အလုပ်လက်မဲ့ဖြစ်နေရတာဟာ ကိုယ့်ကိုအကြီးအကျယ်စိတ်ဓာတ်ကျစေနိုင်တဲ့ ပြဿနာတွေထဲကတစ်ခုဖြစ်ပါတယ်။ အလုပ်မရှိတဲ့အ ချိန်မှာ ထပ်လျှောက်မယ့်အလုပ်သစ်တွေကိုတန်းစီပြီးချရေးရတယ်၊ကိုယ့် CV ဒါမှမဟုတ် Resume ကိုပြန်ပြင်ဆင်ရတယ်၊ စိတ်ဖိစီးတာတွေနဲ့စိတ်မလုံခြုံတာတွေခံစားရတယ်၊ ဒါတွေကအလုပ်မရှိသူချင်းကိုယ်ချင်းစာပေးလို့ရတဲ့နာကျင်မှုတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့အလုပ် လက်မဲ့ဆိုတိုင်းအစွမ်းအစမရှိတာမျိုးမဟုတ်ပါဘူး။ အလုပ်လက်မဲ့ဖြစ်နေတိုင်း စိတ်ပျက်ဖို့မလိုပါဘူး။ဘာကြောင့်လဲဆိုတော့အလုပ် လက်မဲ့ ၃ မျိုးရှိလို့ပါပဲ။ ကိုယ်ကဘယ်လိုအလုပ်လက်မဲ့မျိုးလဲဆိုတာကိုခွဲခြားပြီးသိတယ်ဆိုရင် နောက်အလုပ်သစ်ရှာဖွေရာမှာအကောင်းဆုံးအထောက်အကူပေးမှာပဲဖြစ်ပါတယ်။
Structural Unemployment
Structural Unemployment ဆိုတာက ကိုယ့်မှာရှိတဲ့ Skills နဲ့အလုပ်ရှင်လိုအပ်နေတဲ့ Skills ကကိုက်ညီမှုမရှိတာမို့ အလုပ်လက်မဲ့ဖြစ်နေရခြင်းမျိုးပါ။ကိုယ်ကအထည်ချုပ်လုပ်တဲ့အပိုင်းကိုပိုင်တယ်ဆိုပါစို့၊ အလုပ်ရှင်လိုချင်နေတာက Supplier နဲ့ဆက်သွယ်ပြီး စကားပြောဆိုပေး အထည်စတွေဝယ်ပေးနိုင်သူမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာကိုယ်လုပ်သင့်တာက အထည်စျေးကွက်နဲ့ပြောဆိုဆက်သွယ်မှုအပိုင်းကို ပိုလေ့လာဖို့ပါပဲ။ကိုယ်ကအထည်ချုပ်တာကျွမ်းကျင်ထားပေမယ့်တစ်နေကုန်ထိုင်ချုပ်နေရတာမျိုးမလုပ်ချင်တော့ဘူးဆိုရင် ကိုယ့်ကျွမ်းကျင်မှုကိုလိုက်ပြီးဘာတွေဆက်လုပ်လို့ရနိုင်မလဲတွေးပါ။ Network ချဲ့ထွင်ပါ။ Pattern နဲ့ Design ပိုင်းကပိုပြီးအလုပ်ပေါမယ်၊ ဝင်ငွေကောင်းမယ်လို့ယူဆတယ်ဆိုရင် အဲဒီအပိုင်းကိုလေ့လာသင်ယူပြီးကူးပြောင်းနိုင်ပါတယ်။
Cyclical Unemployment
