လူအများသဘောကျနေတဲ့ ကိတ်မစ်ဒယ်လ်တန်ရဲ့ဆံပင်ပုံစံအသစ်

September 30, 2023 Aung Khant Mon 0

တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်ရဲ့ပြောင်းလဲထားတဲ့ဆံပင်ပုံစံအသစ်ကိုလူအများကနှစ်ခြိုက်သဘောကျနေကြပါတယ်။ ကိတ်ဟာ သူမရဲ့လှပတဲ့နဂိုရုပ်ရည်အပြင်တော်ဝင်မင်းသမီးဟန်မပျက်စေဘဲ ဖက်ရှင်ကျကျဆင်မြန်းတတ်သူမို့သူမရဲ့မိတ်ကပ်အပြင်အဆင်နဲ့ဝတ် စားပုံကို အမြဲစောင့်ကြည့်ခံနေရသူလည်းဖြစ်ပါတယ်။ကိတ်ကသူမရဲ့ဆံပင်စတိုင်လ်အသစ်ကို စက်တင်ဘာလ ၂၇ ရက်နေ့ကလူမှုဝန် ထမ်းအလုပ်တွေလုပ်စဉ်မှာ စတင်ထုတ်ပြခဲ့တာပဲဖြစ်ပါတယ်။ သူမဟာကလေးတွေရဲ့အရေးကြီးတဲ့အစောပိုင်းကာလဖွံ့ဖြိုးမှုအတွက် Shaping Us ဆိုတဲ့ကမ်ပိန်းကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။သူမရဲ့ အမှတ်တံဆိပ်လို့ဆိုရမယ့် ဘေးခွဲထားတဲ့ဆံပင်ခွေခွေတွေအစား ဆံပင်ကိုအလယ်ခွဲပြီးရှေ့ဆံမြိတ်ချလိုက်တာဖြစ်ပါတယ်။ ထိုပုံစံကြောင့်နဖူးပြင်ကျယ်တယ်လို့မထင်မိစေတော့ဘဲပိုပြီးနုပျိုသွားတယ်ဆိုတဲ့ မှတ်ချက်တွေပေးနေကြပါတယ်။ Ju Ju zawgyi တော်ဝင်မင်းသမီး […]

တစ်သက်လုံးသူမသဘောကျလာခဲ့တဲ့ Celebrityအကြောင်းပြောပြတဲ့ကင်မ်ကာဒက်ရှန်

September 29, 2023 Aung Khant Mon 0

ရှိုက်ဖိုကြီးငယ်နဲ့ပြည့်စုံပြီး ကြော့ရှင်းတဲ့ခန္ဓာကိုယ်အလှ၊ အချိုးအစားကျတဲ့မျက်နှာအလှအပကြောင့်နာမည်ကြီးနေဆဲဖြစ်တဲ့ကင်မ်ကာဒက်ရှန်က သူမအနေနဲ့တစ်သက်လုံးအတွက် သဘောကျနေမယ့်ကျော်ကြားသူတွေရှိကြောင်းကို ထုတ်ဖော်ပြောလာခဲ့ပါတယ်။ဒီအ ကြောင်းအရာကို စက်တင်ဘာလ ၂၅ ရက်နေ့ကထွက်ရှိတဲ့ CR Fashion Book မှာပြောပြခဲ့တာဖြစ်ပါတယ်။သူမတစ်သက်လုံးကြိုက်ခဲ့တဲ့ Celebrity ကတော့ ဂျွန်အက်ဖ်ကနေဒီဂျူနီယာဖြစ်ပြီးအမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီရဲ့သားဖြစ်ပါတယ်။ ဂျွန်အက်ဖ်ကနေဒီဂျူနီယာဟာအသက် ၃၈ နှစ်အရွယ်မှာ လေယာဉ်ပျက်ကျပြီးကွယ်လွန်ခဲ့သူပါ။သူမဟာ ကနေဒီမိသားစုအပေါ် စိတ် ဝင်စားမှုမြင့်မားတယ်ဆိုတာကို […]

