတွေ့ဆုံမှုမှာ သင်က အလုပ် ရှင်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အရည်အချင်းတွေပိုင်ဆိုင်ထားကြောင်း ပြသနိုင်ဖို့က အဓိက အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။အလုပ်အင်တာဗျူး အောင်မြင်ဖို့အတွက် ဘယ်လိုအချက်တွေလိုအပ်မလဲဆိုတာကိုမျှဝေပေးသွားချင်ပါတယ်။

ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ပါ

ကြိုတင်ပြင်ဆင်မှုလုပ်ဆိုတဲ့နေရာမှာ ပထမဆုံးအချက်ကတော့ ကုမ္ပဏီအကြောင်းသေသေချာချာလေ့လာဖို့ပါပဲ။ သမိုင်းကြောင်း၊ လုပ် ငန်းဆောင်ရွက်မှုတွေ၊ ထုတ်ကုန်တွေ၊ယဉ်ကျေးမှုနဲ့ တန်ဖိုးထားမှုတွေကို လေ့လာဖို့ပါပဲ။ ဒုတိယအချက်ကတော့ ရာထူးနဲ့တာဝန်ဝတ္တရားတွေပဲဖြစ်ပါတယ်။ လိုအပ်တဲ့အရည်အချင်းတွေနဲ့ အတွေ့အကြုံတွေကဘာတွေဖြစ်မလဲဆိုတာကို သေချာလေ့လာဖို့လိုပါတယ်။ ကိုယ့်မှာရှိတဲ့အရည်အချင်းနဲ့ဒီအချက်တွေက ကိုက်မကိုက်၊ ထပ်ဖြည့်ရမယ့်အရည်အချင်းတွေက ဘာတွေလဲဆိုတာကိုသေချာသိနိုင်မှာဖြစ်ပါတယ်။တတိယအချက်ကြိုတင်ဆင်ပြင်မှုကတော့ အင်တာဗျူးမှာ မေးလာနိုင်တဲ့ မေးခွန်းတွေကိုလေ့လာပြီး အဖြေတွေကို ကြိုတင်ပြင် ဆင်ထားဖို့ပါပဲ။ ဒီတော့ ရုတ်တရက်မမျှော်လင့်ထားတဲ့မေးခွန်းဆိုတာ မရှိနိုင်တော့ဘဲ ကိုယ့်ဘက်ကအစစအရာရာကြိုတင်မျှော်လင့်ပြင် ဆင်ထားပြီးသားဖြစ်နေဖို့လိုပါတယ်။ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တဲ့ နံပါတ်လေး အချက်ကတော့ ကိုယ်ရေးရာဇဝင်ပါ။ပြိုင်ဆိုင်မှုပေါတဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ အလုပ်လျှောက်လွှာတစောင်ကိုအထင်ကြီးစားကောင်းလောက်အောင် မပြင်ဆင်ထားနိုင်ဘူးဆိုရင် အလုပ်ရဖို့ခက်ခဲနေဦးမှာပါပဲ။ အခုခေတ်က AI တွေနဲ့ အလုပ်လျှောက်လွှာတွေကို ပြင်ဆင်လို့ရနေပါပြီ။ကိုယ့်ဘက်က အချိန်သေချာလေးပေးပြီး တိကျသေသပ်စွာပြင်ဆင်တတ်ဖို့ပဲလိုပါတယ်။နောက်ဆုံးပြင်ဆင်ရမယ့်အချက်ကတော့ ဝတ်စားဆင်ယင်မှုပါ။ အင်တာဗျူးနဲ့ လျော် ညီတဲ့ဝတ်စားဆင်ယင်မှုမျိုးပြင်ဆင်ပါ။ ရာထူး၊ အလုပ်အကိုင်နဲ့ သင့်တော်တဲ့ ဝတ်စားဆင်ယင်မှုမျိုးဖြစ်ဖို့လိုပါတယ်။ ဒီအချက်တွေက တော့ ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေပဲဖြစ်ပါတယ်။

