Productivity သေချာပေါက်တက်လာစေမယ့်စည်းမျဉ်း (၅) ချက်

Young business people and partners are analyzing sales figures this year to improve sales next year.

‘နေ့တိုင်းအလုပ်တွေပြီးချင်တယ်’၊ ‘တစ်ရက်မှာ ၄၈ နာရီရှိရင်ကောင်းမယ်’၊‘အချိန်တွေဘယ်လိုချေးရမလဲမသိဘူး’ စတဲ့စကားမျိုးတွေကို
အလုပ်များသူတိုင်းကပြောလေ့ရှိကြပါတယ်။ လူတိုင်းဟာတစ်ရက်မှာ ၂၄ နာရီတူညီစွာပဲရနေမှာမို့အချိန်တွေထပ်ချေးဖို့စဉ်းစားမယ့်အ စား အချိန်ကိုဘယ်လိုစီမံမလဲ၊ Productivity တက်လာအောင်ဘယ်လိုလုပ်ဆောင်ကြမလဲ၊ ဘာတွေလုပ်နိုင်မလဲဆိုတာကို စဉ်းစားတာကပိုပြီးအသုံးဝင်ပါလိမ့်မယ်။ဒါကြောင့်လည်း အလုပ်ပြီးမြောက်နိုင်စွမ်းတွေတိုးလာအောင် လုပ်ဆောင်ကြတဲ့နည်းလမ်းတွေထဲကအား လုံးလည်းလိုက်လုပ်လို့အဆင်ပြေမယ့် တကယ်လည်းအသုံးဝင်တဲ့စည်းမျဉ်း (၅) ချက်ကိုမျှဝေချင်ပါတယ်။ အဲဒါတွေက …

(၅) မိနစ် To-Do List
နောက် ၅ မိနစ်အတွင်းလုပ်တော့မယ့်အရာတွေကိုချရေးပါ။ ဥပမာ – နောက် ၅ မိနစ်မှာဖုန်းခေါ်ဖို့ရှိတယ်ဆိုရင်တောင် အဲဒါကိုချရေးပါ။ အလုပ်များသူတွေဟာ အဲဒီလိုမလုပ်ရင်ဖုန်းခေါ်ဖို့ထာဝရမေ့သွားတော့မှာပါ။

ဦးတည်ချက်ခိုင်မာတဲ့ List ဖြစ်ပါစေ
ကိုယ့်ရဲ့ To-Do List တွေဟာ ဦးတည်ချက်ခိုင်မာဖို့၊ ရှင်းလင်းပြတ်သားဖို့လိုပါတယ်။ ဥပမာ – ကိုယ်က Online Marketing နဲ့ပတ်သက်လို့ ဘာမှမသိသေးလို့လေ့လာချင်တယ်ဆိုရင် ‘၄၅ မိနစ်သာအချိန်ပေးရမယ့် SEO အကြောင်းသိကောင်းစရာ’ စတဲ့စာအုပ်မျိုးကိုဖတ်ဖို့
တိတိကျကျရွေးချယ်ထားသင့်ပါတယ်။ အဲဒီလိုတိကျတဲ့ List မရှိထားရင် ဟိုဟာပဲဖတ်ရမလိုလို၊ဒီဟာပဲကြည့်ရမလိုလိုနဲ့ဘာမှအလုပ်မဖြစ်ဘဲ အချိန်ကုန်သွားမှာဖြစ်ပါတယ်။

ဦးစားပေးတတ်ဖို့လိုပါတယ်
To-Do List တော့ရှိပေမယ့် ဒါတွေကိုတစ်နေရာတည်းမှာ စုပြုံရေးလိုက်ရင်လုပ်စရာတွေများလိုက်တာဆိုပြီး စိတ်ပျက်သွားနိုင်ပါတယ်။ ဒီလိုစိတ်ညစ်သွားတာနဲ့တင်ဘာမှထိထိရောက်ရောက်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ To-Do List ထဲကနေဦးစားပေးရမယ့်အရာတွေကို ခွဲထုတ်ဖို့လိုပါတယ်။ ဒီနေရာမှာ အောက်မှာဖော်ပြထားတဲ့ Stephen Convey Matrix လေးက အသုံးဝင်ပါတယ်။အ သုံးပြုနည်းကတော့ ကိုယ်လုပ်ရမယ့်အလုပ်တွေကိုဖော်ပြထားတဲ့အကွက်လေးထဲမှန်မှန်ကန်ကန်ထည့်ရုံပါပဲ။

ဥပမာ – ကိုယ်က Client ကိုချက်ချင်းဖုန်းပြန်ခေါ်ရမယ်ဆိုရင် ဒါက Urgent, Important ဖြစ်ပါတယ်။ချက်ချင်းတော့လုပ်ရမယ်၊ အချိန်နောက်ကျလို့ရတယ်ဆိုရင် Urgent, Not Important ဖြစ်ပါတယ်။ကိုယ့်အနေနဲ့ပွဲတစ်ခုတက်ဖို့ သူတို့သတ်မှတ်ထားတဲ့အရောင်အကျီဝယ်ရမယ်၊ပွဲကနောက်တစ်ပတ်မှဆိုရင် ဒါက Not Urgent, Important ဖြစ်ပါတယ်။ဒီလိုကိုယ်လုပ်ရမယ့်အလုပ်တွေကို ဦးစားပေးနဲ့ ဦးစားမပေး ခွဲလိုက်မယ်ဆိုရင်အလုပ်တွေဟာလည်းချိန်သားကိုက်ပြီးမြောက်နိုင်ပါတယ်။

