Online ကနေ အင်တာဗျူးဖြေချိန်မှာ ဘာအရေးအကြီးဆုံးလဲ

Online ကနေ အင်တာဗျူးဖြေရတာဟာလည်း လူကိုယ်တိုင်အင်တာဗျူးခန်းထဲဝင်ပြီးဖြေရသလိုမျိုးပဲစိတ်လှုပ်ရှားစရာကောင်းသလို စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ကိုယ့်ကို Skype ၊ Zoom နဲ့ HireVue တို့ကနေ အင်တာဗျူးတာ၊ ဖုန်းကောလ်နဲ့တင်အင်တာဗျူးတာ
ဒါမှမဟုတ် ကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုကိုပြသရတာ အားလုံးဟာ Online အင်တာဗျူးထဲအကျုံးဝင်ပါတယ်။ဒါတွေကိုဘယ်လိုအ ဆင်ပြေပြေကျော်လွှားမလဲဆိုတာက အရေးကြီးတဲ့ဒီအချက် (၁၀) ချက်ပေါ်မူတည်ပါတယ်။

Software
ပထမအရေးအကြီးဆုံးအချက်ကတော့ အင်တာဗျူးဖြေဖို့အသုံးပြုရမယ့် Software ကိုကိုယ့်ရဲ့ဖုန်း(သို့မဟုတ်) ကွန်ပျူတာထဲကို Download လုပ်ပြီးကြိုတင်စမ်းသပ်ကြည့်ထားဖို့လိုပါတယ်။အင်တာဗျူးမစခင်မိနစ်ပိုင်းအလိုလောက်ကျမှ Software ကို Download
လုပ်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ ကိုယ်သုံးရမယ့် Software ကိုထည့်တာ၊ Account ဖွင့်ပြီးစမ်းသုံးကြည့်တာမျိုးကို အင်တာဗျူးမတိုင်ခင် တစ်ရက်လောက်အလိုကတည်းကလုပ်ဆောင်ထားသင့်ပါတယ်။ကိုယ့်ရဲ့ဖုန်းနဲ့လက်ပ်တော့ကိုလည်း ဘက်ထရီအပြည့်ရှိစေဖို့၊ Power Bank ဒါမှမဟုတ်ဘက်ထရီအပိုဆောင်ထားဖို့လည်း အရေးကြီးပါတယ်နော်။

နေရာ
ဒုတိယတစ်ချက်ကတော့ နေရာပါ။ အင်တာဗျူးဖြေမယ့်နေရာဟာအင်တာနက်ကောင်းကောင်းရတဲ့နေရာဖြစ်ဖို့လိုပါတယ်။ အင်တာဗျူးဖြေနေတုန်းလိုင်းကျသွားတာမျိုးက ကိုယ့်ကိုပါအင်တာဗျူးကျသွားစေနိုင်ပါတယ်။

အလင်းအမှောင်
ဗီဒီယိုနဲ့ အင်တာဗျူးဖြေတဲ့အချိန်မှာ အလင်းအမှောင်ကလည်းအရေးကြီးပါတယ်။အခန်းထဲမှာပြတင်းပေါက်တွေရှိတယ်ဆိုရင်ပြတင်း ပေါက်ဘက်ကိုမျက်နှာမူပြီးတော့အင်တာဗျူးဖြေပါ။အလင်းရောင်ဝင်နေတဲ့ ပြတင်းပေါက်ကို ကိုယ့်အနောက်မှာထားလိုက်ရင် တစ်ဖက်လူကကိုယ့်ကိုကောင်းကောင်းမြင်ရမှာမဟုတ်တော့ပါဘူး။

အသံ
အင်တာဗျူးဖြေချိန်မှာ အသံကိုကြည်ကြည်လင်လင်ကြားရဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ကိုယ့်ရဲ့ မိုက်ကရိုဖုန်း၊ Speaker နဲ့ အသံ Setting တွေကိုသေချာစမ်းသပ်ပြီး ပြင်ဆင်ထားဖို့လိုပါတယ်။အင်တာဗျူးသူရဲ့အသံကိုလည်းကိုယ်ကမကြားရ၊ ကိုယ့်အသံကိုလည်းသူမကြားရဆိုရင်တော်တော်လေးမသပ်ရပ်တဲ့ အင်တာဗျူးအဖြစ်သတ်မှတ်ခံရပါလိမ့်မယ်။