အင်တာဗျူးမှာ ယုံကြည်မှုရှိရှိ ဖြေဆိုပါ

အင်တာဗျူးကို အချိန်မှန် ရောက်ရှိတာက သင့်ရဲ့ တာဝန်ယူမှုကို ပြသတာနဲ့ အတူတူပါပဲ။အင်တာဗျူးမှာ သင့်ရဲ့အရည်အချင်းတွေကို ယုံကြည်မှုရှိရှိဖော်ပြဖို့ မမေ့ပါနဲ့။ မေးခွန်းတွေရဲ့ရည်ရွယ်ချက်တွေကို နားလည်ပြီး သင့်ရဲ့အတွေ့အကြုံနဲ့ ကိုက်ညီတဲ့ အဖြေတွေကို ပေးပါ။အလုပ်အပေါ်စိတ်ဝင်စားမှုနဲ့ စိတ်အားထက်သန်မှုကိုပြသပါ။ အရေးကြီးဆုံးအချက်ကတော့မျက်လုံးချင်းဆုံပြီး ပြောဆိုဖို့ မမေ့ပါနဲ့။ ဒီလို eye contact ရှိတာက ယုံကြည်မှုနဲ့ရိုးသားမှုကိုပြသရာရောက်ပါတယ်။

သင့်ရဲ့ အရည်အချင်းတွေကို ထင်ရှားအောင် ပြသပါ

အလုပ်အင်တာဗျူးမှာ သင်ကျွမ်းကျင်တဲ့အရာတွေ၊ အောင်မြင်မှုတွေရှိခဲ့ရင် အဲဒီအရာတွေကိုတိကျတဲ့ ဥပမာတွေနဲ့ ရှင်းလင်းပြောပြဖို့လိုပါတယ်။ သင့်ရဲ့ အရည်အချင်းကို သက်သေပြနိုင်တဲ့အတွေ့အကြုံတွေ၊ ပရောဂျက်တွေကို မျှဝေပေးပါ။ ပြီးတော့ အခက်အခဲတွေကို
ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့သလဲဆိုတဲ့ အချက်ကိုလည်း ပြသပါ။ ဒါကသင့်ရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကို ပြသတာနဲ့အတူတူပါပဲ။ ပြီးတော့ကိုယ်မကျွမ်းကျင်သေးတဲ့အရာ၊ အသစ်အဆန်းတွေကိုလည်း လေ့လာသင်ယူဖို့စိတ်အားထက်သန်တယ်ဆိုတာပြသပါ။ နောက်ဆုံးအချက်ကတော့ သင်က အများနဲ့လည်းကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာကိုလည်း ပြသဖို့လိုပါတယ်။

မေးခွန်းတွေ မေးပါ

အင်တာဗျူးမှာ မေးခွန်းတွေမေးဖို့လည်း မမေ့ပါနဲ့။ အရေးကြီးဆုံးအချက်ကကိုယ်ကသူတို့မေးတာကိုပဲ ဖြေဖို့သွားတာမဟုတ်ဘူးဆိုတာကို သတိရပါ။ကိုယ်ကလည်းပြန်လည်ပြီး မေးခွန်းမေးဖို့ ပြင်ဆင်သွားပါ။ အလုပ်ရဲ့တာဝန်ဝတ္တရားတွေ၊အဖွဲ့အစည်းအကြောင်းတွေ မေး မြန်းပါ။ ကုမ္ပဏီရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း၊ရည်မှန်းချက်တွေနဲ့ တန်ဖိုးထားမှုတွေအကြောင်းလည်း မေးမြန်းနိုင်ပါတယ်။

အင်တာဗျူးအပြီးမှာ ကျေးဇူးတင်ကြောင်း အီးမေးလ် ပို့ပါ

အင်တာဗျူးအပြီးမှာ အချိန်ပေးပြီး အင်တာဗျူးမေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောတဲ့အပြင် အီးမေးလ်ပို့ပြီးလည်း ပြောဖို့လိုပါတယ်။တော်တော်များများ ဒီအချက်ကို လုပ်ဖို့ မေ့နေကြပါတယ်။ ဒီမေးလ်မှာ သင့်ရဲ့စိတ်ဝင်စားမှုနဲ့ကုမ္ပဏီမှာအလုပ်လုပ်ချင်ကြောင်း ဖော်ပြပါ။ အင်တာဗျူးမှာပြောခဲ့တဲ့ သင့်ရဲ့ကျွမ်းကျင်မှုတွေ၊အရည်အချင်းတွေကို ပြန်လည်ဖော်ပြပါ။ ဒီအချက်တွေက သင့်ကို တခြားသူတွေနဲ့မတူစေဘဲအလုပ်ခေါ်သူတွေရဲ့ အာရုံစိုက်မှုနဲ့ သတိပြုမှုကိုရရှိစေမှာဖြစ်ပါတယ်။

