
ကလေးထိန်းနေရလို့ ပရောဂျက်အသစ်တွေလက်မခံသေးပါဘူးဆိုတဲ့ ဆိုရီဂျင်း
Crash Landing On You စုံတွဲဖြစ်တဲ့ မင်းသားဟွန်ဘင်နဲ့မင်းသမီးဆိုရီဂျင်းတို့နှစ်ဦးဟာ ၂၀၂၂ ခုနစ်၊မတ်လကလက်ထပ်ခဲ့ပြီးနိုဝင်ဘာလမှာသားလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။သရုပ်ဆောင်လောကမှာနှစ် ၂၀ ကြာဖြတ်သန်းလာပြီးတဲ့သူမကို ကလေးမွေးပြီးအနုပညာအလုပ်တွေဆက်လုပ်ဖို့ရှိ၊မရှိပရိသတ်တွေကသိချင်နေကြပါတယ်။စက်တင်ဘာလ ၂၇ ရက်နေ့ကပြသတဲ့ Lim Jin Han Class အစီအစဉ်မှာ သူမကကလေးပြုစုပျိုးထောင်ပုံတွေအကြောင်းမျှဝေရင်း အနုပညာနဲ့ပတ်သက်တဲ့ရိုက်ကူးရေးအသစ်ရှိ၊မရှိကိုပါမျှဝေခဲ့တာဖြစ်ပါတယ်။ “ကလေးထိန်းရတာက အခက်အခဲတွေအများကြီးရှိတာပေါ့။ ဒါပေမဲ့ကလေးလေးကကျွန်မတို့ကိုပျော်ရွှင်မှုအများကြီးပေးနိုင်ပါတယ်။တစ်ခါမှမခံစားဖူးတဲ့ကြည်နူးမှုတွေပေါ့”လို့ပြောခဲ့တာဖြစ်ပါတယ်။ ကလေးထပ်ယူဖို့ကိုတော့စဉ်းစားဦးမယ်လို့ သူမကဖြေခဲ့ပါတယ်။ […]