တိတ်ဆိတ်မှု
နောက်တစ်ချက်က အနှောင့်အယှက်ကင်းတဲ့နေရာမှာအင်တာဗျူးဖြေဖို့ပဲဖြစ်ပါတယ်။ ဒီအချက်ကိုတော့အထူးတလည်ပြောစရာမလိုအောင် အားလုံးကအော်တိုသိပြီးသားဖြစ်ကြမှာပါ။ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ရုံးမှာပဲဖြစ်ဖြစ် လုံးဝအနှောင့်အယှက်ကင်းတဲ့နေရာကနေပဲ အင်တာဗျူးဖြေသင့်ပါတယ်။

ဝတ်စားပြင်ဆင်မှု
Online အင်တာဗျူးမှာလည်း ဝတ်စားပြင်ဆင်မှုကိုလျှော့လို့မရပါဘူးနော်။ အင်တာဗျူးဖြေဖို့အတွက်ရုံးဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ် ဆင်ဖို့လိုပါတယ်။ ဒါက အလုပ်ကိုလေးစားမှုရှိတယ်ဆိုတာကိုသိသာစေပါတယ်။ အမျိုးသမီးတွေအနေနဲ့ မိတ်ကပ်ပါးပါးလေးပြင်ဖို့လိုပါတယ်။

အကြည့်
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကိုယ့်ရဲ့မျက်လုံးအကြည့်ပါ။ ကိုယ်က Screen ကိုကြည့်ပြီးဖြေလို့မရပါဘူး။ Webcam ကိုကြည့်ပေးရမှာဖြစ်ပါတယ်။ ဒါမှတစ်ဖက်ကအင်တာဗျူးမေးနေသူနဲ့ မျက်လုံးအကြည့်ချင်းဆုံမှာြဖစ်ပါတယ်။ ဒါကြောင့် ကိုယ့်စက်မှာရှိတဲ့ကင်မရာကိုကြည့်ပြီးဖြေတတ်စေဖို့ အလေ့အကျင့်လုပ်ထားဖို့လိုပါတယ်။

အဖြေပြင်ဆင်ထားမှု
ပထမဆုံးမေးတတ်တဲ့မေးခွန်းဖြစ်တဲ့ Introduce Yourself ကို ကိုယ်ကသေသေချာချာဖြေနိုင်ဖို့ပြင်ဆင်ထားရပါမယ်။ ဒီလိုကိုယ့်အ ကြောင်းကိုမိတ်ဆက်ရတဲ့အချိန်မှာ S.E.A.T ကိုသတိရပေးပါ။ S ဆိုတာက Skills ပါ။ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို အရင်ဆုံးပြောပါ။ E ကတော့ Experience ဖြစ်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံ ဒါမှမဟုတ် ပညာရေးနဲ့ပတ်သက်တဲ့ပြီးမြောက်အောင်မြင်ထားမှုတွေကိုပြောနိုင်ပါတယ်။A ကတော့ Achievements ပါ။ ကိုယ့်အတွက် ထူးခြားတဲ့အောင်မြင်မှုတွေ၊ဆုတွေအကြောင်းကိုပြောနိုင်ပါတယ်။
T ကတော့ Type of person ပါ။ ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာကိုပြောဆိုနိုင်ပါတယ်။

ကိုယ်ဟန်အမူအရာ
နံပါတ် ၈ အချက်ကတော့ ကိုယ်ဟန်အမူအရာနဲ့ အင်တာဗျူးဖြေပုံစတာတွေဖြစ်ပါတယ်။ ဒီအထဲမှာထိုင်ခုံမှာကိုယ်ကိုမတ်မတ်ထိုင်မယ်၊ ပြောသမျှကိုစိတ်ဝင်တစားနားထောင်မယ်၊တတ်နိုင်သမျှပြုံးထားမယ်၊ သွက်သွက်လက်လက်ဖြေဆိုမယ် စတဲ့အချက်တွေပါဝင်ပါတယ်။ ကိုယ်ကအင်တာဗျူးမဖြေခင်မှာ အစမ်းလေ့ကျင့်ဖို့လိုပါတယ်။ လေ့ကျင့်သမျှကို ဗီဒီယိုရိုက်ထားပြီး ပြန်ကြည့်၊ပြန်ပြင်ဆင်သင့်ပါတယ်။