Ju Ju

zawgyi

‘ေန႔တိုင္းအလုပ္ေတြၿပီးခ်င္တယ္’၊ ‘တစ္ရက္မွာ ၄၈ နာရီရွိရင္ေကာင္းမယ္’၊‘အခ်ိန္ေတြဘယ္လိုေခ်းရမလဲမသိဘူး’ စတဲ့စကားမ်ိဳးေတြကို
အလုပ္မ်ားသူတိုင္းကေျပာေလ့ရွိၾကပါတယ္။ လူတိုင္းဟာတစ္ရက္မွာ ၂၄ နာရီတူညီစြာပဲရေနမွာမို႔အခ်ိန္ေတြထပ္ေခ်းဖို႔စဥ္းစားမယ့္အ စား အခ်ိန္ကိုဘယ္လိုစီမံမလဲ၊ Productivity တက္လာေအာင္ဘယ္လိုလုပ္ေဆာင္ၾကမလဲ၊ ဘာေတြလုပ္ႏိုင္မလဲဆိုတာကို စဥ္းစားတာကပိုၿပီးအသုံးဝင္ပါလိမ့္မယ္။ဒါေၾကာင့္လည္း အလုပ္ၿပီးေျမာက္ႏိုင္စြမ္းေတြတိုးလာေအာင္ လုပ္ေဆာင္ၾကတဲ့နည္းလမ္းေတြထဲကအား လုံးလည္းလိုက္လုပ္လို႔အဆင္ေျပမယ့္ တကယ္လည္းအသုံးဝင္တဲ့စည္းမ်ဥ္း (၅) ခ်က္ကိုမွ်ေဝခ်င္ပါတယ္။ အဲဒါေတြက …

(၅) မိနစ္ To-Do List
ေနာက္ ၅ မိနစ္အတြင္းလုပ္ေတာ့မယ့္အရာေတြကိုခ်ေရးပါ။ ဥပမာ – ေနာက္ ၅ မိနစ္မွာဖုန္းေခၚဖို႔ရွိတယ္ဆိုရင္ေတာင္ အဲဒါကိုခ်ေရးပါ။ အလုပ္မ်ားသူေတြဟာ အဲဒီလိုမလုပ္ရင္ဖုန္းေခၚဖို႔ထာဝရေမ့သြားေတာ့မွာပါ။

ဦးတည္ခ်က္ခိုင္မာတဲ့ List ျဖစ္ပါေစ
ကိုယ့္ရဲ႕ To-Do List ေတြဟာ ဦးတည္ခ်က္ခိုင္မာဖို႔၊ ရွင္းလင္းျပတ္သားဖို႔လိုပါတယ္။ ဥပမာ – ကိုယ္က Online Marketing နဲ႔ပတ္သက္လို႔ ဘာမွမသိေသးလို႔ေလ့လာခ်င္တယ္ဆိုရင္ ‘၄၅ မိနစ္သာအခ်ိန္ေပးရမယ့္ SEO အေၾကာင္းသိေကာင္းစရာ’ စတဲ့စာအုပ္မ်ိဳးကိုဖတ္ဖို႔
တိတိက်က်ေ႐ြးခ်ယ္ထားသင့္ပါတယ္။ အဲဒီလိုတိက်တဲ့ List မရွိထားရင္ ဟိုဟာပဲဖတ္ရမလိုလို၊ဒီဟာပဲၾကည့္ရမလိုလိုနဲ႔ဘာမွအလုပ္မျဖစ္ဘဲ အခ်ိန္ကုန္သြားမွာျဖစ္ပါတယ္။

ဦးစားေပးတတ္ဖို႔လိုပါတယ္
To-Do List ေတာ့ရွိေပမယ့္ ဒါေတြကိုတစ္ေနရာတည္းမွာ စုၿပဳံေရးလိုက္ရင္လုပ္စရာေတြမ်ားလိုက္တာဆိုၿပီး စိတ္ပ်က္သြားႏိုင္ပါတယ္။ ဒီလိုစိတ္ညစ္သြားတာနဲ႔တင္ဘာမွထိထိေရာက္ေရာက္လုပ္ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္မို႔လို႔ To-Do List ထဲကေနဦးစားေပးရမယ့္အရာေတြကို ခြဲထုတ္ဖို႔လိုပါတယ္။ ဒီေနရာမွာ ေအာက္မွာေဖာ္ျပထားတဲ့ Stephen Convey Matrix ေလးက အသုံးဝင္ပါတယ္။အ သုံးျပဳနည္းကေတာ့ ကိုယ္လုပ္ရမယ့္အလုပ္ေတြကိုေဖာ္ျပထားတဲ့အကြက္ေလးထဲမွန္မွန္ကန္ကန္ထည့္႐ုံပါပဲ။

ဥပမာ – ကိုယ္က Client ကိုခ်က္ခ်င္းဖုန္းျပန္ေခၚရမယ္ဆိုရင္ ဒါက Urgent, Important ျဖစ္ပါတယ္။ခ်က္ခ်င္းေတာ့လုပ္ရမယ္၊ အခ်ိန္ေနာက္က်လို႔ရတယ္ဆိုရင္ Urgent, Not Important ျဖစ္ပါတယ္။ကိုယ့္အေနနဲ႔ပြဲတစ္ခုတက္ဖို႔ သူတို႔သတ္မွတ္ထားတဲ့အေရာင္အက်ီဝယ္ရမယ္၊ပြဲကေနာက္တစ္ပတ္မွဆိုရင္ ဒါက Not Urgent, Important ျဖစ္ပါတယ္။ဒီလိုကိုယ္လုပ္ရမယ့္အလုပ္ေတြကို ဦးစားေပးနဲ႔ ဦးစားမေပး ခြဲလိုက္မယ္ဆိုရင္အလုပ္ေတြဟာလည္းခ်ိန္သားကိုက္ၿပီးေျမာက္ႏိုင္ပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*