အလုပ်အင်တာဗျူး အောင်မြင်ဖို့ဆိုတာ ကြိုတင်ပြင်ဆင်မှု၊ ယုံကြည်မှုနဲ့ အရည်အချင်းတွေကိုသေချာပြသနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအ ချက်တွေကို လိုက်နာမယ်ဆိုရင် အလုပ်အင်တာဗျူးမှာအောင်မြင်နိုင်ဖို့ အခွင့်အလမ်းတွေအများကြီးရှိမှာအသေအချာပါပဲ။အရေးကြီးဆုံးအချက်ကတော့ ကြိုတင်ပြင်ဆင်မှုနဲ့ စိတ်အားထက်သန်မှုပါပဲ။ဒီအချက်တွေအပေါ်မှာ အလုပ်ရဖို့၊ မရဖို့က မူတည်နေတာကို သတိပြုစေချင်ပါတယ်။

ကျော့ကေခိုင်

zawgyi

အလုပ္အင္တာဗ်ဴးဆိုတာ အလုပ္ေလွ်ာက္ထားသူနဲ႔ အလုပ္ရွင္တို႔ရဲ႕ ပထမဆုံး မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံမႈပါ။ ဒီေတြ႕ဆုံမႈမွာ သင္က အလုပ္ ရွင္ရဲ႕ လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ အရည္အခ်င္းေတြပိုင္ဆိုင္ထားေၾကာင္း ျပသႏိုင္ဖို႔က အဓိက အေရးႀကီးဆုံးအခ်က္ျဖစ္ပါတယ္။အလုပ္အင္တာဗ်ဴး ေအာင္ျမင္ဖို႔အတြက္ ဘယ္လိုအခ်က္ေတြလိုအပ္မလဲဆိုတာကိုမွ်ေဝေပးသြားခ်င္ပါတယ္။

ႀကိဳတင္ျပင္ဆင္မႈ ေကာင္းေကာင္းလုပ္ပါ

ႀကိဳတင္ျပင္ဆင္မႈလုပ္ဆိုတဲ့ေနရာမွာ ပထမဆုံးအခ်က္ကေတာ့ ကုမၸဏီအေၾကာင္းေသေသခ်ာခ်ာေလ့လာဖို႔ပါပဲ။ သမိုင္းေၾကာင္း၊ လုပ္ ငန္းေဆာင္႐ြက္မႈေတြ၊ ထုတ္ကုန္ေတြ၊ယဥ္ေက်းမႈနဲ႔ တန္ဖိုးထားမႈေတြကို ေလ့လာဖို႔ပါပဲ။ ဒုတိယအခ်က္ကေတာ့ ရာထူးနဲ႔တာဝန္ဝတၱရားေတြပဲျဖစ္ပါတယ္။ လိုအပ္တဲ့အရည္အခ်င္းေတြနဲ႔ အေတြ႕အႀကဳံေတြကဘာေတြျဖစ္မလဲဆိုတာကို ေသခ်ာေလ့လာဖို႔လိုပါတယ္။ ကိုယ့္မွာရွိတဲ့အရည္အခ်င္းနဲ႔ဒီအခ်က္ေတြက ကိုက္မကိုက္၊ ထပ္ျဖည့္ရမယ့္အရည္အခ်င္းေတြက ဘာေတြလဲဆိုတာကိုေသခ်ာသိႏိုင္မွာျဖစ္ပါတယ္။တတိယအခ်က္ႀကိဳတင္ဆင္ျပင္မႈကေတာ့ အင္တာဗ်ဴးမွာ ေမးလာႏိုင္တဲ့ ေမးခြန္းေတြကိုေလ့လာၿပီး အေျဖေတြကို ႀကိဳတင္ျပင္ ဆင္ထားဖို႔ပါပဲ။ ဒီေတာ့ ႐ုတ္တရက္မေမွ်ာ္လင့္ထားတဲ့ေမးခြန္းဆိုတာ မရွိႏိုင္ေတာ့ဘဲ ကိုယ့္ဘက္ကအစစအရာရာႀကိဳတင္ေမွ်ာ္လင့္ျပင္ ဆင္ထားၿပီးသားျဖစ္ေနဖို႔လိုပါတယ္။ႀကိဳတင္ျပင္ဆင္ဖို႔ လိုအပ္တဲ့ နံပါတ္ေလး အခ်က္ကေတာ့ ကိုယ္ေရးရာဇဝင္ပါ။ၿပိဳင္ဆိုင္မႈေပါတဲ့ အလုပ္အကိုင္ေဈးကြက္ထဲမွာ အလုပ္ေလွ်ာက္လႊာတေစာင္ကိုအထင္ႀကီးစားေကာင္းေလာက္ေအာင္ မျပင္ဆင္ထားႏိုင္ဘူးဆိုရင္ အလုပ္ရဖို႔ခက္ခဲေနဦးမွာပါပဲ။ အခုေခတ္က AI ေတြနဲ႔ အလုပ္ေလွ်ာက္လႊာေတြကို ျပင္ဆင္လို႔ရေနပါၿပီ။ကိုယ့္ဘက္က အခ်ိန္ေသခ်ာေလးေပးၿပီး တိက်ေသသပ္စြာျပင္ဆင္တတ္ဖို႔ပဲလိုပါတယ္။ေနာက္ဆုံးျပင္ဆင္ရမယ့္အခ်က္ကေတာ့ ဝတ္စားဆင္ယင္မႈပါ။ အင္တာဗ်ဴးနဲ႔ ေလ်ာ္ ညီတဲ့ဝတ္စားဆင္ယင္မႈမ်ိဳးျပင္ဆင္ပါ။ ရာထူး၊ အလုပ္အကိုင္နဲ႔ သင့္ေတာ္တဲ့ ဝတ္စားဆင္ယင္မႈမ်ိဳးျဖစ္ဖို႔လိုပါတယ္။ ဒီအခ်က္ေတြက ေတာ့ ႀကိဳတင္ျပင္ဆင္ရမယ့္အခ်က္ေတြပဲျဖစ္ပါတယ္။

