Eras Tour အတွင်းသေဆုံးခဲ့ရတဲ့ Fan တစ်ယောက်ရဲ့မိဘတွေနဲ့တေလာဆွပ်ဖ်တွေ့ဆုံ

ဘရာဇီးမှာပြုလုပ်တဲ့ Eras Tour အတွင်းနေမကောင်းဖြစ်ပြီး ဆေးရုံအရောက်မှာသေဆုံးခဲ့ရတဲ့ Fan တစ်ယောက်ရဲ့မိဘတွေနဲ့ တေလာဆွပ်ဖ်ကအထူးတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တေလာဆွပ်ဖ်ရဲ့ Fan တစ်ယောက်ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ်အမျိုးသမီး Ana Clara Benevides Machado ဟာ ရီးရိုးဒီဂျနေးရိုးမြို့မှာပြုလုပ်တဲ့ Show ကိုအားပေးရင်း နေမကောင်းဖြစ်လာပြီးဆေးရုံမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူမဟာ နိုဝင်ဘာလ လဆန်းပိုင်းမှာသေဆုံးခဲ့တာဖြစ်ပြီးနှလုံးသွေးကြောပိတ်ပြီးသေဆုံးသွားရတာဖြစ်ပါတယ်။ သူမရဲ့သေဆုံးမှုအတွက်တေလာဆွပ်ဖ်ကတော်တော်လေးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

တေလာကသူမရဲ့အင်စတာဂရမ်စတိုရီမှာ “သူ့ကိုဆုံးရှုံးရတဲ့အတွက် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ထပ်တူဝမ်းနည်းပါတယ်။ သူကငယ်လည်းငယ်သေးတဲ့အရွယ်၊ ချောမောလှပတဲ့သူလေးပါ။ကျွန်မတကယ့်ကိုစိတ်မကောင်းပါဘူး” လို့ရေးသားခဲ့ပါတယ်။ ဒါအပြင် Ana Clara သေဆုံးပြီးနောက်တစ်ရက်မှာတေလာဆွပ်ဖ်ကပွဲကိုနားခဲ့ပြီး ၁၉ရက်နေ့ကကျင်းပတဲ့ Show မှာတော့ Ana Clara အတွက်ရည်စူးကာ Bigger Than The Whole Sky သီချင်းကိုဖျော်ဖြေခဲ့ပါတယ်။တေလာဆွပ်ဖ်ဟာ နိုဝင်ဘာလ ၂၆ ရက်၊ ဘရာဇီးမှာပြုလုပ်တဲ့ Show မှာAna Clara ရဲ့မိဘတွေကိုအထူးတန်းမှာဖိတ်ကြားထားရှိပြီး သူမကပွဲမစခင်သီးသန့်တွေ့ဆုံကာအားပေးနှစ်သိမ့်ခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi

ဘရာဇီးမွာျပဳလုပ္တဲ့ Eras Tour အတြင္းေနမေကာင္းျဖစ္ၿပီး ေဆး႐ုံအေရာက္မွာေသဆုံးခဲ့ရတဲ့ Fan တစ္ေယာက္ရဲ႕မိဘေတြနဲ႔ ေတလာဆြပ္ဖ္ကအထူးေတြ႕ဆုံခဲ့တယ္လို႔သိရပါတယ္။ေတလာဆြပ္ဖ္ရဲ႕ Fan တစ္ေယာက္ျဖစ္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္အမ်ိဳးသမီး Ana Clara Benevides Machado ဟာ ရီး႐ိုးဒီဂ်ေနး႐ိုးၿမိဳ႕မွာျပဳလုပ္တဲ့ Show ကိုအားေပးရင္း ေနမေကာင္းျဖစ္လာၿပီးေဆး႐ုံမွာေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ သူမဟာ ႏိုဝင္ဘာလ လဆန္းပိုင္းမွာေသဆုံးခဲ့တာျဖစ္ၿပီးႏွလုံးေသြးေၾကာပိတ္ၿပီးေသဆုံးသြားရတာျဖစ္ပါတယ္။ သူမရဲ႕ေသဆုံးမႈအတြက္ေတလာဆြပ္ဖ္ကေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္ေနခဲ့ပါတယ္။

ေတလာကသူမရဲ႕အင္စတာဂရမ္စတိုရီမွာ “သူ႔ကိုဆုံးရႈံးရတဲ့အတြက္ မိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔ထပ္တူဝမ္းနည္းပါတယ္။ သူကငယ္လည္းငယ္ေသးတဲ့အ႐ြယ္၊ ေခ်ာေမာလွပတဲ့သူေလးပါ။ကြၽန္မတကယ့္ကိုစိတ္မေကာင္းပါဘူး” လို႔ေရးသားခဲ့ပါတယ္။ ဒါအျပင္ Ana Clara ေသဆုံးၿပီးေနာက္တစ္ရက္မွာေတလာဆြပ္ဖ္ကပြဲကိုနားခဲ့ၿပီး ၁၉ရက္ေန႔ကက်င္းပတဲ့ Show မွာေတာ့ Ana Clara အတြက္ရည္စူးကာ Bigger Than The Whole Sky သီခ်င္းကိုေဖ်ာ္ေျဖခဲ့ပါတယ္။ေတလာဆြပ္ဖ္ဟာ ႏိုဝင္ဘာလ ၂၆ ရက္၊ ဘရာဇီးမွာျပဳလုပ္တဲ့ Show မွာAna Clara ရဲ႕မိဘေတြကိုအထူးတန္းမွာဖိတ္ၾကားထားရွိၿပီး သူမကပြဲမစခင္သီးသန႔္ေတြ႕ဆုံကာအားေပးႏွစ္သိမ့္ခဲ့တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*