Cyclical Unemployment ကတော့ ကမ္ဘာ့စီးပွားအတက်အကျကြောင့်အလုပ်မရှိဖြစ်နေရခြင်းမျိုးပါ။ 2008 နဲ့ 2020 ခုနစ်တွေလိုပါပဲ။ စီးပွားပျက်ကပ်နဲ့ ကိုဗစ်ကြောင့်အလုပ်လက်မဲ့ဦးရေတိုးသွားတာမျိုးဖြစ်ပါတယ်။ ဒီလိုအချိန်မှာသူသူကိုယ်ကိုယ်အလုပ်လက်မဲ့တွေဖြစ်သွားနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးမှာတော့ကိုယ်ကအလုပ်မပြုတ်သေးသည့်တိုင် အလုပ်သစ်ရှာဖွေဖို့ မျက်စိဖွင့်နားစွင့်ထားရမှာဖြစ်ပါတယ်။ Freelance အနေနဲ့စလုပ်နိုင်ဖို့ကိုလည်း ပြင်ဆင်သင့်ပါတယ်။ ဒါမှမဟုတ် Skills တွေထပ်ဖြည့်နေဖို့လိုပါတယ်။ အရင်က ဗီဒီယိုရိုက်ကူးတတ်သူဆိုရင် ဒီလိုကာလမှာ Photoshop နဲ့ Video Editing ပိုင်းကိုပါတတ်မြောက်အောင် သင်လိုက်တာမျိုးဖြစ်ပါတယ်။
ကိုယ့်မှာပညာရပ်တစ်ခုနဲ့ဆက်နွယ်တဲ့ ကျွမ်းကျင်မှုတော်တော်များများ ရှိတယ်ဆိုရင်အလုပ်ပြုတ်ဖို့ခက်ပါတယ်။ နောက်အလုပ်သစ်ရှာရတာလည်း ပိုလွယ်ကူပါတယ်။
Frictional Unemployment
အမျိုးသား၊ အမျိုးသမီးတွေဟာ မိသားစုကိုဦးစားပေးတာ၊ ကျောင်းပြန်တက်တာ၊ကိုယ်ဝါသနာပါတာကိုလုပ်တာ စတဲ့အချက်တွေကြောင့်လည်းလုပ်ငန်းခွင်ကိုစွန့်ခွာပြီးအလုပ်လက်မဲ့ဖြစ်နေနိုင်ပါတယ်။ နောက်တစ်ချက်က အလုပ်သမားတွေအလုပ်တစ်ခုကနေတစ်ခုကူးပြောင်းတာ၊ အလုပ်သမားအသစ်တွေအများကြီးအလုပ်ခွင်ထဲဝင်ရောက်လာတာတွေကြောင့်လည်း Frictional Unemployment ဖြစ်နိုင်ပါတယ်။ Frictional Unemployment ကတော့ ကောင်းမွန်တဲ့အခြေအနေ၊ စီးပွားရေးတည်ငြိမ်မှု၊တိုးတက်မှုရဲ့ပြယုဂ်လည်းဖြစ်ပါတယ်။ ဒါကိုဖြစ်လေ့ဖြစ်ထရှိတဲ့ Unemployment အမျိုးအစားထဲကိုထည့်သွင်းကြပါတယ်။ဒါကြောင့် အလုပ်လက်မဲ့ဆိုတိုင်းစိတ်အားငယ်စရာမဟုတ်ပါဘူး။ ကိုယ်ကဘယ်လိုအလုပ်လက်မဲ့မျိုးထဲပါနေလဲဆိုတာကိုကြည့်ပြီး နောက်ထပ်ရှာဖွေမယ့်အလုပ်သစ်အတွက်
ပြင်ဆင်မှုတွေလုပ်နိုင်ပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် Energy အပြည့်နဲ့တွန်းပြီးသွားမယ်ဆိုရင်ပျော်ရွှင်စရာကောင်းတဲ့လုပ်ငန်းခွင်ဆီပြန်လည်ရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။
