ဘယ်အချိန်မှာအလုပ်ထွက်သင့်တာလဲ

“အလုပ်ခဏခဏပြောင်းတာမကောင်းဘူး။ CV ညစ်ပတ်တယ်။” စတဲ့ပြောစကားမျိုးတွေကိုအားလုံးကြားဖူးကြမှာပါ။ အလုပ်တစ်ခုဟာ အခြေအနေခိုင်မာပြီးကိုယ့်အတွက်အခွင့်အလမ်းတွေလည်းရှိနေတယ်ဆိုရင်တော့ ကိုယ့်အတွက်ပင်ပန်းခက်ခဲပါစေကြိတ်မှိတ်ပြီးလုပ်ရမှာအမှန်ပါ။ ဒါပေမဲ့တချို့အချိန်တွေမှာတော့ အလုပ်ကိုမဖြစ်မနေစွန့်ခွာသင့်ပါတယ်။ အလုပ်ကကိုယ့်အတွက်သက်သာတယ်၊ အေးဆေးတယ်ဆိုပါစေဦးမဖြစ်မနေထွက်ပစ်လိုက်သင့်တဲ့အချိန်တွေရှိပါတယ်။ အဲဒါတွေကတော့အောက်မှာဖော်ပြထားတဲ့အနေအထားတွေဖြစ်ပါတယ်နော်။

-ကိုယ့်အလုပ်ကို မုန်းနေပြီဆိုရင်အလုပ်ထွက်သင့်ပါတယ်။ လူတွေဟာ ဘဝရဲ့သုံးပုံတစ်ပုံကိုအလုပ်လုပ်ရင်းကုန်ဆုံးကြရတာပါ။ တချို့တွေဆို သုံးပုံတစ်ပုံမကတဲ့အချိန်ကာလအထိအလုပ်လုပ်ရပါသေးတယ်။ ဘဝဆိုတာတိုတိုလေးမို့ ကိုယ်ပျော်တဲ့အလုပ်ကိုလုပ်ရင်းဘဝမှာပျော်ပျော်နေဖို့မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေရတဲ့အလုပ်ကိုမချစ်ဘူးဆိုရင်အလုပ်ထွက်ပြီးအပြောင်းအလဲတွေလုပ်ဖို့ မတွန့်ဆုတ်သင့်ပါဘူး။

-အလုပ်ရှင်နဲ့ဘယ်လိုမှအဆင်မပြေနိုင်တော့ဘူးဆိုရင်လည်း အလုပ်ထွက်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်မုန်းနေတဲ့သူလက် အောက်မှာအလုပ်လုပ်ရင်ဘယ်လိုမှအလုပ်မှာပျော်ရွှင်ကျေနပ်မှုရမှာမဟုတ်ပါဘူး။ အလုပ်မှာမပျော်ရွှင်တဲ့အခါကိုယ့်ရဲ့ကျန်းမာရေး၊ လူမှုရေးတွေကိုပါထိခိုက်စေနိုင်လို့ပါပဲ။

-အလုပ်မှာနေရတာဘယ်လောက်ပဲသက်သောင့်သက်သာရှိပါစေ ဒီအလုပ်ကကိုယ့်အတွက်တိုးတက်မှုနဲ့အခွင့်အရေးတွေ ဘာမှမပေးနိုင်ဘူးဆိုရင်လည်း အလုပ်ထွက်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ အချိန်တွေဟာနှမြောစရာကောင်းပြီး လူလည်းတုံးအသွားနိုင်တာမို့ပါ။
လုပ်ငန်းခွင်ဝင်နေသူတိုင်းအတွက် စိန်ခေါ်မှုနဲ့အခွင့်အလမ်းတွေဟာ အမြဲရှိနေသင့်ပါတယ်။

-ကိုယ်လုပ်ပေးရတဲ့တာဝန်တွေနဲ့မမျှတဲ့လစာ၊အလုပ်အရမ်းလုပ်ရပြီးလစာနည်းနည်းပဲပေးတာမျိုးဆိုရင်လည်း အလုပ်ပြောင်းဖို့မဖြစ်မနေဆုံးဖြတ်ရတော့မှာပါ။ ဝန်ထမ်းကောင်းရဲ့တန်ဖိုးကိုနားလည်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့အလုပ်ရှင်ဟာကိုယ့်လုပ်အားနဲ့ထိုက်တန်တဲ့လခကိုပေးမှာမုချပါ။ ဒီလိုမဟုတ်ဘဲ လျစ်လျူရှုထားတာမျိုးဆိုရင်တော့အားနာစိတ်မထားဘဲအလုပ်ထွက်ဖို့စဉ်းစားသင့်ပါတယ်နော်။

