Timothee Chamalet ရဲ့ ဇာတ်ကားသစ် Wonka ရုံတင်တော့မယ်

ငယ်ရွယ်ပြီးချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်-ပြင်သစ်ကပြားမင်းသား Timothee Chamalet ဟာ Homeland ၊Men, Women & Children ၊ Interstellar ၊ Call me By Your Name ၊ Lady Bird ၊ Little Women ၊Bones and All ၊ Dune စတဲ့ကားကောင်းများစွာကိုဆက်တိုက်ရိုက်ကူးခဲ့ရသူလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သူ့ရဲ့နောက်ထပ်ရုပ်ရှင်ကားဖြစ်တဲ့ Wonka ဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ UK ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ US မှာရုံတင်ပြသတော့မယ်လို့သိရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၆၄ ခုနစ်ထုတ်ဝတ္ထုဖြစ်တဲ့ Charlie and The Chocolate Factory ထဲက ဇာတ်ကောင် Willy Wonka အကြောင်းကိုတင်ဆက်ထားတာဖြစ်ပြီး Musical Fantasy အမျိုးအစားဖြစ်ပါတယ်။ Timothee Chamalet အနေနဲ့ ဒီဇာတ်ကားမှာ Willy Wonka အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

လန်ဒန်မှာပြုလုပ်တဲ့ Wonka Press Show ကို တက်ရောက်လာတဲ့ Timothee Chamalet ကို ၂၀၀၅ ခုနစ်က မင်းသားကြီး ဂျွန်နီဒပ်ကလည်းဒီဇာတ်ကောင်ကိုသရုပ်ဆောင်ဖူးတာမို့သူ့ဆီကအကြံဉာဏ်ယူခဲ့တာမျိုးရှိလားလို့မေးတဲ့အခါ “အခုကျွန်တော်ရိုက်ကူးရတဲ့ Version ကိုသဘောကျပါတယ်။ ဒီ Version အတွက် ဂျွန်နီဒပ်ဆီကနေအကြံဉာဏ်တောင်းတာမျိုးတော့မရှိခဲ့ပါဘူး” လို့ဖြေကြားခဲ့ပါတယ်။ Timothee Chamalet ဟာ ဒီဇာတ်ကားမှာသီချင်းသီဆိုနိုင်ဖို့ နာမည်ကြီး Vocal Coach တွေနဲ့စနစ်တကျလေ့ကျင့်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့အဆိုစွမ်းရည်ကိုဒီဇာတ်ကားမှာအပြည့်အဝမြင်တွေ့ရမှာဖြစ်ပါတယ်။

Ju Ju

zawgyi

ငယ္႐ြယ္ၿပီးေခ်ာေမာတဲ့႐ုပ္ရည္ကိုပိုင္ဆိုင္ထားတဲ့ အေမရိကန္-ျပင္သစ္ကျပားမင္းသား Timothee Chamalet ဟာ Homeland ၊Men, Women & Children ၊ Interstellar ၊ Call me By Your Name ၊ Lady Bird ၊ Little Women ၊Bones and All ၊ Dune စတဲ့ကားေကာင္းမ်ားစြာကိုဆက္တိုက္႐ိုက္ကူးခဲ့ရသူလည္းျဖစ္ပါတယ္။လက္ရွိမွာေတာ့ သူ႔ရဲ႕ေနာက္ထပ္႐ုပ္ရွင္ကားျဖစ္တဲ့ Wonka ဟာ ဒီဇင္ဘာလ ၈ ရက္ေန႔မွာ UK ၊ ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ US မွာ႐ုံတင္ျပသေတာ့မယ္လို႔သိရပါတယ္။ ဒီဇာတ္ကားဟာ ၁၉၆၄ ခုနစ္ထုတ္ဝတၳဳျဖစ္တဲ့ Charlie and The Chocolate Factory ထဲက ဇာတ္ေကာင္ Willy Wonka အေၾကာင္းကိုတင္ဆက္ထားတာျဖစ္ၿပီး Musical Fantasy အမ်ိဳးအစားျဖစ္ပါတယ္။ Timothee Chamalet အေနနဲ႔ ဒီဇာတ္ကားမွာ Willy Wonka အျဖစ္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။

လန္ဒန္မွာျပဳလုပ္တဲ့ Wonka Press Show ကို တက္ေရာက္လာတဲ့ Timothee Chamalet ကို ၂၀၀၅ ခုနစ္က မင္းသားႀကီး ဂြၽန္နီဒပ္ကလည္းဒီဇာတ္ေကာင္ကိုသ႐ုပ္ေဆာင္ဖူးတာမို႔သူ႔ဆီကအႀကံဉာဏ္ယူခဲ့တာမ်ိဳးရွိလားလို႔ေမးတဲ့အခါ “အခုကြၽန္ေတာ္႐ိုက္ကူးရတဲ့ Version ကိုသေဘာက်ပါတယ္။ ဒီ Version အတြက္ ဂြၽန္နီဒပ္ဆီကေနအႀကံဉာဏ္ေတာင္းတာမ်ိဳးေတာ့မရွိခဲ့ပါဘူး” လို႔ေျဖၾကားခဲ့ပါတယ္။ Timothee Chamalet ဟာ ဒီဇာတ္ကားမွာသီခ်င္းသီဆိုႏိုင္ဖို႔ နာမည္ႀကီး Vocal Coach ေတြနဲ႔စနစ္တက်ေလ့က်င့္ခဲ့တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕အဆိုစြမ္းရည္ကိုဒီဇာတ္ကားမွာအျပည့္အဝျမင္ေတြ႕ရမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*