အသက် ၅၀ လို့မပြောပါနဲ့ဆိုတဲ့ စူပါမော်ဒယ်လ် Kate Moss

September 28, 2023 Aung Khant Mon 0

၂၀၂၄ ခုနစ်၊ ဇန်နဝါရီလမှာ အသက် ၅၀ ပြည့်တော့မယ့် စူပါမော်ဒယ်လ် Kate Moss ကအသက်ဆိုတာကိန်းဂဏန်းသက်သက်ပါလို့ပြောခဲ့ပါတယ်။“ကျွန်မကိုယ့်ကိုယ်ကိုယ် အသက် ၅၀ လို့မထင်ဘူး။ အဲဒီအကြောင်းကိုလည်းမစဉ်းစားဘူး၊မေ့ထားတယ်”လို့ People နဲ့အင် တာဗျူးမှာပြောဆိုခဲ့တာဖြစ်ပါတယ်။သူမကိုဇရာကိုဘယ်လိုတိုက်ထုတ်မလဲဆိုတဲ့အကြောင်းကိုဆွေးနွေးတဲ့အခါမှာလည်း သူမက Fillers နဲ့ Botox တွေထိုးရတာမျိုးကိုလည်းသဘောမကျဘူး။ သဘာဝအတိုင်းပဲနေတယ်လို့ဖြေခဲ့ပါတယ်။ဒီလိုအလှအပအတွက် ဆေးထိုးသွင်းတာတွေနဲ့ပတ်သက်ရင်သူမကအထင်လွဲမခံနိုင်ဘဲပြန်ဖြေရှင်းလေ့ရှိသူဖြစ်ပါတယ်။ သူမက […]

ကျွန်းလေးပေါ်မှာတစ်ယောက်တည်းရှင်သန်ရဦးမယ့်ဝူယောင်းဝူ

September 28, 2023 Aung Khant Mon 0

Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့ကမ္ဘာတစ်လွှားနာမည်ကြီးသွားခဲ့တဲ့အော်တစ်ဇင်ရှေ့နေမလေးဝူယောင်းဝူတစ်ဖြစ်လဲ မင်းသမီး Park Eun-bin ဟာနောက်ထပ်ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ထားတယ်လို့သိရပါတယ်။လက်ရှိသူမရိုက်ကူးထားတဲ့ဇာတ် လမ်းတွဲကတော့ Castaway Diva ဖြစ်ပြီး tvN ကရိုက်ကူးထုတ်လွှင့်မှာဖြစ်ပါတယ်။ Castaway Diva ဇာတ်လမ်းတွဲမှာသူမဟာဆိုးလ်မြို့ကိုအဆိုပြိုင်ပွဲဝင်ဖို့ လာရောက်ခဲ့ပေမယ့်မတော်တဆလူသူမနေတဲ့ကျွန်းပေါ်ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ သူမဟာကျွန်းပေါ်မှာဘယ်လိုရှင်သန်အောင်နေထိုင်သလဲ၊ အဲဒီကနေဘယ်လိုလွတ်မြောက်လာခဲ့သလဲဆိုတာကိုသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Park Eun-bin အနေနဲ့ Extraordinary […]

Travis Kelec နဲ့ Taylor Swift တို့တကယ်ပဲချစ်သူတွေလား

September 27, 2023 Aung Khant Mon 0

စက်တင်ဘာလ ၂၄ ရက်နေ့က Kansas City Chiefs Game ကို Travis Kelec ရဲ့အမေဖြစ်သူနဲ့ Taylor Swift တို့အတူတူထိုင်အားပေးခဲ့တာမို့ Taylor နဲ့ Travis တို့ရဲ့ကောလာဟလကပိုပြီးပြင်းထန်လာခဲ့ပါတယ်။ကစားပွဲမှာတွေ့ရတဲ့မျက်မြင်သက်သေတွေကတော့ Travis Kelec ရဲ့စိတ်လှုပ်ရှားနေတဲ့ခုလိုမျက်နှာမျိုးတစ်ခါမှမမြင်ဖူးဘူး။ သူကစိတ်ဖိစီးနေတဲ့ပုံပေါ်ပေမယ့်နှစ်လိုဖွယ်ကောင်းနေပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ကောလာဟလအချစ်ရေးသတင်းဟာ ဇူလိုင်ကကျင်းပတဲ့ တေလာရဲ့ […]

Rating ကောင်းနေတဲ့ The Escape of The Seven ဇာတ်လမ်းတွဲ

September 27, 2023 Aung Khant Mon 0

မြန်မာပရိသတ်တွေကြားမှာလတ်တလောရေပန်းစားနေတဲ့ The Escape of The Seven ဇာတ်လမ်းတွဲဟာ ကိုရီးယားပရိသတ်တွေကြားမှာလည်း Rating ကောင်းကောင်းနဲ့ကြည့်ရှုသူများနေတယ်လို့သိရပါတယ်။ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း ၄ ထွက်ရှိချိန်မှာ Rating ၇.၇ ရာခိုင်နှုန်းအထိတက်လာခဲ့တယ်လို့ဆိုပါတယ်။ဒီလိုအရင်အပိုင်းထက် ၁ ရာခိုင်နှုန်းခုန်တက်နိုင်ခဲ့ခြင်းဟာ မှတ်တမ်းတင်လောက်တဲ့အောင်မြင်မှုလို့ Nielsen Korea ကပြောထားတာဖြစ်ပါတယ်။ SBS ကရိုက်ကူးထုတ်လွှင့်တဲ့ The […]