မေးခွန်းပြန်မေးတတ်ခြင်း
နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးပြီးသွားချိန်တိုင်း ဒီမေးခွန်း (၃) ခုကိုအင်တာဗျူးသူထံပြန်မေးဖို့ပါပဲ။ ဒီရာထူးနေရာအတွက် ဒီနှစ်ပိုင်းတွေမှာဘယ်လိုအခြေအနေရှိလဲ၊ Company Culture ကဘယ်လိုရှိလဲ၊ နောင်နှစ်အနည်းငယ်အတွင်း Business Plan က ဘယ် လိုရှိလဲစတဲ့အချက်တွေကို မေးကြည့်နိုင်ပါတယ်။ ဒါတွေက ကိုယ်ဟာအလုပ်ကိုစိတ်ဝင်စားတယ်၊ Smart ဖြစ်တယ်ဆိုတာကိုဖော်ပြနိုင်ပါတယ်။ ဒါကြောင့် မေးခွန်းကောင်းတွေပြန်မေးတတ်ဖို့ကိုလည်းကြိုပြင်ထားသင့်ပါတယ်။ဒီအချက် (၁၀) ချက်ကတော့ Online Interview အတွက်မဖြစ်မနေရှိထား၊ပြင်ထားသင့်တဲ့အချက်တွေဖြစ်ပါတယ်။

Ju Ju

zawgyi

Online ကေန အင္တာဗ်ဴးေျဖရတာဟာလည္း လူကိုယ္တိုင္အင္တာဗ်ဴးခန္းထဲဝင္ၿပီးေျဖရသလိုမ်ိဳးပဲစိတ္လႈပ္ရွားစရာေကာင္းသလို စိန္ေခၚမႈတစ္ခုလည္းျဖစ္ပါတယ္။ကိုယ့္ကို Skype ၊ Zoom နဲ႔ HireVue တို႔ကေန အင္တာဗ်ဴးတာ၊ ဖုန္းေကာလ္နဲ႔တင္အင္တာဗ်ဴးတာ
ဒါမွမဟုတ္ ႀကိဳတင္႐ိုက္ကူးထားတဲ့ဗီဒီယိုကိုျပသရတာ အားလုံးဟာ Online အင္တာဗ်ဴးထဲအက်ဳံးဝင္ပါတယ္။ဒါေတြကိုဘယ္လိုအ ဆင္ေျပေျပေက်ာ္လႊားမလဲဆိုတာက အေရးႀကီးတဲ့ဒီအခ်က္ (၁၀) ခ်က္ေပၚမူတည္ပါတယ္။

Software
ပထမအေရးအႀကီးဆုံးအခ်က္ကေတာ့ အင္တာဗ်ဴးေျဖဖို႔အသုံးျပဳရမယ့္ Software ကိုကိုယ့္ရဲ႕ဖုန္း(သို႔မဟုတ္) ကြန္ပ်ဴတာထဲကို Download လုပ္ၿပီးႀကိဳတင္စမ္းသပ္ၾကည့္ထားဖို႔လိုပါတယ္။အင္တာဗ်ဴးမစခင္မိနစ္ပိုင္းအလိုေလာက္က်မွ Software ကို Download
လုပ္တာမ်ိဳးလုံးဝမလုပ္သင့္ပါဘူး။ ကိုယ္သုံးရမယ့္ Software ကိုထည့္တာ၊ Account ဖြင့္ၿပီးစမ္းသုံးၾကည့္တာမ်ိဳးကို အင္တာဗ်ဴးမတိုင္ခင္ တစ္ရက္ေလာက္အလိုကတည္းကလုပ္ေဆာင္ထားသင့္ပါတယ္။ကိုယ့္ရဲ႕ဖုန္းနဲ႔လက္ပ္ေတာ့ကိုလည္း ဘက္ထရီအျပည့္ရွိေစဖို႔၊ Power Bank ဒါမွမဟုတ္ဘက္ထရီအပိုေဆာင္ထားဖို႔လည္း အေရးႀကီးပါတယ္ေနာ္။