အင္တာဗ်ဴးမွာ ယုံၾကည္မႈရွိရွိ ေျဖဆိုပါ

အင္တာဗ်ဴးကို အခ်ိန္မွန္ ေရာက္ရွိတာက သင့္ရဲ႕ တာဝန္ယူမႈကို ျပသတာနဲ႔ အတူတူပါပဲ။အင္တာဗ်ဴးမွာ သင့္ရဲ႕အရည္အခ်င္းေတြကို ယုံၾကည္မႈရွိရွိေဖာ္ျပဖို႔ မေမ့ပါနဲ႔။ ေမးခြန္းေတြရဲ႕ရည္႐ြယ္ခ်က္ေတြကို နားလည္ၿပီး သင့္ရဲ႕အေတြ႕အႀကဳံနဲ႔ ကိုက္ညီတဲ့ အေျဖေတြကို ေပးပါ။အလုပ္အေပၚစိတ္ဝင္စားမႈနဲ႔ စိတ္အားထက္သန္မႈကိုျပသပါ။ အေရးႀကီးဆုံးအခ်က္ကေတာ့မ်က္လုံးခ်င္းဆုံၿပီး ေျပာဆိုဖို႔ မေမ့ပါနဲ႔။ ဒီလို eye contact ရွိတာက ယုံၾကည္မႈနဲ႔႐ိုးသားမႈကိုျပသရာေရာက္ပါတယ္။

သင့္ရဲ႕ အရည္အခ်င္းေတြကို ထင္ရွားေအာင္ ျပသပါ

အလုပ္အင္တာဗ်ဴးမွာ သင္ကြၽမ္းက်င္တဲ့အရာေတြ၊ ေအာင္ျမင္မႈေတြရွိခဲ့ရင္ အဲဒီအရာေတြကိုတိက်တဲ့ ဥပမာေတြနဲ႔ ရွင္းလင္းေျပာျပဖို႔လိုပါတယ္။ သင့္ရဲ႕ အရည္အခ်င္းကို သက္ေသျပႏိုင္တဲ့အေတြ႕အႀကဳံေတြ၊ ပေရာဂ်က္ေတြကို မွ်ေဝေပးပါ။ ၿပီးေတာ့ အခက္အခဲေတြကို
ဘယ္လိုရင္ဆိုင္ေက်ာ္လႊားခဲ့သလဲဆိုတဲ့ အခ်က္ကိုလည္း ျပသပါ။ ဒါကသင့္ရဲ႕ျပႆနာေျဖရွင္းႏိုင္စြမ္းကို ျပသတာနဲ႔အတူတူပါပဲ။ ၿပီးေတာ့ကိုယ္မကြၽမ္းက်င္ေသးတဲ့အရာ၊ အသစ္အဆန္းေတြကိုလည္း ေလ့လာသင္ယူဖို႔စိတ္အားထက္သန္တယ္ဆိုတာျပသပါ။ ေနာက္ဆုံးအခ်က္ကေတာ့ သင္က အမ်ားနဲ႔လည္းေကာင္းမြန္စြာ ပူးေပါင္းေဆာင္႐ြက္ႏိုင္တယ္ဆိုတာကိုလည္း ျပသဖို႔လိုပါတယ္။