Ju Ju
zawgyi
အလုပ္လက္မဲ့ျဖစ္ေနရတာဟာ ကိုယ့္ကိုအႀကီးအက်ယ္စိတ္ဓာတ္က်ေစႏိုင္တဲ့ ျပႆနာေတြထဲကတစ္ခုျဖစ္ပါတယ္။ အလုပ္မရွိတဲ့အ ခ်ိန္မွာ ထပ္ေလွ်ာက္မယ့္အလုပ္သစ္ေတြကိုတန္းစီၿပီးခ်ေရးရတယ္၊ကိုယ့္ CV ဒါမွမဟုတ္ Resume ကိုျပန္ျပင္ဆင္ရတယ္၊ စိတ္ဖိစီးတာေတြနဲ႔စိတ္မလုံၿခဳံတာေတြခံစားရတယ္၊ ဒါေတြကအလုပ္မရွိသူခ်င္းကိုယ္ခ်င္းစာေပးလို႔ရတဲ့နာက်င္မႈေတြပဲျဖစ္ပါတယ္။ ဒါေပမဲ့အလုပ္ လက္မဲ့ဆိုတိုင္းအစြမ္းအစမရွိတာမ်ိဳးမဟုတ္ပါဘူး။ အလုပ္လက္မဲ့ျဖစ္ေနတိုင္း စိတ္ပ်က္ဖို႔မလိုပါဘူး။ဘာေၾကာင့္လဲဆိုေတာ့အလုပ္ လက္မဲ့ ၃ မ်ိဳးရွိလို႔ပါပဲ။ ကိုယ္ကဘယ္လိုအလုပ္လက္မဲ့မ်ိဳးလဲဆိုတာကိုခြဲျခားၿပီးသိတယ္ဆိုရင္ ေနာက္အလုပ္သစ္ရွာေဖြရာမွာအေကာင္းဆုံးအေထာက္အကူေပးမွာပဲျဖစ္ပါတယ္။
Structural Unemployment
Structural Unemployment ဆိုတာက ကိုယ့္မွာရွိတဲ့ Skills နဲ႔အလုပ္ရွင္လိုအပ္ေနတဲ့ Skills ကကိုက္ညီမႈမရွိတာမို႔ အလုပ္လက္မဲ့ျဖစ္ေနရျခင္းမ်ိဳးပါ။ကိုယ္ကအထည္ခ်ဳပ္လုပ္တဲ့အပိုင္းကိုပိုင္တယ္ဆိုပါစို႔၊ အလုပ္ရွင္လိုခ်င္ေနတာက Supplier နဲ႔ဆက္သြယ္ၿပီး စကားေျပာဆိုေပး အထည္စေတြဝယ္ေပးႏိုင္သူမ်ိဳးပါ။ ဒီလိုအေျခအေနမ်ိဳးမွာကိုယ္လုပ္သင့္တာက အထည္ေစ်းကြက္နဲ႔ေျပာဆိုဆက္သြယ္မႈအပိုင္းကို ပိုေလ့လာဖို႔ပါပဲ။ကိုယ္ကအထည္ခ်ဳပ္တာကြၽမ္းက်င္ထားေပမယ့္တစ္ေနကုန္ထိုင္ခ်ဳပ္ေနရတာမ်ိဳးမလုပ္ခ်င္ေတာ့ဘူးဆိုရင္ ကိုယ့္ကြၽမ္းက်င္မႈကိုလိုက္ၿပီးဘာေတြဆက္လုပ္လို႔ရႏိုင္မလဲေတြးပါ။ Network ခ်ဲ႕ထြင္ပါ။ Pattern နဲ႔ Design ပိုင္းကပိုၿပီးအလုပ္ေပါမယ္၊ ဝင္ေငြေကာင္းမယ္လို႔ယူဆတယ္ဆိုရင္ အဲဒီအပိုင္းကိုေလ့လာသင္ယူၿပီးကူးေျပာင္းႏိုင္ပါတယ္။
Cyclical Unemployment