ဂျနီဖာလောရင့်စ်နဲ့အပြိုင်အလှကြီးလှနေတဲ့ Suzy

September 26, 2023 Aung Khant Mon 0

ကိုရီးယားအဆိုတော်၊သရုပ်ဆောင် Suzy ဟာ စက်တင်ဘာလ ၂၃ ရက်နေ့ကနယူးယော့ခ်မြို့မှာကျင်းပတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Longines နာရီရဲ့အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။သူမဟာ Longines ရဲ့ Ambassador of Elegance ရာထူးနဲ့တက်ရောက်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့နှစ်မေလကတည်းက Ambassador အဖြစ်ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာသူမကို နာမည်ကြီးဟောလိဝုဒ်မင်းသမီး ဂျနီဖာလောရင့်စ်နဲ့အတူတွေ့မြင်ရပါတယ်။ Longines ဘက်က Suzy ကို ထူးချွန်ဆုတွေအများကြီးပိုင်ဆိုင်ထားတဲ့ အဆိုတော်၊သရုပ် […]

သမီးဖြစ်သူကြောင့်အသည်းကွဲရတဲ့ Backstreet Boys အဖွဲ့ဝင် AJ McLean

September 25, 2023 Aung Khant Mon 0

၁၉၉၀ ပြည့်နှစ်တွေမှာ ကမ္ဘာအနှံ့ကပရိသတ်တွေဆီသူတို့ရဲ့ပေါ့ပ်သီချင်းတွေရောက်ရှိစေခဲ့ပြီးနာမည်ကြီးခဲ့တဲ့ Backstreet Boys အဖွဲ့ဟာနောက်ထပ်အယ်လ်ဘမ်အသစ်တစ်ခုကို ပရိသတ်ဆီပို့ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။Backstreet Boys အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ AJ McLean က E! News နဲ့အင်တာဗျူးမှာ ၁၀နှစ်အရွယ် သူ့ရဲ့သမီးလေးဖြစ်သူ Elliott ကြောင့်အသည်းကွဲနေရတယ်လို့ဖြေကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်ရဲ့သမီးလေးက တစ်ချိန်လုံး NSYNC ရဲ့သီချင်းတွေကိုနားထောင်တယ်၊ […]

ရိုလာကိုစတာစီးသလိုခံစားရစေမယ့် ဒေးဗစ်ဘက်ခမ်းရဲ့ Documentary

September 23, 2023 Aung Khant Mon 0

ကမ္ဘာကျော်ဘောလုံးသမားဒေးဗစ်ဘက်ခမ်းနဲ့အဆိုတော်ဗစ်တိုးရီးယားတို့ရဲ့အချစ်ပုံပြင်အပိုင်းအစလေးကို ကြော်ငြာအနေနဲ့မကြာသေးခင်က Netflix မှာပြသခဲ့တယ်လို့သိရပါတယ်။ဒါဟာ ဒေးဗစ်ဘက်ခမ်းရဲ့ Documentary ထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပြီး အပိုင်း ၄ ပိုင်း ပါရှိမယ့်သူ့ရဲ့ Documentary ကို အောက်တိုဘာလ ၄ ရက်နေ့မှာစတင်ပြသမယ်လို့သိရပါတယ်။ Documentary ထဲမှာသူ့ရဲ့ငယ်ဘဝ၊ မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်မချုပ်ဆိုခင်ဘဝနဲ့အောင်မြင်မှုရလာပြီးအခြေအနေတွေအထိပါဝင်မှာဖြစ်ပါတယ်။ ဗက်တိုးရီးယားနဲ့ စတင်တွေ့ဆုံခဲ့ပုံ၊ ချိန်းတွေ့ပုံ၊ လက်ထပ်ဖြစ်ခဲ့ပုံတွေကိုအချစ်ဇာတ်လမ်းဆန်ဆန်လေးခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ Documentary […]

ဖီလစ်ပိုင်မှာ Fan Meeting ပြုလုပ်မယ့် Taecyeon

September 22, 2023 Aung Khant Mon 0

2PM အဖွဲ့ဝင် Taecyeon အနေနဲ့ ဖီလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ တစ်ကိုယ်တော် Fan Meeting ပြုလုပ်မယ်လို့သိရပါတယ်။သူ့ရဲ့ SpecialTY လို့နာမည်ပေးထားတဲ့ Solo Fan Meeting ကိုမကြာခင်ကမှ ဂျပန်နိုင်ငံ၊တိုကျိုမြို့မှာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ မနီလာမြို့မှာပြုလုပ်မယ့်အခမ်းအနားကိုတော့ New Frontier Theater မှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ ကျင်းပမယ့်ရက်ကတော့စက်တင် ဘာလ ၂၃ […]