ေမးခြန္းေတြ ေမးပါ

အင္တာဗ်ဴးမွာ ေမးခြန္းေတြေမးဖို႔လည္း မေမ့ပါနဲ႔။ အေရးႀကီးဆုံးအခ်က္ကကိုယ္ကသူတို႔ေမးတာကိုပဲ ေျဖဖို႔သြားတာမဟုတ္ဘူးဆိုတာကို သတိရပါ။ကိုယ္ကလည္းျပန္လည္ၿပီး ေမးခြန္းေမးဖို႔ ျပင္ဆင္သြားပါ။ အလုပ္ရဲ႕တာဝန္ဝတၱရားေတြ၊အဖြဲ႕အစည္းအေၾကာင္းေတြ ေမး ျမန္းပါ။ ကုမၸဏီရဲ႕ အနာဂတ္အစီအစဥ္ေတြအေၾကာင္း၊ရည္မွန္းခ်က္ေတြနဲ႔ တန္ဖိုးထားမႈေတြအေၾကာင္းလည္း ေမးျမန္းႏိုင္ပါတယ္။

အင္တာဗ်ဴးအၿပီးမွာ ေက်းဇူးတင္ေၾကာင္း အီးေမးလ္ ပို႔ပါ

အင္တာဗ်ဴးအၿပီးမွာ အခ်ိန္ေပးၿပီး အင္တာဗ်ဴးေမးတဲ့အတြက္ေက်းဇူးတင္ေၾကာင္းေျပာတဲ့အျပင္ အီးေမးလ္ပို႔ၿပီးလည္း ေျပာဖို႔လိုပါတယ္။ေတာ္ေတာ္မ်ားမ်ား ဒီအခ်က္ကို လုပ္ဖို႔ ေမ့ေနၾကပါတယ္။ ဒီေမးလ္မွာ သင့္ရဲ႕စိတ္ဝင္စားမႈနဲ႔ကုမၸဏီမွာအလုပ္လုပ္ခ်င္ေၾကာင္း ေဖာ္ျပပါ။ အင္တာဗ်ဴးမွာေျပာခဲ့တဲ့ သင့္ရဲ႕ကြၽမ္းက်င္မႈေတြ၊အရည္အခ်င္းေတြကို ျပန္လည္ေဖာ္ျပပါ။ ဒီအခ်က္ေတြက သင့္ကို တျခားသူေတြနဲ႔မတူေစဘဲအလုပ္ေခၚသူေတြရဲ႕ အာ႐ုံစိုက္မႈနဲ႔ သတိျပဳမႈကိုရရွိေစမွာျဖစ္ပါတယ္။

အလုပ္အင္တာဗ်ဴး ေအာင္ျမင္ဖို႔ဆိုတာ ႀကိဳတင္ျပင္ဆင္မႈ၊ ယုံၾကည္မႈနဲ႔ အရည္အခ်င္းေတြကိုေသခ်ာျပသႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒီအ ခ်က္ေတြကို လိုက္နာမယ္ဆိုရင္ အလုပ္အင္တာဗ်ဴးမွာေအာင္ျမင္ႏိုင္ဖို႔ အခြင့္အလမ္းေတြအမ်ားႀကီးရွိမွာအေသအခ်ာပါပဲ။အေရးႀကီးဆုံးအခ်က္ကေတာ့ ႀကိဳတင္ျပင္ဆင္မႈနဲ႔ စိတ္အားထက္သန္မႈပါပဲ။ဒီအခ်က္ေတြအေပၚမွာ အလုပ္ရဖို႔၊ မရဖို႔က မူတည္ေနတာကို သတိျပဳေစခ်င္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*