Cyclical Unemployment ကေတာ့ ကမာၻ႔စီးပြားအတက္အက်ေၾကာင့္အလုပ္မရွိျဖစ္ေနရျခင္းမ်ိဳးပါ။ 2008 နဲ႔ 2020 ခုနစ္ေတြလိုပါပဲ။ စီးပြားပ်က္ကပ္နဲ႔ ကိုဗစ္ေၾကာင့္အလုပ္လက္မဲ့ဦးေရတိုးသြားတာမ်ိဳးျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာသူသူကိုယ္ကိုယ္အလုပ္လက္မဲ့ေတြျဖစ္သြားႏိုင္ပါတယ္။ ဒီလိုအေနအထားမ်ိဳးမွာေတာ့ကိုယ္ကအလုပ္မျပဳတ္ေသးသည့္တိုင္ အလုပ္သစ္ရွာေဖြဖို႔ မ်က္စိဖြင့္နားစြင့္ထားရမွာျဖစ္ပါတယ္။ Freelance အေနနဲ႔စလုပ္ႏိုင္ဖို႔ကိုလည္း ျပင္ဆင္သင့္ပါတယ္။ ဒါမွမဟုတ္ Skills ေတြထပ္ျဖည့္ေနဖို႔လိုပါတယ္။ အရင္က ဗီဒီယို႐ိုက္ကူးတတ္သူဆိုရင္ ဒီလိုကာလမွာ Photoshop နဲ႔ Video Editing ပိုင္းကိုပါတတ္ေျမာက္ေအာင္ သင္လိုက္တာမ်ိဳးျဖစ္ပါတယ္။
ကိုယ့္မွာပညာရပ္တစ္ခုနဲ႔ဆက္ႏြယ္တဲ့ ကြၽမ္းက်င္မႈေတာ္ေတာ္မ်ားမ်ား ရွိတယ္ဆိုရင္အလုပ္ျပဳတ္ဖို႔ခက္ပါတယ္။ ေနာက္အလုပ္သစ္ရွာရတာလည္း ပိုလြယ္ကူပါတယ္။
Frictional Unemployment
အမ်ိဳးသား၊ အမ်ိဳးသမီးေတြဟာ မိသားစုကိုဦးစားေပးတာ၊ ေက်ာင္းျပန္တက္တာ၊ကိုယ္ဝါသနာပါတာကိုလုပ္တာ စတဲ့အခ်က္ေတြေၾကာင့္လည္းလုပ္ငန္းခြင္ကိုစြန႔္ခြာၿပီးအလုပ္လက္မဲ့ျဖစ္ေနႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က အလုပ္သမားေတြအလုပ္တစ္ခုကေနတစ္ခုကူးေျပာင္းတာ၊ အလုပ္သမားအသစ္ေတြအမ်ားႀကီးအလုပ္ခြင္ထဲဝင္ေရာက္လာတာေတြေၾကာင့္လည္း Frictional Unemployment ျဖစ္ႏိုင္ပါတယ္။ Frictional Unemployment ကေတာ့ ေကာင္းမြန္တဲ့အေျခအေန၊ စီးပြားေရးတည္ၿငိမ္မႈ၊တိုးတက္မႈရဲ႕ျပယုဂ္လည္းျဖစ္ပါတယ္။ ဒါကိုျဖစ္ေလ့ျဖစ္ထရွိတဲ့ Unemployment အမ်ိဳးအစားထဲကိုထည့္သြင္းၾကပါတယ္။ဒါေၾကာင့္ အလုပ္လက္မဲ့ဆိုတိုင္းစိတ္အားငယ္စရာမဟုတ္ပါဘူး။ ကိုယ္ကဘယ္လိုအလုပ္လက္မဲ့မ်ိဳးထဲပါေနလဲဆိုတာကိုၾကည့္ၿပီး ေနာက္ထပ္ရွာေဖြမယ့္အလုပ္သစ္အတြက္
ျပင္ဆင္မႈေတြလုပ္ႏိုင္ပါတယ္။ မွန္ကန္တဲ့လမ္းေၾကာင္းေပၚေရာက္ေအာင္ Energy အျပည့္နဲ႔တြန္းၿပီးသြားမယ္ဆိုရင္ေပ်ာ္႐ႊင္စရာေကာင္းတဲ့လုပ္ငန္းခြင္ဆီျပန္လည္ေရာက္ရွိႏိုင္မွာပဲျဖစ္ပါတယ္။
Ju Ju
Leave a Reply