အနုပညာလောကကို စွန့်ခွာဖို့ရှိ၊မရှိ အဖြေပေးလိုက်တဲ့လီယိုနာဒိုဒီကာပရီယို
<> at Hollywood & Highland Center on March 2, 2014 in Hollywood, California.
တိုင်တန်းနစ်မင်းသားကြီးလီယိုနာဒိုဒီကာပရီယိုဟာ မကြာခင်ကမှ ၄၉ နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့ကို Beverly Hills မှာ စနုပ်ဒေါ့ဂ်၊ ကင်မ်ကာဒက်ရှန်၊ခရစ်ဇ်ရော့ခ်၊ အေအိုင်ပယ်ချီနိုတို့နဲ့အတူ ကျင်းပခဲ့တာပါ။Good Morning America နဲအင်တာ ဗျူးမှာတော့ သူကရှေ့ဆက်သွားမယ့်သူ့ရဲ့ရည်မှန်းချက်တွေကိုဖွင့်ဟခဲ့တာတွေ့ရပါတယ်။ အနုပညာလောကကို စွန့်ခွာဖို့လုံးဝစိတ်မကူးထားဘူးလို့သူကဆိုပါတယ်။
“ကျွန်တော့်အသက်က နောက်နှစ်ဆို ၅၀ ဖြစ်တော့မှာ။ ၅၀ မပြည့်ခင်ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိတယ် အဲဒါကိုခင်ဗျားသိလား”လို့
အင်တာဗျူးသူကိုသူကပြန်မေးခွန်းထုတ်ခဲ့ပါတယ်။“ဟုတ်တယ်။ ကျွန်တော်ရုပ်ရှင်ကားတစ်ကားထပ်ရိုက်ချင်တာပါ” လို့သူ့ရဲ့အသက် ၅၀ ပြည့်အတွက်ရည်မှန်းချက်ကိုပြောပြခဲ့တာဖြစ်ပါတယ်။လီယိုနာဒိုဒီကာပရီယိုဟာ အောက်တိုဘာလကထွက်ရှိခဲ့တဲ့ Killers of the Flower Moon ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်မှာ သူ့ရဲ့သရုပ်ဆောင်ချက်တွေဟာအံ့မခန်းလောက်အောင်ကောင်း မွန်လွန်းတယ်ဆိုတဲ့မှတ်ချက်တွေကိုရရှိခဲ့တာဖြစ်ပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*