Gen Z တွေနဲ့အလုပ်လုပ်တော့မယ်ဆိုရင်

Generation Z လို့ခေါ်တဲ့ Gen Z တွေဟာ အရင့်အရင် Generation တွေနဲ့မတူဘဲနည်းပညာခေတ်မှာတိုးဝင်အလုပ်လုပ်ကြရသူတွေပါ။ စူးစမ်းလေ့လာချက်တွေအရ Gen Z တွေဟာကိုယ်ချင်းစာမှုနဲ့ရိုးသားမှုကို ဦးစားပေးသူတွေဖြစ်တယ်လို့သိရပါတယ်။ သူတို့တွေကသူ ဌေးကိုပွင့်လင်းမြင်သာမှုရှိရှိနဲ့ လေးလေးစားစားစကားပြောဆိုချင်တတ်ကြပါတယ်။သူတို့ရဲ့ လုပ်ငန်းခွင်ကိုလည်း အခွင့်အလမ်းတွေ၊ လေ့လာစရာတွေရှိနေစေချင်ကြပါတယ်။ အလုပ်မှာနောက်ဆုံးပေါ်နည်းပညာတွေရှိနေတာ၊ အလုပ်ချိန်ညှိနှိုင်းလုပ်ကိုင်လို့ရတာမျိုးက
သူတို့မက်မောတဲ့အရာထဲပါဝင်နေပါတယ်။ ကိုယ်က Gen Z တွေနဲ့လက်တွဲအလုပ်လုပ်ကိုင်ရပြီ၊သူတို့ကိုစီမံခန့်ခွဲရပြီဆိုရင် ဒီအရေးကြီးတဲ့အချက်လေးတွေကိုတော့ပြင်ဆင်ထားဖို့လိုပါတယ်။

Collaboration နဲ့ Communication ကိုဦးစားပေးပါ
Gen Z တွေဟာ အလုပ်ကလူတွေနဲ့ပြောဆိုဆက်သွယ်ရတာ၊ ခင်ခင်မင်မင်ပေါင်းသင်းရတာကိုသဘောကျကြပါတယ်။ Social Media ခေတ်မှာမွေးလာသူတွေမို့တစ်ယောက်နဲ့တစ်ယောက်မိတ်ဆွေဖွဲ့ပြီး ခင်မင်သွားဖို့အရမ်းကိုမြန်ဆန်ပါတယ်။ ဒါကြောင့်အလုပ်ရှင်အနေနဲ့ သူတို့အလုပ်စဝင်ပြီဆိုကတည်းက အသင်းအဖွဲ့စိတ်၊ရဲဘော်ရဲဘက်စိတ်ရှိသွားအောင်လုပ်ဆောင်ပေးသင့်သလိုပူးပေါင်းဆောင်ရွက်ရတဲ့ပရောဂျက်မျိုးတွေကို ပိုပြီးလုပ်ဆောင်စေသင့်ပါတယ်။

လွတ်လပ်ခွင့်ပေးပါ၊ ရွေးချယ်ခွင့်ပေးပါ
ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတန်ဖိုးထားတဲ့သူတို့အတွက်တင်းကျပ်လွန်းတဲ့စည်းကမ်းတွေနဲ့အလုပ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့်တာဝန်နဲ့စည်း ကမ်းအကြောင်းကိုနားလည်အောင်ရှင်းပြပြီး ခွင့်ပြုနိုင်တဲ့အတိုင်းအတာကိုစောစောကတည်းက ပြောပြရပါမယ်။ တချို့သောလုပ်ငန်းတွေမှာ အလုပ်ချိန်ကိုသူတို့ကိုယ်တိုင်ရွေးချယ်ခိုင်းလိုက်တာက အလုပ်ပိုပြီးစီးပြီး အလုပ်ကိုလည်းပိုလုပ်ကြတာတွေ့ရပါတယ်။ဒီတစ်ပတ်ဒီပရောဂျက်အပြီးသတ်ရမယ်၊ နေ့လယ် ၁၂ မှရုံးလာပြီး ည ၈ အထိလုပ်လည်းရတယ်ဆိုတာမျိုးကို သူတို့ကပိုပြီးသဘောကျကြပါတယ်။

