
အင်တာဗျူးမတိုင်ခင် ပြင်ဆင်ရမယ့် အကြံပြုချက် (၄)
ထူးချွန်သော အင်တာဗျူးစွမ်းရည်က ဒီအတိုင်းရောက်မလာတတ်ပါဘူး။သေချာပြင်ဆင်ဖို့လိုအပ်ပါတယ်။ ယုံကြည်မှု၊ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲနိုင်တဲ့စွမ်းရည်၊ဖောက်ထွက်တဲ့အတွေးစတာတွေကို ကြိုတင်လေ့ကျင့်ပြီး ခိုင်မာအောင်ပြင်ဆင်နိုင်ပါတယ်။ဒီအချက်တွေကတော့ အင်တာဗျူးမတိုင်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့အတွက်အကြံပြုချက်တွေပဲဖြစ်ပါတယ်။ အိမ်စာလုပ်တာ အင်တာဗျူးသွားဖြေတဲ့အခါ အိမ်စာလုပ်တဲ့သူက တပန်းသာတာပါပဲ။ အိမ်စာလုပ်တယ်ဆိုတာအဖွဲ့အစည်းအကြောင်း၊ သူတို့ရဲ့အခန်းကဏ္ဍအကြောင်း တတ်နိုင်သမျှလေ့လာဖို့ပါ။ကုမ္ပဏီဝက်ဘ်ဆိုက်တွေမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ရည်မှန်းချက်တွေ၊ပန်း တိုင်တွေကို အကြမ်းဖျင်းလေ့လာနိုင်ပါတယ်။ ဒီအရာတွေကို ကိုယ်နဲ့ရင်းနှီးအောင်လုပ်ပါ။ပြီးတော့ ဒီလေ့လာချက်တွေကနေတဆင့် သင့်ရဲ့အရည်အချင်း၊ […]