
Celine Dion သေဆုံးတယ်ဆိုတာသတင်းအမှားပါ
Titanic ရုပ်ရှင်ရဲ့ဇာတ်ဝင်တေးကိုကြားတိုင်း သူမကိုပါတွဲဖက်အမှတ်ရကြတဲ့အဆိုတော် Celine Dion သေဆုံးပြီဆိုတဲ့သတင်းက လူမှုကွန်ရက်မှာတော်တော်လေးပျံ့နှံ့လာခဲ့ပါတယ်။ တကယ်တော့ဒါဟာသတင်းမှားသာဖြစ်တယ်လို့ သူမနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကအတည်ပြုထားပါတယ်။သူမဟာလတ်တလောမှာ Stiff Person Syndrome လို့ခေါ်တဲ့အကြောဆွဲရောဂါ၊ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါဆန်းတစ်မျိုးကိုခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါဟာလူတစ်သန်းမှာ တစ်ယောက်၊နှစ်ယောက်ခန့်သာခံစားရလေ့ရှိတဲ့ရောဂါဆန်းတစ်မျိုးဖြစ်တယ်လို့သိရပါတယ်။ သူမအနေနဲ့လည်း ဒီရောဂါကိုတိုက်ထုတ်ပြီးအသက်ရှင်သန်နိုင်ဖို့တိုက်ပွဲဝင်နေတယ်ဆိုတာကိုသူမ ကိုယ်တိုင်က ထုတ်ဖော်ပြောပြခဲ့ဖူးပါတယ်။လက်ရှိမှာ Celine Dion ရဲ့ Music Tour တွေအားလုံးကိုဖျက်သိမ်းထားရပြီး […]