Justin Timberlake နဲ့ Jungkook တို့ရဲ့ပူးပေါင်းဖန်တီးမှု 3D

Justin Timberlake နဲ့ Jungkook (BTS) တို့ရဲ့ ဖန်တီးမှုအသစ်ဖြစ်တဲ့ 3D သီချင်းဟာ သောကြာနေ့မှာထွက်ရှိလာမယ်လို့သိရပါတယ်။ ဒီလိုပူးပေါင်းဖန်တီးမှုက အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ဒီသတင်းကို BigHit Music က နိုဝင်ဘာလ ၂၃ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။အနုပညာရှင်နှစ်ယောက်ရဲ့ ပူးပေါင်းဖန်တီးမှုသတင်းနဲ့အတူသီချင်းအတွက်ကြော်ငြာစာရွက်ကိုပါပရိသတ်တွေဆီ ပြသလိုက်ပြီဖြစ်ပါတယ်။

BigHit Music ရဲ့ပြောကြားချက်အရ ဒီ Remix အသစ်မှာ old school မူလသီချင်းဟောင်းများစွာကို ၂၀၀၀ ပြည့်နှစ် Version နဲ့အတူ Retro အရသာလေးလည်းပါဝင်အောင်ပေါင်းစပ်ဖန်တီးထားတယ်လို့သိရပါတယ်။“Jungkook’s 3D – Justin Timberlake Remix” ဟာ နိုဝင်ဘာလ ၂၄ ရက်၊ ကိုရီးယားစံတော်ချိန် နေ့လယ်၂ နာရီမှာထွက်ရှိလာမှာြဖစ်ပါတယ်။Jungkook အနေနဲ့ လာမယ့်ဒီဇင်ဘာလအတွင်းမှာ စစ်မှုထမ်းတာဝန်စတင်ထမ်းဆောင်မယ်လို့သိရပြီးစစ်မှုထမ်းကာလတစ်နှစ်ခွဲကြာမြင့်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

Justin Timberlake နဲ႔ Jungkook (BTS) တို႔ရဲ႕ ဖန္တီးမႈအသစ္ျဖစ္တဲ့ 3D သီခ်င္းဟာ ေသာၾကာေန႔မွာထြက္ရွိလာမယ္လို႔သိရပါတယ္။ ဒီလိုပူးေပါင္းဖန္တီးမႈက အားလုံးကိုအံ့အားသင့္ေစခဲ့ပါတယ္။ဒီသတင္းကို BigHit Music က ႏိုဝင္ဘာလ ၂၃ ရက္ေန႔က ေၾကညာခဲ့တာျဖစ္ပါတယ္။အႏုပညာရွင္ႏွစ္ေယာက္ရဲ႕ ပူးေပါင္းဖန္တီးမႈသတင္းနဲ႔အတူသီခ်င္းအတြက္ေၾကာ္ျငာစာ႐ြက္ကိုပါပရိသတ္ေတြဆီ ျပသလိုက္ၿပီျဖစ္ပါတယ္။

BigHit Music ရဲ႕ေျပာၾကားခ်က္အရ ဒီ Remix အသစ္မွာ old school မူလသီခ်င္းေဟာင္းမ်ားစြာကို ၂၀၀၀ ျပည့္ႏွစ္ Version နဲ႔အတူ Retro အရသာေလးလည္းပါဝင္ေအာင္ေပါင္းစပ္ဖန္တီးထားတယ္လို႔သိရပါတယ္။“Jungkook’s 3D – Justin Timberlake Remix” ဟာ ႏိုဝင္ဘာလ ၂၄ ရက္၊ ကိုရီးယားစံေတာ္ခ်ိန္ ေန႔လယ္၂ နာရီမွာထြက္ရွိလာမွာျဖစ္ပါတယ္။Jungkook အေနနဲ႔ လာမယ့္ဒီဇင္ဘာလအတြင္းမွာ စစ္မႈထမ္းတာဝန္စတင္ထမ္းေဆာင္မယ္လို႔သိရၿပီးစစ္မႈထမ္းကာလတစ္ႏွစ္ခြဲၾကာျမင့္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*