စင်ကာပူမှာရှိတဲ့ Nike Store မှာဖျော်ဖြေပွဲအသေးလေးလုပ်မယ့် Newjeans

Newjeans အဖွဲ့အနေနဲ့ စင်ကာပူကိုလာရောက်ပြီးဖေဖော်ဝါရီ (၃) ရက်နေ့မှာဖျော်ဖြေပွဲအသေးလေးပြုလုပ်မယ်လို့သိရပါတယ်။ သူမတို့အဖွဲ့ဟာ Nike Store Promotion အတွက်လာရောက်ခြင်းဖြစ်ပြီးဒါဟာသူမတို့အဖွဲ့အနေနဲ့စင်ကာပူကိုပထမဆုံးလာရောက်ခြင်းဖြစ်ပါတယ်။စင်ကာပူမှာရှိတဲ့ Nike Store ဟာ တရုတ်နိုင်ငံပြီးရင် အာရှမှာအကြီးဆုံးစတိုးဖြစ်တယ်လို့သိရပါတယ်။ Newjeans ရဲ့ဖျော်ဖြေပွဲကို Nike Orchid Road မှာပြုလုပ်မှာဖြစ်ပြီး ဒီလမ်းဟာ Nike Store တည်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ Nike Store ကိုဇန်နဝါရီလ 19 ရက်နေ့ကဖွင့်လှစ်ခဲ့ပြီး သူမတို့အနေနဲ့ Promotion အစီအစဉ်အဖြစ်လာရောက်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ(၃) ရက်နေ့မှာပြုလုပ်မယ့် Newjeans ရဲ့ဖျော်ဖြေမှုကိုကြည့်ရဖို့အတွက် “ဘာ့ကြောင့် Newjeans Fan အကြီးစားဖြစ်လာရတာလဲ” ဆိုတဲ့မေးခွန်းကိုဖြေဆိုရမှာဖြစ်ပြီးဖြေဆိုတဲ့နေရာမှာအနိုင်ရသူက Newjeans ရဲ့ Performance ကိုကြည့်ခွင့်ရမယ့်အပြင်အတူတူစျေးဝယ်ခွင့်ကိုလည်းရရှိမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာဆုမရတဲ့ Newjeans Fan တွေအတွက်လည်း Member Days ကိုပြုလုပ်ထားပြီး Nike နဲ့ Newjeans တို့ပူး‌ပေါင်းထုတ်လုပ်တဲ့ Limited Edition Collection တွေကိုဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Ju Ju

zawgyi

Newjeans အဖြဲ႕အေနနဲ႔ စင္ကာပူကိုလာေရာက္ၿပီးေဖေဖာ္ဝါရီ (၃) ရက္ေန႔မွာေဖ်ာ္ေျဖပြဲအေသးေလးျပဳလုပ္မယ္လို႔သိရပါတယ္။ သူမတို႔အဖြဲ႕ဟာ Nike Store Promotion အတြက္လာေရာက္ျခင္းျဖစ္ၿပီးဒါဟာသူမတို႔အဖြဲ႕အေနနဲ႔စင္ကာပူကိုပထမဆုံးလာေရာက္ျခင္းျဖစ္ပါတယ္။စင္ကာပူမွာရွိတဲ့ Nike Store ဟာ တ႐ုတ္ႏိုင္ငံၿပီးရင္ အာရွမွာအႀကီးဆုံးစတိုးျဖစ္တယ္လို႔သိရပါတယ္။ Newjeans ရဲ႕ေဖ်ာ္ေျဖပြဲကို Nike Orchid Road မွာျပဳလုပ္မွာျဖစ္ၿပီး ဒီလမ္းဟာ Nike Store တည္ရွိတဲ့ေနရာလည္းျဖစ္ပါတယ္။ Nike Store ကိုဇန္နဝါရီလ 19 ရက္ေန႔ကဖြင့္လွစ္ခဲ့ၿပီး သူမတို႔အေနနဲ႔ Promotion အစီအစဥ္အျဖစ္လာေရာက္တာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ(၃) ရက္ေန႔မွာျပဳလုပ္မယ့္ Newjeans ရဲ႕ေဖ်ာ္ေျဖမႈကိုၾကည့္ရဖို႔အတြက္ “ဘာ့ေၾကာင့္ Newjeans Fan အႀကီးစားျဖစ္လာရတာလဲ” ဆိုတဲ့ေမးခြန္းကိုေျဖဆိုရမွာျဖစ္ၿပီးေျဖဆိုတဲ့ေနရာမွာအႏိုင္ရသူက Newjeans ရဲ႕ Performance ကိုၾကည့္ခြင့္ရမယ့္အျပင္အတူတူေစ်းဝယ္ခြင့္ကိုလည္းရရွိမွာျဖစ္ပါတယ္။ဒီအစီအစဥ္မွာဆုမရတဲ့ Newjeans Fan ေတြအတြက္လည္း Member Days ကိုျပဳလုပ္ထားၿပီး Nike နဲ႔ Newjeans တို႔ပူး‌ေပါင္းထုတ္လုပ္တဲ့ Limited Edition Collection ေတြကိုဝယ္ယူႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*