ကင်ဆာဝေဒနာရှင်ဇာတ်ရုပ်အတွက် မမှတ်မိနိုင်လောက်အောင်ပြောင်းလဲထားတဲ့ Park Min Young

tvN ကနေထုတ်လွှင့်ပြသမယ့် Marry My Husband ဇာတ်လမ်းတွဲအတွက် မင်းသမီး Park Min Young ရဲ့ Still ဓာတ်ပုံတွေထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ် ကောင်စရိုက်အတွက် သူမဟာသေသေချာချာလေးပြင်ဆင်ထားတယ်ဆိုတာ ဓာတ်ပုံတွေကတဆင့်ဖော်ပြနေကြပါတယ်။ဒီဇာတ်လမ်းတွဲဟာ Marry My Husband ဆိုတဲ့ Web Novel ကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး Park Min Young နဲ့အတူ Song Ha Yoon ၊ Lee Yi Kyung နဲ့ Na In Woo တို့ပါဝင်မှာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူနဲ့အချစ်ဆုံးသူငယ်ချင်းဖောက်ပြန်နေတာကိုသိလိုက်ရပြီးမကြာခင်မှာပဲကင်ဆာရှိနေပြီဆိုတာကိုကြားလိုက်ရတဲ့ဂျီဝမ်ဆိုတဲ့အမျိုးသမီးနေရာကနေ Park Min Young ကသရုပ်ဆောင်မှာဖြစ်ပါတယ်။

သူမဟာ ၁၀ နှစ်လောက်ကြာခဲ့တဲ့ဖြစ်ရပ်တွေကိုပြန်လည်တူးဖော်ပြီးကလဲ့စားချေမယ့်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ Park Min Young က အိမ်ထောင်ရှင်မအဖြစ်ရော၊ ကင်ဆာဝေဒနာရှင်အဖြစ်ပါသိသိသာသာကွဲပြားအောင် သရုပ်ဆောင်နိုင်ပြီး ရိုက်ကွင်းကလူတွေပါအံ့အားသင့်ရတာမို့ ဒီဇာတ်ကားကိုစိတ်ဝင်တစားအားပေးစေချင်တယ်လို့ ထုတ်လုပ်ရေးအဖွဲ့ကမှတ်ချက်ပေးထားပါသေးတယ်။Marry My Husband ဇာတ်လမ်းတွဲကို ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi

tvN ကေနထုတ္လႊင့္ျပသမယ့္ Marry My Husband ဇာတ္လမ္းတြဲအတြက္ မင္းသမီး Park Min Young ရဲ႕ Still ဓာတ္ပုံေတြထြက္ရွိလာခဲ့ပါတယ္။ ဒီဇာတ္ ေကာင္စ႐ိုက္အတြက္ သူမဟာေသေသခ်ာခ်ာေလးျပင္ဆင္ထားတယ္ဆိုတာ ဓာတ္ပုံေတြကတဆင့္ေဖာ္ျပေနၾကပါတယ္။ဒီဇာတ္လမ္းတြဲဟာ Marry My Husband ဆိုတဲ့ Web Novel ကိုပုံေဖာ္႐ိုက္ကူးထားတာျဖစ္ၿပီး Park Min Young နဲ႔အတူ Song Ha Yoon ၊ Lee Yi Kyung နဲ႔ Na In Woo တို႔ပါဝင္မွာျဖစ္ပါတယ္။ခင္ပြန္းျဖစ္သူနဲ႔အခ်စ္ဆုံးသူငယ္ခ်င္းေဖာက္ျပန္ေနတာကိုသိလိုက္ရၿပီးမၾကာခင္မွာပဲကင္ဆာရွိေနၿပီဆိုတာကိုၾကားလိုက္ရတဲ့ဂ်ီဝမ္ဆိုတဲ့အမ်ိဳးသမီးေနရာကေန Park Min Young ကသ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။

သူမဟာ ၁၀ ႏွစ္ေလာက္ၾကာခဲ့တဲ့ျဖစ္ရပ္ေတြကိုျပန္လည္တူးေဖာ္ၿပီးကလဲ့စားေခ်မယ့္ဇာတ္လမ္းမ်ိဳးျဖစ္ပါတယ္။ Park Min Young က အိမ္ေထာင္ရွင္မအျဖစ္ေရာ၊ ကင္ဆာေဝဒနာရွင္အျဖစ္ပါသိသိသာသာကြဲျပားေအာင္ သ႐ုပ္ေဆာင္ႏိုင္ၿပီး ႐ိုက္ကြင္းကလူေတြပါအံ့အားသင့္ရတာမို႔ ဒီဇာတ္ကားကိုစိတ္ဝင္တစားအားေပးေစခ်င္တယ္လို႔ ထုတ္လုပ္ေရးအဖြဲ႕ကမွတ္ခ်က္ေပးထားပါေသးတယ္။Marry My Husband ဇာတ္လမ္းတြဲကို ၂၀၂၄ ခုနစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔မွာ စတင္ထုတ္လႊင့္ျပသမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*