အောက်တိုဘာလအတွက် ဘယ်ဇာတ်လမ်းတွဲထဲက ဘယ်သူကပိုနာမည်ကြီးနေလဲ

Korean Business Research Institute က ဒေတာအချက်အလက်ရှာဖွေစုဆောင်းမှုနဲ့အတူအောက်တိုဘာလအတွက် ဘယ်ဇာတ်လမ်းတွဲထဲက ဘယ်သူ့ကိုလူတွေပိုမိုစိတ်ဝင်စားနေလဲဆိုတာဖော်ပြလာခဲ့ပါတယ်။ ဒီစစ်တမ်းကို စက်တင်ဘာလ ၁၂ ရက်နေ့ကနေအောက်တို ဘာလ ၁၂ ရက်နေ့အထိပြုလုပ်ခဲ့တာဖြစ်ပြီး ထိုအချိန်အတွင်းထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင် ၅၀ ဦးကိုလေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။

ဒီအထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ကောင်းမွန်တဲ့မှတ်ချက်တွေရထားသူက Behind Your Touch ဇာတ်လမ်းတွဲထဲက Han Ji Man ဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိနေသူက The Escape of Seven ထဲက Lee Yoo Bi ဖြစ်ပါတယ်။ Destined With You ဇာတ်လမ်းတွဲထဲက Jo Bo Ah ကတော့ လူစိတ်ဝင်စားမှုအဆင့်တတိယနေရာမှာရှိနေပါတယ်။ နံပါတ် ၄ နဲ့ ၅ နေရာတွေကိုယူထားသူတွေကတော့ Behind Your Touch ထဲက Lee Min Ki နဲ့ The Escape of Seven ထဲက Hwang Jung Eum တို့ဖြစ်တယ်လို့သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*