Blue Dragon ရုပ်ရှင်ဆုပေးပွဲမှာ လီဗြောင်ဟွန်း၊ ဂျိုအင်ဆောင်၊ဂျောင်ယူမီ တို့ကဆုတွေဆွတ်ခူး

ကိုရီးယားအနုပညာလောကမှာဩဇာတိက္ကမရှိတဲ့ဆုပေးပွဲလို့ဆိုရမယ့် Blue Dragon Award ဆုပေးပွဲကို (၄၄) ကြိမ်မြောက်အဖြစ် နို ဝင်ဘာလ ၂၅ ရက်နေ့ကကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒီဆုပွဲကြီးကို Yeouido မှာရှိတဲ့ KBS Hall မှာကျင်းပခဲ့တာဖြစ်ပါတယ်။အခမ်း အနားမှူးများအဖြစ် သရုပ်ဆောင် Kim Hye Soo နဲ့ Yoo Yeon Seok တို့ကဆောင်ရွက်ပေးခဲ့ကြတာပါ။ဒီနှစ်အတွက် ဆုတွေအများဆုံးပိုင်ဆိုင်သွားနိုင်တာကတော့ အက်ရှင်၊မှုခင်းဇာတ်ကား Smugglers ပဲဖြစ်ပါတယ်။ အကောင်းဆုံးဂီတ၊ ရုပ်ရှင်နဲ့ သရုပ်ဆောင်ဆုနှစ်ဆု စတဲ့ဆု ၄ ဆုကိုပိုင်ဆိုင်သွားတာကြောင့် ဆုအများဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့တာပါ။ဒီကားထဲက Jo In Sung ကအ ကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု၊ မင်းသမီး Go Min Si ကအကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆု တွေကိုရရှိခဲ့ကြတာဖြစ်ပါတယ်။

ဒီနှစ်ထွက်ရှိခဲ့တဲ့ Concrete Utopia ရုပ်ရှင်နဲ့ အကောင်းဆုံးဒါရိုက်တာဆုကို ဒါရိုက်တာ Um Tae Hwa ၊အကောင်းဆုံးအမျိုးသားဇာတ် ဆောင်ဆုကို Lee Byung Hun တို့ကရရှိခဲ့ပါတယ်။ Sleep ရုပ်ရှင်ကားဟာလည်း ဒီနှစ်အတွက် လူကြိုက်များတဲ့ Horror, Thriller ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားထဲက မင်းသမီး Jung Yu Mi ကလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ 2022 ခုနစ်ကထွက်ရှိခဲ့တဲ့ The Night Owl ရုပ်ရှင်ကတော့ ရုပ်ရှင်ဓာတ်ပုံဆု၊ ဒါရိုက်တာဆုနဲ့တည်းဖြတ်ဆုတွေကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုရီးယားအႏုပညာေလာကမွာဩဇာတိကၠမရွိတဲ့ဆုေပးပြဲလို႔ဆိုရမယ့္ Blue Dragon Award ဆုေပးပြဲကို (၄၄) ႀကိမ္ေျမာက္အျဖစ္ ႏို ဝင္ဘာလ ၂၅ ရက္ေန႔ကက်င္းပၿပီးစီးခဲ့ၿပီျဖစ္ပါတယ္။ ဒီဆုပြဲႀကီးကို Yeouido မွာရွိတဲ့ KBS Hall မွာက်င္းပခဲ့တာျဖစ္ပါတယ္။အခမ္း အနားမႉးမ်ားအျဖစ္ သ႐ုပ္ေဆာင္ Kim Hye Soo နဲ႔ Yoo Yeon Seok တို႔ကေဆာင္႐ြက္ေပးခဲ့ၾကတာပါ။ဒီႏွစ္အတြက္ ဆုေတြအမ်ားဆုံးပိုင္ဆိုင္သြားႏိုင္တာကေတာ့ အက္ရွင္၊မႈခင္းဇာတ္ကား Smugglers ပဲျဖစ္ပါတယ္။ အေကာင္းဆုံးဂီတ၊ ႐ုပ္ရွင္နဲ႔ သ႐ုပ္ေဆာင္ဆုႏွစ္ဆု စတဲ့ဆု ၄ ဆုကိုပိုင္ဆိုင္သြားတာေၾကာင့္ ဆုအမ်ားဆုံးဆြတ္ခူးႏိုင္ခဲ့တဲ့႐ုပ္ရွင္ကားတစ္ကားျဖစ္ခဲ့တာပါ။ဒီကားထဲက Jo In Sung ကအ ေကာင္းဆုံးအမ်ိဳးသားဇာတ္ပို႔ဆု၊ မင္းသမီး Go Min Si ကအေကာင္းဆုံးမ်က္ႏွာသစ္သ႐ုပ္ေဆာင္ဆု ေတြကိုရရွိခဲ့ၾကတာျဖစ္ပါတယ္။

ဒီႏွစ္ထြက္ရွိခဲ့တဲ့ Concrete Utopia ႐ုပ္ရွင္နဲ႔ အေကာင္းဆုံးဒါ႐ိုက္တာဆုကို ဒါ႐ိုက္တာ Um Tae Hwa ၊အေကာင္းဆုံးအမ်ိဳးသားဇာတ္ ေဆာင္ဆုကို Lee Byung Hun တို႔ကရရွိခဲ့ပါတယ္။ Sleep ႐ုပ္ရွင္ကားဟာလည္း ဒီႏွစ္အတြက္ လူႀကိဳက္မ်ားတဲ့ Horror, Thriller ဇာတ္ကားတစ္ကားပါ။ဒီဇာတ္ကားထဲက မင္းသမီး Jung Yu Mi ကလည္း အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ 2022 ခုနစ္ကထြက္ရွိခဲ့တဲ့ The Night Owl ႐ုပ္ရွင္ကေတာ့ ႐ုပ္ရွင္ဓာတ္ပုံဆု၊ ဒါ႐ိုက္တာဆုနဲ႔တည္းျဖတ္ဆုေတြကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*