-တချို့အလုပ်တွေမှာ ကိုယ့်ရဲ့ပြစ်ချက်တွေကိုပဲဖိပြောခံရတာမျိုးကြုံဖူးကြမှာပါ။ဘယ်လိုပဲကြိုးစားပေမယ့်ချီးကျူးမခံရရင်၊အသိအမှတ် ပြုမခံရရင်လည်း အလုပ်ထွက်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ အသိအမှတ်ပြုခံရမှုဆိုတာကြိုးစားသူတိုင်းရသင့်တဲ့အရာပါ။နှုတ်လေးနဲ့ထုတ်ဖော်ချီးကျူးတာမျိုးကိုတောင်မရဘူးဆိုရင်တော့ ဒီလိုအလုပ်မျိုးကိုစွန့်ခွာသင့်ပါတယ်။

-နောက်တစ်ချက်ကတော့ အလုပ်ရှင်ကအောက်ခြေအထိဆင်းပြီးအသေးစိတ်လေးတွေကအစလိုက်စီမံနေတယ်ဆိုရင်လည်း အလုပ်ထွက်သင့်ပါတယ်။ Micro-manage လုပ်တာကိုဝန်ထမ်းတိုင်းက သည်းမခံနိုင်ကြပါဘူး။ဒါတွေကတော့ အလုပ်အပြောင်းအလဲလုပ်သင့်တဲ့အဓိကအကြောင်းရင်းတွေပါပဲ။ကြိုးစားချင်စိတ်အပြည့်၊ စဉ်းစားဉာဏ်အပြည့်နဲ့လုပ်ဆောင်တဲ့ပြောင်းလဲမှုတိုင်းဟာကိုယ့်ကိုပိုမိုကောင်းမွန်တဲ့နေရာတွေဆီကိုပဲ ခေါ်သွားပေးမှာမို့ပြောင်းလဲမှုတစ်ခုခုလုပ်ဖို့မကြောက်ရွံ့သင့်ပါဘူးနော်။

Ju Ju

zawgyi

“အလုပ္ခဏခဏေျပာင္းတာမေကာင္းဘူး။ CV ညစ္ပတ္တယ္။” စတဲ့ေျပာစကားမ်ိဳးေတြကိုအားလုံးၾကားဖူးၾကမွာပါ။ အလုပ္တစ္ခုဟာ အေျခအေနခိုင္မာၿပီးကိုယ့္အတြက္အခြင့္အလမ္းေတြလည္းရွိေနတယ္ဆိုရင္ေတာ့ ကိုယ့္အတြက္ပင္ပန္းခက္ခဲပါေစႀကိတ္မွိတ္ၿပီးလုပ္ရမွာအမွန္ပါ။ ဒါေပမဲ့တခ်ိဳ႕အခ်ိန္ေတြမွာေတာ့ အလုပ္ကိုမျဖစ္မေနစြန႔္ခြာသင့္ပါတယ္။ အလုပ္ကကိုယ့္အတြက္သက္သာတယ္၊ ေအးေဆးတယ္ဆိုပါေစဦးမျဖစ္မေနထြက္ပစ္လိုက္သင့္တဲ့အခ်ိန္ေတြရွိပါတယ္။ အဲဒါေတြကေတာ့ေအာက္မွာေဖာ္ျပထားတဲ့အေနအထားေတြျဖစ္ပါတယ္ေနာ္။

-ကိုယ့္အလုပ္ကို မုန္းေနၿပီဆိုရင္အလုပ္ထြက္သင့္ပါတယ္။ လူေတြဟာ ဘဝရဲ႕သုံးပုံတစ္ပုံကိုအလုပ္လုပ္ရင္းကုန္ဆုံးၾကရတာပါ။ တခ်ိဳ႕ေတြဆို သုံးပုံတစ္ပုံမကတဲ့အခ်ိန္ကာလအထိအလုပ္လုပ္ရပါေသးတယ္။ ဘဝဆိုတာတိုတိုေလးမို႔ ကိုယ္ေပ်ာ္တဲ့အလုပ္ကိုလုပ္ရင္းဘဝမွာေပ်ာ္ေပ်ာ္ေနဖို႔မျဖစ္မေနလိုအပ္ပါတယ္။ ဒါေၾကာင့္ ကိုယ္လုပ္ေနရတဲ့အလုပ္ကိုမခ်စ္ဘူးဆိုရင္အလုပ္ထြက္ၿပီးအေျပာင္းအလဲေတြလုပ္ဖို႔ မတြန႔္ဆုတ္သင့္ပါဘူး။

