ပိုကောင်းတဲ့လုပ်ငန်းခွင်တွေဆီအခက်အခဲမရှိရောက်သွားနိုင်စေတဲ့ အချက် ၆ချက်

young asian business person giving coworker high five in office celebrating achievement and success.
အောင်မြင်တဲ့ Career ဆိုတာငါပန်းတိုင်တော့ရောက်နေပြီနားလိုက်ဦးမယ်ဆိုတာမျိုးလုပ်လို့မရတဲ့အရာပါ။ဒါကအမြဲတမ်းကြိုးစားလျှောက်လှမ်းနေရမယ့်ခရီးရှည်တစ်ခုပါ။
အလုပ်လုပ်နေတဲ့သူတွေတိုင်းအတွကပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေနဲ့စိန်ခေါ်မှုတွေဆိုတာမြဲတမ်းပေါ်ပေါက်နေမှာဖြစ်ပြီးဒါတွေကိုဖမ်းဆုပ်ရယူနိုင်ဖို့လည်းလိုပါသေးတယ်။
ကိုယ်ကလက်ရှိအလုပ်မှာအဆင်ပြေနေသေးတယ်ဆိုရင်တောငငါရယူနိုင်တဲ့နောက်ထပ်အခွင့်အလမ်းတွေကဘာတွေဖြစ်မလဲငါဘယ်နယ်ပယ်ကိုခြေဆန့်လို့ရနိုင်ဦးမလဲဆိုတာကအမြဲတမ်းတွေးနေရမယ့်အရာတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တတ်ခြင်းက ဘ၀တိုးတက်ရေးမှာအများကြီးအရေးကြီးလှပါတယ်။
တခြားသောအခွင့်အလမ်းတံခါးပေါက်တွေကိုတွန်းဖွင့်နိုင်ဖို့အတွကကိုယ့်ကိုယ်ကိုယဒီမေးခွန်းလေးတွေမေးကြည့်ပါ။
၁. ငါ့ရဲ့အားသာချက်ကဘာဖြစ်မလဲ
ကိုယ့်ရဲ့ကျွမ်းကျင်မှုအရည်အချင်းဝါသနာတစ်ခါမှအသုံးမချရသေးတဲ့ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေ(ဥပမာ Photography ဒါမှမဟုတ် Interior Design)စသဖြင့် စဥ်းစားကြည့်ပါ။ ကိုယ့်အတွက်နောက်ထပ်ရလာတဲ့အခွင့်အလမ်းတွေကကိုယ်ဝါသနာပါတဲ့နယ်ပယ်မျိုးကသာြဖစ်နေခဲ့ရငအလုပ်လုပ်ရတာပိုပျော်ရွှင်ရမှာဖြစ်သလိုအရင်ကထက်လည်းပိုအောင်မြင်လာမှာပါ။
၂. ဘာတွေဖြည့်ဆည်းဖို့လိုနေတာလဲ
ကိုယ်ကလက်ရှိလုပ်နေရတဲ့အလုပ်မှာအဆင်ပြေနေပေမယ့် ဒီ့ထက်ပိုမြင့်မားတဲ့နေရာကိုပြောင်းဖို့အတွကလိုအပ်ချက်တွေတစ်ခု၊နှစ်ခုရှိနေတာကြောင့် အခွင့်အရေးကိုလက်လွှတ်ရတာမျိုးရှိကြပါတယ်။
အဲဒီလိုမဖြစ်စေဖိုငါဘာတွေလိုအပ်နေသေးတာလဲဘာ Skills တွေထပ်ဖြည့်ရမလဲဆိုတာကိုသုံးသပ်ပြီးကြိုတင်ပြင်ဆင်ထားပါ။ အဓိကက Growth Mindset ရှိဖို့ပါပဲငါလုပ်နိုင်တယငါသင်ယူရင်တတ်မြောက်နိုင်တယ်၊ ငါလည်းရရမှာပေါ့ဆိုတဲစိတ်ရှိဖို့ပဲလိုပါတယ်။
၃. ငါအမြဲတမ်းလေ့လာသင်ယူနေရဲ့လား
