၁၉၈၀ ပြည့်နှစ်တွေကိုပြန်ပြီးရင်ခုန်ချင်သူတို့အတွက် Boyhood

Coupang Play ကနေ ထပ်မံထွက်ရှိလာမယ့်ဇာတ်လမ်းတွဲ Boyhood ဟာ ၁၉၈၀ ပြည့်နှစ်ကာလကိုအခြေတည်ရိုက်ကူးထားတာမို့ Reply 1988 လိုဇာတ်လမ်းတွဲမျိုးကိုနှစ်သက်သူတွေစောင့်ကြည့်ရဦးမယ့် ဇာတ်လမ်းတွဲဖြစ်နိုင်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ Summer Strike ထဲက Im Siwan ၊ Okay Madam ထဲက Lee Sun Bin ၊ Lee Si Woo နဲ့ Kang Hey Won တို့ပါဝင်မယ်လို့ အတည်ပြုပြောကြားသွားပါတယ်။ဆယ်ကျော်သက်အရွယ် High School ကားလေးတွေကို သဘောကျတဲ့ပရိသတ်တွေအတွက်ဒီကားလေးက‌စောင့်မျှော်ချင်စရာဇာတ်ကားလေးဖြစ်ပါလိမ့်မယ်။ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Lee Myung Woo ဟာ The Fiery Priest ၊ Backstreet Rookie တို့လိုဇာတ်လမ်းတွဲတွေရဲ့ထုတ်လုပ်မှုပိုင်းကို ကွပ်ကဲခဲ့သူလည်းဖြစ်ပါတယ်။Boyhood ဇာတ်လမ်းတွဲကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။

Ju Ju

zawgyi


Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*