-အလုပ္ရွင္နဲ႔ဘယ္လိုမွအဆင္မေျပႏိုင္ေတာ့ဘူးဆိုရင္လည္း အလုပ္ထြက္သင့္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္မုန္းေနတဲ့သူလက္ ေအာက္မွာအလုပ္လုပ္ရင္ဘယ္လိုမွအလုပ္မွာေပ်ာ္႐ႊင္ေက်နပ္မႈရမွာမဟုတ္ပါဘူး။ အလုပ္မွာမေပ်ာ္႐ႊင္တဲ့အခါကိုယ့္ရဲ႕က်န္းမာေရး၊ လူမႈေရးေတြကိုပါထိခိုက္ေစႏိုင္လို႔ပါပဲ။

-အလုပ္မွာေနရတာဘယ္ေလာက္ပဲသက္ေသာင့္သက္သာရွိပါေစ ဒီအလုပ္ကကိုယ့္အတြက္တိုးတက္မႈနဲ႔အခြင့္အေရးေတြ ဘာမွမေပးႏိုင္ဘူးဆိုရင္လည္း အလုပ္ထြက္သင့္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ အခ်ိန္ေတြဟာႏွေျမာစရာေကာင္းၿပီး လူလည္းတုံးအသြားႏိုင္တာမို႔ပါ။
လုပ္ငန္းခြင္ဝင္ေနသူတိုင္းအတြက္ စိန္ေခၚမႈနဲ႔အခြင့္အလမ္းေတြဟာ အၿမဲရွိေနသင့္ပါတယ္။

-ကိုယ္လုပ္ေပးရတဲ့တာဝန္ေတြနဲ႔မမွ်တဲ့လစာ၊အလုပ္အရမ္းလုပ္ရၿပီးလစာနည္းနည္းပဲေပးတာမ်ိဳးဆိုရင္လည္း အလုပ္ေျပာင္းဖို႔မျဖစ္မေနဆုံးျဖတ္ရေတာ့မွာပါ။ ဝန္ထမ္းေကာင္းရဲ႕တန္ဖိုးကိုနားလည္တဲ့၊ ကိုယ္ခ်င္းစာတတ္တဲ့အလုပ္ရွင္ဟာကိုယ့္လုပ္အားနဲ႔ထိုက္တန္တဲ့လခကိုေပးမွာမုခ်ပါ။ ဒီလိုမဟုတ္ဘဲ လ်စ္လ်ဴရႈထားတာမ်ိဳးဆိုရင္ေတာ့အားနာစိတ္မထားဘဲအလုပ္ထြက္ဖို႔စဥ္းစားသင့္ပါတယ္ေနာ္။

-တခ်ိဳ႕အလုပ္ေတြမွာ ကိုယ့္ရဲ႕ျပစ္ခ်က္ေတြကိုပဲဖိေျပာခံရတာမ်ိဳးႀကဳံဖူးၾကမွာပါ။ဘယ္လိုပဲႀကိဳးစားေပမယ့္ခ်ီးက်ဴးမခံရရင္၊အသိအမွတ္ ျပဳမခံရရင္လည္း အလုပ္ထြက္သင့္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ အသိအမွတ္ျပဳခံရမႈဆိုတာႀကိဳးစားသူတိုင္းရသင့္တဲ့အရာပါ။ႏႈတ္ေလးနဲ႔ထုတ္ေဖာ္ခ်ီးက်ဴးတာမ်ိဳးကိုေတာင္မရဘူးဆိုရင္ေတာ့ ဒီလိုအလုပ္မ်ိဳးကိုစြန႔္ခြာသင့္ပါတယ္။

-ေနာက္တစ္ခ်က္ကေတာ့ အလုပ္ရွင္ကေအာက္ေျခအထိဆင္းၿပီးအေသးစိတ္ေလးေတြကအစလိုက္စီမံေနတယ္ဆိုရင္လည္း အလုပ္ထြက္သင့္ပါတယ္။ Micro-manage လုပ္တာကိုဝန္ထမ္းတိုင္းက သည္းမခံႏိုင္ၾကပါဘူး။ဒါေတြကေတာ့ အလုပ္အေျပာင္းအလဲလုပ္သင့္တဲ့အဓိကအေၾကာင္းရင္းေတြပါပဲ။ႀကိဳးစားခ်င္စိတ္အျပည့္၊ စဥ္းစားဉာဏ္အျပည့္နဲ႔လုပ္ေဆာင္တဲ့ေျပာင္းလဲမႈတိုင္းဟာကိုယ့္ကိုပိုမိုေကာင္းမြန္တဲ့ေနရာေတြဆီကိုပဲ ေခၚသြားေပးမွာမို႔ေျပာင္းလဲမႈတစ္ခုခုလုပ္ဖို႔မေၾကာက္႐ြံ႕သင့္ပါဘူးေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*