အလုပ်နားတယ်ဆိုတာက အလုပ်ဖြုတ်လိုက်တာ၊ အလုပ်ထုတ်ခံရတာနဲ့ကွဲပြားပါတယ်နော်။ကုမ္ပဏီဘက်က ဝန်ထမ်းတွေကိုအလုပ်နားခိုင်းတယ်ဆိုတာဟာ ဝန်ထမ်းတွေရဲ့အပြစ်၊အမှားတွေကြောင့်မဟုတ်ပါဘူး။ စီးပွားရေး၊ ဘဏ္ဍာရေးအခြေအနေကြောင့်ကုမ္ပဏီဆက် လက်လည်ပတ်ဖို့ခက်တဲ့အခါမျိုးမှာ ဝန်ထမ်းလျှော့ချလိုက်တာမျိုးကို ခေါ်ပါတယ်။အလုပ်နားရတော့မှာကိုသိလိုက်ပြီဆိုရင် ခေါင်းထဲမှာမေးခွန်းမျိုးစုံကဝဲလည်နေမှာပါ။ဘာ့ကြောင့်ငါ့ကျမှဒီလိုဖြစ်ရတာလဲ၊ အိမ်ကိုဘယ်လိုပြောရမလဲ၊ ငါအခုဘာလုပ်ရမလဲဆိုတဲ့မေးခွန်းတွေက ခေါင်းထဲမှာပိုပြီးကြီးစိုးနေမှာဖြစ်ပါတယ်။ ဒီလိုအလုပ်နားခံရခြင်းဟာ ဘယ်ရာထူး၊ ဘယ် Level မဆို ကြုံတွေ့နိုင်တဲ့အရာမျိုးပါ။ ဒါကြောင့်အလုပ်နားခံရတယ်ဆိုတိုင်းစိတ်ဓာတ်ကျစရာမလိုပါဘူး။ကိုယ့်မှာအရည်အချင်းရှိနေသရွေ့အလုပ်တစ်ခုမဟုတ်တစ်ခုအဆင်သင့်စောင့်ကြိုနေတတ်ပါတယ်။ဒီအချိန်မှာအရေးအကြီးဆုံးက ခေါင်းအေးအေးထားပြီးအလုပ်ရှင်ကိုဒီမေးခွန်းတွေပြန်မေးဖို့ဖြစ်ပါတယ်။ ၁. နောက်ဆုံးလုပ်အားခဘယ်တော့ရမှာလဲ၊ ဘယ်လိုရမှာလဲ […]