(G)I-Dle က Soyeon နဲ့ Single’s Inferno က cast member Moon Se Hoon တို့ကိုဈေးဝယ်စင်တာတစ်ခုမှာ အတူတူတွဲရက်တွေ့ရတာမို့ သူတို့နှစ်ဦး Date နေကြပြီလားဆိုတဲ့အမေးစကားတွေက ပရိသတ်တွေကြားပျံ့နှံ့လို့လာခဲ့တာ တစ်လခန့်ရှိပါပြီ။သူတို့နှစ်ဦးက ဆိုးလ်မှာရှိတဲ့ဈေးဝယ်စင်တာမှာအတူတူငွေရှင်းနေကြတဲ့ပုံကိုတစ်စုံတစ်ယောက်ကရိုက်ကူးထားပြီး အင်တာနက်မှာဖြန့်ဝေလာတာပဲဖြစ်ပါတယ်။အမျိုးသားဝတ်တွေရောင်းနဲ့ Wooyoungmi Brand ဆိုင်မှာအတူတူပိုက်ဆံရှင်းနေတာကိုမြင်တွေ့ရတာမို့အားလုံးက အံ့အားသင့်နေခဲ့ကြတာပါ။ဘာကြောင့်လဲဆိုတာ သူတို့နှစ်ဦးဟာအလုပ်အတူတူတွဲလုပ်နေတာမျိုးလည်းမရှိသလိုမိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမျိုးရှိတယ်ဆိုတာကိုလည်းအရင်ကမကြားမိထားတာကြောင့်ဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ Dating သတင်းကိုဘာမှတုံ့ပြန်ပြောဆိုတာမျိုးမရှိခဲ့ပေမယ့်လက်ရှိမှာသိသိသာသာပြောင်းလဲလာတဲ့ Soyeon ရဲ့ပုံစံကြောင့် ဒီသတင်းကအသစ်ပြန်ဖြစ်လာခဲ့ပြန်ပါတယ်။ပရိသတ်တွေက Soyeon ရဲ့ပုံစံက လတ်တလောမှာအေးဆေးတည်ငြိမ်တဲ့ကောင်မလေးပုံစံမျိုးသိသိသာသာပြောင်းလဲသွားတာမို့ ဒါကချစ်သူရသွားလို့များလားဆိုတဲ့ထင်မြင်ချက်တွေပေးထားကြတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်သူမရဲ့ထပ်မံထွက်ရှိလာမယ့် သီချင်းတွေမှာအချစ်နဲ့ပတ်သက်ပြီးဘာတွေရေးဖွဲ့လာမလဲဆိုတာကို သတိထားစောင့်ကြည့်ဖို့တော့လိုနေပြီဖြစ်ပါတယ်။
Ju Ju
zawgyi
(G)I-Dle က Soyeon နဲ႔ Single’s Inferno က cast member Moon Se Hoon တို႔ကိုေဈးဝယ္စင္တာတစ္ခုမွာ အတူတူတြဲရက္ေတြ႕ရတာမို႔ သူတို႔ႏွစ္ဦး Date ေနၾကၿပီလားဆိုတဲ့အေမးစကားေတြက ပရိသတ္ေတြၾကားပ်ံ႕ႏွံ႔လို႔လာခဲ့တာ တစ္လခန႔္ရွိပါၿပီ။သူတို႔ႏွစ္ဦးက ဆိုးလ္မွာရွိတဲ့ေဈးဝယ္စင္တာမွာအတူတူေငြရွင္းေနၾကတဲ့ပုံကိုတစ္စုံတစ္ေယာက္က႐ိုက္ကူးထားၿပီး အင္တာနက္မွာျဖန႔္ေဝလာတာပဲျဖစ္ပါတယ္။အမ်ိဳးသားဝတ္ေတြေရာင္းနဲ႔ Wooyoungmi Brand ဆိုင္မွာအတူတူပိုက္ဆံရွင္းေနတာကိုျမင္ေတြ႕ရတာမို႔အားလုံးက အံ့အားသင့္ေနခဲ့ၾကတာပါ။ဘာေၾကာင့္လဲဆိုတာ သူတို႔ႏွစ္ဦးဟာအလုပ္အတူတူတြဲလုပ္ေနတာမ်ိဳးလည္းမရွိသလိုမိတ္ေဆြသူငယ္ခ်င္းဆက္ဆံေရးမ်ိဳးရွိတယ္ဆိုတာကိုလည္းအရင္ကမၾကားမိထားတာေၾကာင့္ျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးရဲ႕ Dating သတင္းကိုဘာမွတုံ႔ျပန္ေျပာဆိုတာမ်ိဳးမရွိခဲ့ေပမယ့္လက္ရွိမွာသိသိသာသာေျပာင္းလဲလာတဲ့ Soyeon ရဲ႕ပုံစံေၾကာင့္ ဒီသတင္းကအသစ္ျပန္ျဖစ္လာခဲ့ျပန္ပါတယ္။ပရိသတ္ေတြက Soyeon ရဲ႕ပုံစံက လတ္တေလာမွာေအးေဆးတည္ၿငိမ္တဲ့ေကာင္မေလးပုံစံမ်ိဳးသိသိသာသာေျပာင္းလဲသြားတာမို႔ ဒါကခ်စ္သူရသြားလို႔မ်ားလားဆိုတဲ့ထင္ျမင္ခ်က္ေတြေပးထားၾကတာျဖစ္ပါတယ္။ဘာပဲျဖစ္ျဖစ္သူမရဲ႕ထပ္မံထြက္ရွိလာမယ့္ သီခ်င္းေတြမွာအခ်စ္နဲ႔ပတ္သက္ၿပီးဘာေတြေရးဖြဲ႕လာမလဲဆိုတာကို သတိထားေစာင့္ၾကည့္ဖို႔ေတာ့လိုေနၿပီျဖစ္ပါတယ္။
Ju Ju
Leave a Reply