Career growth အတွကအမြဲတမ်းလေ့လာသင်ယူနေဖို့ကအရေးကြီးပါတယ်။
ငါဆွေးနွေးပွဲတွေဟောပြောပွဲတွေတက်မိရဲ့လားလိုအပ်တဲ Certificate တွေယူထားရဲ့လားကိုယ့်ရဲ Professional နယ်ပယ်ကသူတွေနဲ Networkingကောင်းကောင်းတည်ဆောက်ထားရဲ့လားဆိုတာကပြန်သုံးသပ်ရမယ့်အချက်တွေဖြစ်ပါတယ်။
၄. စိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးပြီးလား
အလုပ်နေရာကောင်းတွေဆီမရောက်နိုင်သူတွေဟာများသောအားဖြင့်ကြောက်ရွံ့နေသူမစွန့်စားရဲသူ Comfort Zone ကနေမထွက်ရဲသူတွေဖြစ်တတ်ပါတယ်။ ကိုယ်ကစိန်ခေါ်မှုတွေကိုအမြဲတမ်းမကြောက်ရွံ့ဘဲရင်ဆိုင်ခဲ့ဖူးတယ်၊ နောက်ထပ်လည်းရင်ဆိုင်ကြည့်နိုင်တယ်ဆိုရငဒါကအရမ်းကိုကောင်းတဲ့အချက်ပါ။ အဲလိုမဟုတ်ဘဲအင်တာဗျူးသွားမဖြေရဲနေရာဟောင်းကနေမစွန့်ခွာရဲဖြစ်နေတယ်ဆိုရင်တောပိုကောင်းတဲ့လုပ်ငန်းခွင်တွေဆီရောက်နိုင်မှာမဟုတ်ပါဘူး
၅. အရှုံးတွေကိုကျော်လွှားနိုင်ခဲ့ပြီလား
ကိုယ်ကဇွဲရှိသူအလွယ်တကူစိတ်ဓာတ်မကျတတ်သူတစ်ယောက်လား အရှုံးတွေကိုခံနိုင်ရည်ရှိပြီးပြန်ရုန်းထနိုင်ပြီလားဆိုတဲ့အချက်တွေကလည်း ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမယ့်အချက်တွေဖြစ်ပါတယဒီလိုစိတ်ဓာတ်ပိုင်းဆိုင်ရာပါသန်မာနေပြီဆိုရင်တောဘယ်လိုနေရာသစ်မျိုးကိုမှကြောက်ဖို့မလိုတော့ပါဘူး
၆. အခြားသူတွေနဲ့ပြောဆိုဆက်ဆံရေးကောင်းမွန်ပြီလား
ကိုယ့်ရဲ့စိတ်အခြေအနေဟာလူအများကြားဝင်ဆံ့ဖို့အဆင်သင့်ဖြစ်နေရဲ့လားလူအသစ်တွေနဲ့မပေါင်းချင်ဘူး Type မတူရင်စကားမပြောချင်ဘူးကိုယ်မကြိုက်တဲ့အကြောင်းအရာတွေလာပြောရငသည်းမခံနိုင်ဘူးစတဲ့ပြဿနာတွေရှိနေရင်တောိုကောင်းတဲ့အလုပ်သစ်ကိုရွှေ့ဖို့မလွယ်သေးပါဘူး
လုပ်ငန်းခွင်နေရာကောင်းတွေအလုပ်အကိုင်ကောင်းတွေကိုရရှိသွားသူတွေဟာကံကောင်းလို့မဟုတ်ကြပါဘူးကြိုးစားမှုနဲဝီရိယအပြငအပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေပါြပည့်စုံနေလို့ဖြစ်ပါတယ်နော်။ ဒါကြောင့်ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့လက်နက်နဲအောင်မြင်မှုတွေကိုအရယူလိုက်ကြရအောင
Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*