ေနရာ
ဒုတိယတစ္ခ်က္ကေတာ့ ေနရာပါ။ အင္တာဗ်ဴးေျဖမယ့္ေနရာဟာအင္တာနက္ေကာင္းေကာင္းရတဲ့ေနရာျဖစ္ဖို႔လိုပါတယ္။ အင္တာဗ်ဴးေျဖေနတုန္းလိုင္းက်သြားတာမ်ိဳးက ကိုယ့္ကိုပါအင္တာဗ်ဴးက်သြားေစႏိုင္ပါတယ္။

အလင္းအေမွာင္
ဗီဒီယိုနဲ႔ အင္တာဗ်ဴးေျဖတဲ့အခ်ိန္မွာ အလင္းအေမွာင္ကလည္းအေရးႀကီးပါတယ္။အခန္းထဲမွာျပတင္းေပါက္ေတြရွိတယ္ဆိုရင္ျပတင္း ေပါက္ဘက္ကိုမ်က္ႏွာမူၿပီးေတာ့အင္တာဗ်ဴးေျဖပါ။အလင္းေရာင္ဝင္ေနတဲ့ ျပတင္းေပါက္ကို ကိုယ့္အေနာက္မွာထားလိုက္ရင္ တစ္ဖက္လူကကိုယ့္ကိုေကာင္းေကာင္းျမင္ရမွာမဟုတ္ေတာ့ပါဘူး။

အသံ
အင္တာဗ်ဴးေျဖခ်ိန္မွာ အသံကိုၾကည္ၾကည္လင္လင္ၾကားရဖို႔ကလည္း အေရးႀကီးတဲ့အခ်က္တစ္ခုပါ။ကိုယ့္ရဲ႕ မိုက္က႐ိုဖုန္း၊ Speaker နဲ႔ အသံ Setting ေတြကိုေသခ်ာစမ္းသပ္ၿပီး ျပင္ဆင္ထားဖို႔လိုပါတယ္။အင္တာဗ်ဴးသူရဲ႕အသံကိုလည္းကိုယ္ကမၾကားရ၊ ကိုယ့္အသံကိုလည္းသူမၾကားရဆိုရင္ေတာ္ေတာ္ေလးမသပ္ရပ္တဲ့ အင္တာဗ်ဴးအျဖစ္သတ္မွတ္ခံရပါလိမ့္မယ္။

တိတ္ဆိတ္မႈ
ေနာက္တစ္ခ်က္က အေႏွာင့္အယွက္ကင္းတဲ့ေနရာမွာအင္တာဗ်ဴးေျဖဖို႔ပဲျဖစ္ပါတယ္။ ဒီအခ်က္ကိုေတာ့အထူးတလည္ေျပာစရာမလိုေအာင္ အားလုံးကေအာ္တိုသိၿပီးသားျဖစ္ၾကမွာပါ။ ကိုယ့္အိမ္မွာပဲျဖစ္ျဖစ္၊႐ုံးမွာပဲျဖစ္ျဖစ္ လုံးဝအေႏွာင့္အယွက္ကင္းတဲ့ေနရာကေနပဲ အင္တာဗ်ဴးေျဖသင့္ပါတယ္။

ဝတ္စားျပင္ဆင္မႈ
Online အင္တာဗ်ဴးမွာလည္း ဝတ္စားျပင္ဆင္မႈကိုေလွ်ာ့လို႔မရပါဘူးေနာ္။ အင္တာဗ်ဴးေျဖဖို႔အတြက္႐ုံးဝတ္စုံကို သပ္သပ္ရပ္ရပ္ဝတ္ ဆင္ဖို႔လိုပါတယ္။ ဒါက အလုပ္ကိုေလးစားမႈရွိတယ္ဆိုတာကိုသိသာေစပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ မိတ္ကပ္ပါးပါးေလးျပင္ဖို႔လိုပါတယ္။

အၾကည့္
ေနာက္ထပ္အေရးႀကီးတဲ့အခ်က္ကေတာ့ ကိုယ့္ရဲ႕မ်က္လုံးအၾကည့္ပါ။ ကိုယ္က Screen ကိုၾကည့္ၿပီးေျဖလို႔မရပါဘူး။ Webcam ကိုၾကည့္ေပးရမွာျဖစ္ပါတယ္။ ဒါမွတစ္ဖက္ကအင္တာဗ်ဴးေမးေနသူနဲ႔ မ်က္လုံးအၾကည့္ခ်င္းဆုံမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္စက္မွာရွိတဲ့ကင္မရာကိုၾကည့္ၿပီးေျဖတတ္ေစဖို႔ အေလ့အက်င့္လုပ္ထားဖို႔လိုပါတယ္။