Work-Life Balance ဖြစ်ဖို့ဖန်တီးပါ
Millennial တွေအတွက် အလုပ်မှာအားအင်ကုန်ခမ်းသွားတာ၊ စိတ်ဖိစီးမှုများတာတွေကိုကြုံတွေ့ခံစားကြရပြီးဖြစ်ပါတယ်။ လုပ်ငန်းခွင်တစ်ခုမှာဝန်ထမ်း ၂၈% လောက်ကဒီလိုဖြစ်ရပ်တွေမလွဲမသွေခံစားရတယ်လို့ဆိုပါတယ်။ မိဘတွေလက်ထက်မှာဒီလိုစိတ်ဖိစီးမှုတွေကိုမြင်လာရတဲ့ Gen Z တွေက သူတို့လက်ထက်မှာ Work-life Balance ဖြစ်ဖို့ကိုပိုပြီးဦးစားပေးလာကြပါတယ်။ Gen Z ၈၀% လောက်က အလုပ်ချိန်ကိုရွေးချယ်ခွင့်ရှိပြီးအလုပ်ပြီးမြောက်မှုကိုပဲအလေးထားတဲ့ကုမ္ပဏီမျိုးကို ပိုပြီးမက်မောကြပါတယ်။

နည်းပညာပိုင်းမြှင့်တင်ပါ
ရုံးမှာနည်းပညာမြင့်တဲ့ပစ္စည်းတွေရှိတာ၊ Wifi ဘယ်လောက်ထိမြန်နှုန်းမြင့်တာတွေကသူတို့အတွက်ဂုဏ်အယူရဆုံး၊ အကြွားချင်ဆုံးအ ရာတွေပါ။ Gen Z တွေကို စီမံခန့်ခွဲမယ့်သူဟာနည်းပညာပိုင်းမှာနောက်ကျနေလို့မရပါဘူး။ မိုးလင်းတာနဲ့ရုံးခန်းထဲမှာအားလုံးထိုင်ပြီးအ စည်းအဝေးလုပ်တာထက် Video Conferencing လုပ်တာ၊ Management apps နဲ့ Collaboration Tools တွေသုံးတာမျိုးက သူတို့ကိုကိုင်တွယ်ဖို့ပိုပြီးအဆင်ပြေစေပါတယ်။ဒါတွေကတော့ မျိုးဆက်သစ်တွေကိုစီမံခန့်ခွဲမယ်ဆိုရင် သတိထားသင့်တာလေးတွေနဲ့အလုပ်ပိုပြီးအောင်၊ ရလဒ်ကောင်းတွေထွက်အောင် ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။

Ju Ju

zawgyi

Generation Z လို႔ေခၚတဲ့ Gen Z ေတြဟာ အရင့္အရင္ Generation ေတြနဲ႔မတူဘဲနည္းပညာေခတ္မွာတိုးဝင္အလုပ္လုပ္ၾကရသူေတြပါ။ စူးစမ္းေလ့လာခ်က္ေတြအရ Gen Z ေတြဟာကိုယ္ခ်င္းစာမႈနဲ႔႐ိုးသားမႈကို ဦးစားေပးသူေတြျဖစ္တယ္လို႔သိရပါတယ္။ သူတို႔ေတြကသူ ေဌးကိုပြင့္လင္းျမင္သာမႈရွိရွိနဲ႔ ေလးေလးစားစားစကားေျပာဆိုခ်င္တတ္ၾကပါတယ္။သူတို႔ရဲ႕ လုပ္ငန္းခြင္ကိုလည္း အခြင့္အလမ္းေတြ၊ ေလ့လာစရာေတြရွိေနေစခ်င္ၾကပါတယ္။ အလုပ္မွာေနာက္ဆုံးေပၚနည္းပညာေတြရွိေနတာ၊ အလုပ္ခ်ိန္ညႇိႏႈိင္းလုပ္ကိုင္လို႔ရတာမ်ိဳးက
သူတို႔မက္ေမာတဲ့အရာထဲပါဝင္ေနပါတယ္။ ကိုယ္က Gen Z ေတြနဲ႔လက္တြဲအလုပ္လုပ္ကိုင္ရၿပီ၊သူတို႔ကိုစီမံခန႔္ခြဲရၿပီဆိုရင္ ဒီအေရးႀကီးတဲ့အခ်က္ေလးေတြကိုေတာ့ျပင္ဆင္ထားဖို႔လိုပါတယ္။

Collaboration နဲ႔ Communication ကိုဦးစားေပးပါ
Gen Z ေတြဟာ အလုပ္ကလူေတြနဲ႔ေျပာဆိုဆက္သြယ္ရတာ၊ ခင္ခင္မင္မင္ေပါင္းသင္းရတာကိုသေဘာက်ၾကပါတယ္။ Social Media ေခတ္မွာေမြးလာသူေတြမို႔တစ္ေယာက္နဲ႔တစ္ေယာက္မိတ္ေဆြဖြဲ႕ၿပီး ခင္မင္သြားဖို႔အရမ္းကိုျမန္ဆန္ပါတယ္။ ဒါေၾကာင့္အလုပ္ရွင္အေနနဲ႔ သူတို႔အလုပ္စဝင္ၿပီဆိုကတည္းက အသင္းအဖြဲ႕စိတ္၊ရဲေဘာ္ရဲဘက္စိတ္ရွိသြားေအာင္လုပ္ေဆာင္ေပးသင့္သလိုပူးေပါင္းေဆာင္႐ြက္ရတဲ့ပေရာဂ်က္မ်ိဳးေတြကို ပိုၿပီးလုပ္ေဆာင္ေစသင့္ပါတယ္။

