
Sky Castle နဲ့ Mr.Queen တို့မှာပါဝင်ခဲ့တဲ့မင်းသားကြီး ဆောင်မင်ယောင်ကွယ်လွန်
မင်းသားကြီးဆောင်မင်ယောင်ဟာ သည်းခြေအိတ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့ပြီလို့ ဧပြီလ 3 ရက်နေ့ကကိုရီးယားမီဒီယာတွေမှာ ဖော်ပြလာကြပါတယ်။သူဟာ အသည်းကင်ဆာကို လေးကြိမ်တိုင်တိုင်အနိုင်ရခဲ့တယ်လို့ အရင်တုန်းကပြောဆိုခဲ့ပေမယ့်လက်ရှိအချိန်မှာတော့ ရောဂါဝေဒနာကိုအရှုံးပေးလိုက်ရပြီဖြစ်ပါတယ်။မင်းသားကြီးဆောင်မင်ယောင်ဟာ 1966 ခုနစ်ကတည်းကကလေးသရုပ်ဆောင်အဖြစ်နဲ့အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့ပြီးနာမည်ကြီးဇာတ်လမ်းတွဲတွေဖြစ်တဲ့ Sky Castle ၊ Mr.Queen ၊ The Legend ၊ Hot Stove League တို့မှာပါဝင်ခဲ့သူဖြစ်ပါတယ်။ […]