အေျဖျပင္ဆင္ထားမႈ
ပထမဆုံးေမးတတ္တဲ့ေမးခြန္းျဖစ္တဲ့ Introduce Yourself ကို ကိုယ္ကေသေသခ်ာခ်ာေျဖႏိုင္ဖို႔ျပင္ဆင္ထားရပါမယ္။ ဒီလိုကိုယ့္အ ေၾကာင္းကိုမိတ္ဆက္ရတဲ့အခ်ိန္မွာ S.E.A.T ကိုသတိရေပးပါ။ S ဆိုတာက Skills ပါ။ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈေတြကို အရင္ဆုံးေျပာပါ။ E ကေတာ့ Experience ျဖစ္ပါတယ္။ကိုယ့္ရဲ႕လုပ္ငန္းအေတြ႕အႀကဳံ ဒါမွမဟုတ္ ပညာေရးနဲ႔ပတ္သက္တဲ့ၿပီးေျမာက္ေအာင္ျမင္ထားမႈေတြကိုေျပာႏိုင္ပါတယ္။A ကေတာ့ Achievements ပါ။ ကိုယ့္အတြက္ ထူးျခားတဲ့ေအာင္ျမင္မႈေတြ၊ဆုေတြအေၾကာင္းကိုေျပာႏိုင္ပါတယ္။
T ကေတာ့ Type of person ပါ။ ကိုယ္ကဘယ္လိုလူမ်ိဳးလဲဆိုတာကိုေျပာဆိုႏိုင္ပါတယ္။

ကိုယ္ဟန္အမူအရာ
နံပါတ္ ၈ အခ်က္ကေတာ့ ကိုယ္ဟန္အမူအရာနဲ႔ အင္တာဗ်ဴးေျဖပုံစတာေတြျဖစ္ပါတယ္။ ဒီအထဲမွာထိုင္ခုံမွာကိုယ္ကိုမတ္မတ္ထိုင္မယ္၊ ေျပာသမွ်ကိုစိတ္ဝင္တစားနားေထာင္မယ္၊တတ္ႏိုင္သမွ်ၿပဳံးထားမယ္၊ သြက္သြက္လက္လက္ေျဖဆိုမယ္ စတဲ့အခ်က္ေတြပါဝင္ပါတယ္။ ကိုယ္ကအင္တာဗ်ဴးမေျဖခင္မွာ အစမ္းေလ့က်င့္ဖို႔လိုပါတယ္။ ေလ့က်င့္သမွ်ကို ဗီဒီယို႐ိုက္ထားၿပီး ျပန္ၾကည့္၊ျပန္ျပင္ဆင္သင့္ပါတယ္။

ေမးခြန္းျပန္ေမးတတ္ျခင္း
ေနာက္ဆုံးတစ္ခ်က္ကေတာ့ အင္တာဗ်ဴးၿပီးသြားခ်ိန္တိုင္း ဒီေမးခြန္း (၃) ခုကိုအင္တာဗ်ဴးသူထံျပန္ေမးဖို႔ပါပဲ။ ဒီရာထူးေနရာအတြက္ ဒီႏွစ္ပိုင္းေတြမွာဘယ္လိုအေျခအေနရွိလဲ၊ Company Culture ကဘယ္လိုရွိလဲ၊ ေနာင္ႏွစ္အနည္းငယ္အတြင္း Business Plan က ဘယ္ လိုရွိလဲစတဲ့အခ်က္ေတြကို ေမးၾကည့္ႏိုင္ပါတယ္။ ဒါေတြက ကိုယ္ဟာအလုပ္ကိုစိတ္ဝင္စားတယ္၊ Smart ျဖစ္တယ္ဆိုတာကိုေဖာ္ျပႏိုင္ပါတယ္။ ဒါေၾကာင့္ ေမးခြန္းေကာင္းေတြျပန္ေမးတတ္ဖို႔ကိုလည္းႀကိဳျပင္ထားသင့္ပါတယ္။ဒီအခ်က္ (၁၀) ခ်က္ကေတာ့ Online Interview အတြက္မျဖစ္မေနရွိထား၊ျပင္ထားသင့္တဲ့အခ်က္ေတြျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*