လြတ္လပ္ခြင့္ေပးပါ၊ ေ႐ြးခ်ယ္ခြင့္ေပးပါ
ကိုယ္ပိုင္လြတ္လပ္ခြင့္ကိုတန္ဖိုးထားတဲ့သူတို႔အတြက္တင္းက်ပ္လြန္းတဲ့စည္းကမ္းေတြနဲ႔အလုပ္မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္တာဝန္နဲ႔စည္း ကမ္းအေၾကာင္းကိုနားလည္ေအာင္ရွင္းျပၿပီး ခြင့္ျပဳႏိုင္တဲ့အတိုင္းအတာကိုေစာေစာကတည္းက ေျပာျပရပါမယ္။ တခ်ိဳ႕ေသာလုပ္ငန္းေတြမွာ အလုပ္ခ်ိန္ကိုသူတို႔ကိုယ္တိုင္ေ႐ြးခ်ယ္ခိုင္းလိုက္တာက အလုပ္ပိုၿပီးစီးၿပီး အလုပ္ကိုလည္းပိုလုပ္ၾကတာေတြ႕ရပါတယ္။ဒီတစ္ပတ္ဒီပေရာဂ်က္အၿပီးသတ္ရမယ္၊ ေန႔လယ္ ၁၂ မွ႐ုံးလာၿပီး ည ၈ အထိလုပ္လည္းရတယ္ဆိုတာမ်ိဳးကို သူတို႔ကပိုၿပီးသေဘာက်ၾကပါတယ္။

Work-Life Balance ျဖစ္ဖို႔ဖန္တီးပါ
Millennial ေတြအတြက္ အလုပ္မွာအားအင္ကုန္ခမ္းသြားတာ၊ စိတ္ဖိစီးမႈမ်ားတာေတြကိုႀကဳံေတြ႕ခံစားၾကရၿပီးျဖစ္ပါတယ္။ လုပ္ငန္းခြင္တစ္ခုမွာဝန္ထမ္း ၂၈% ေလာက္ကဒီလိုျဖစ္ရပ္ေတြမလြဲမေသြခံစားရတယ္လို႔ဆိုပါတယ္။ မိဘေတြလက္ထက္မွာဒီလိုစိတ္ဖိစီးမႈေတြကိုျမင္လာရတဲ့ Gen Z ေတြက သူတို႔လက္ထက္မွာ Work-life Balance ျဖစ္ဖို႔ကိုပိုၿပီးဦးစားေပးလာၾကပါတယ္။ Gen Z ၈၀% ေလာက္က အလုပ္ခ်ိန္ကိုေ႐ြးခ်ယ္ခြင့္ရွိၿပီးအလုပ္ၿပီးေျမာက္မႈကိုပဲအေလးထားတဲ့ကုမၸဏီမ်ိဳးကို ပိုၿပီးမက္ေမာၾကပါတယ္။

နည္းပညာပိုင္းျမႇင့္တင္ပါ
႐ုံးမွာနည္းပညာျမင့္တဲ့ပစၥည္းေတြရွိတာ၊ Wifi ဘယ္ေလာက္ထိျမန္ႏႈန္းျမင့္တာေတြကသူတို႔အတြက္ဂုဏ္အယူရဆုံး၊ အႂကြားခ်င္ဆုံးအ ရာေတြပါ။ Gen Z ေတြကို စီမံခန႔္ခြဲမယ့္သူဟာနည္းပညာပိုင္းမွာေနာက္က်ေနလို႔မရပါဘူး။ မိုးလင္းတာနဲ႔႐ုံးခန္းထဲမွာအားလုံးထိုင္ၿပီးအ စည္းအေဝးလုပ္တာထက္ Video Conferencing လုပ္တာ၊ Management apps နဲ႔ Collaboration Tools ေတြသုံးတာမ်ိဳးက သူတို႔ကိုကိုင္တြယ္ဖို႔ပိုၿပီးအဆင္ေျပေစပါတယ္။ဒါေတြကေတာ့ မ်ိဳးဆက္သစ္ေတြကိုစီမံခန႔္ခြဲမယ္ဆိုရင္ သတိထားသင့္တာေလးေတြနဲ႔အလုပ္ပိုၿပီးေအာင္၊ ရလဒ္ေကာင္းေတြထြက္ေအာင္ ျပင္ဆင္ထားသင့္တဲ့အခ်က္ေလးေတြပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*