ကိုယ့်ရဲ့ Performance Review အခြေအနေမကောင်းတော့ရင် ဘာလုပ်ကြမလဲ
Performance Review ဆိုတာတကယ်တော့ ပျော်စရာကောင်းမနေပါဘူး။ ကိုယ်က Negative Reviewရတာမျိုးဆိုရင်တော့ ပိုဆိုးပါတယ်။ ဒီလိုအချိန်မှာကိုယ်က စိတ်ရှုပ်သွားတာ၊ ဒါမှမဟုတ်ဒေါသထွက်တာ၊ မခံချင်စိတ်ဖြစ်လာတာမျိုးတွေနဲ့ ကိုယ့်ရဲ့ Emotion ကိုမထိန်းနိုင်ဘဲပြန်ဖြေရှင်းမိကြတာမျိုးရှိတတ်ပါတယ်။တကယ်လို့များ Negative Review ရလာခဲ့ရင် အရေးအကြီးဆုံးက ကိုယ့် Emotion ကိုထိန်းပြီးဘယ်လိုကိုင်တွယ်သင့်လဲဆိုတာကို စဉ်းစားဖို့ပါပဲ။
၁. ကိုယ့်အတွက်အချိန်ခဏယူပါ
ကိုယ့်အတွက် Negative Review ရလာခဲ့တယ်ဆိုရင် ဒါကိုချက်ချင်းတုံ့ပြန်အဖြေရှာဖို့မလိုပါဘူး။ကိုယ့်အတွက် သုံးသပ်ချိန်၊ စဉ်းစားချိန်သာ အဓိကလိုအပ်တာြဖစ်ပါတယ်။ ဒီအချိန်မှာကိုယ်ကစိတ်ခံစားချက်နဲ့ ချက်ချင်းတုံ့ပြန်ပြောဆိုတာမျိုးက Professional မဆန်တဲ့၊အဆင်မပြေတဲ့ဖြေရှင်းမှုမျိုးတွေသာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်မကိုအချိန်ခဏပေးပါလား။ နောက်တစ်ရက်ကျမှ ထပ်ဆွေးနွေးချင်ပါတယ်ဆိုတာမျိုးပြောဆိုနိုင်ပါတယ်။
၂. အဖြေကိုဆွေးနွေးချိန်မှာတက်တက်ကြွကြွပါဝင်ပါ
ကိုယ့်ရဲ့ Supervisor က ကိုယ်နဲ့အတူ အဖြေရှာဆွေးနွေးနေချိန်မှာ ကိုယ်ကတက်တက်ကြွကြွပါဝင်ပြောဆိုပေးဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ သူဆွေးနွေးနေသမျှကိုစိတ်မပါလက်မပါနားထောင်မယ်ဆိုရင် ကိုယ့်ရဲ့တုံ့ပြန်မှုက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေပြီးရေရှည်အ တွက်လည်းမကောင်းစေပါဘူး။ ကိုယ်ကဒီအလုပ်မှာပဲဆက်ရှိနေရဦိးမှာသေချာရင်တော့အပြုသဘောဆောင်တဲ့ပြောဆိုဆွေးနွေးမှုတွေနဲ့ပဲ အဆုံးသတ်ရမှာဖြစ်ပါတယ်။
၃. အလွယ်တကူလက်မခံပါနဲ့
ကိုယ့်ကိုပေးတဲ့ Feedback တွေဟာ တကယ်ပဲမှန်ကန်မှုရှိလား၊ကိုယ်ကခေါင်းဆောင်နေရာမှာနေကြည့်ပြီး စဉ်းစားကြည့်ရင်ရောဒါတွေကသဘာဝကျရဲ့လားဆိုတာသုံးသပ်သင့်ပါတယ်။ Review မှာ ခေါင်းဆောင်ရဲ့အာဘော်တွေပဲကြားနေရပြီး အချက်အလက်တွေမပါဘူးဆိုရင်အလွယ်တကူ လက်မခံပါနဲ့။ Feedback တွေနဲ့ပတ်သက်ပြီး ကိုယ်တစ်ယောက်တည်းနဲ့မဆုံးဖြတ်နိုင်ရင်လုပ်ဖော်ကိုင်ဖက်နဲ့တခြားသောခေါင်းဆောင်တွေကို ဝေဖန်ကြည့်ခိုင်းလို့ရပါတယ်။အားလုံးကမဖြစ်နိုင်ဘူး မှားယွင်းနေတယ်ဆိုတဲ့မှတ်ချက်ပေးရင်တော့ ဒါကို Supervisor နဲ့ပြန်ဆွေးနွေးပြောဆိုရမှာဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကိုမေးတဲ့အခါမှာတော့အရိုးသားဆုံးဖြေဖို့၊ အမှန်အတိုင်းသုံးသပ်ပေးဖို့တောင်းဆိုရမှာပါ။
၄. ပြင်ဆင်ရမယ့်အစိတ်အပိုင်းကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါ
Improvement ဖြစ်ဖို့လိုနေတဲ့အစိတ်အပိုင်းအတွက် ဆက်လက်လုပ်ဆောင်ရမယ့် အလုပ်တွေ၊အချိန်ကန့်သတ်ချက်တွေကိုရှင်းရှင်း လင်းလင်းမေးဖို့လိုပါတယ်။ ဒါပြီးရင်တော့တကယ်လုပ်ဆောင်ရမယ့် လက်တွေ့ကျတဲ့ Goal နဲ့ Plan တွေချမှတ်ရပါမယ်။ ကိုယ်က
ပူးပေါင်းဆောင်ရွက်မှုပိုင်းမှာအားနည်းနေတယ်ဆိုရင် နှစ်ပတ်တစ်ကြိမ်ဖြစ်ဖြစ်ကိုယ်တတ်ကျွမ်းထားတဲ့ပညာရပ်ထဲကနေသိသင့်တာလေးတွေကိုအများကိုမျှဝေတာမျိုးလုပ်နိုင်ပါတယ်။ တခြားဝန်ထမ်းတွေသင်ယူဖို့စိတ်ဝင်စားတဲ့အပိုင်းရှိရင်လည်းဒါကိုသင်ကြားပေးတာမျိုးလုပ်နိုင်ပါတယ်။ ကိုယ်ကလူမှုဆက်ဆံရေးပိုင်းမှာအားနည်းတာဆိုရင်နေ့ခင်းထမင်းစားချိန်မှာတခြားသူတွေနဲ့အတူတူရောစားတာ
မျိုး၊ စကားပိုပြောဖြစ်အောင် ဖန်တီးတာမျိုးလုပ်ဖို့လိုပါတယ်။ ကိုယ်လုပ်ရမယ့်အရာကိုရှင်းရှင်းလင်းလင်းလုပ်ဆောင်ပြီးပြီ၊ Goal နဲ့ Plan ကိုလည်းသေသေချာချာချမှတ်ပြီးပြီဆိုရင် တော့ဘာမှစိုးရိမ်နေဖို့မလိုတော့ပါဘူး။ဘယ်လို Feedback ပဲလာပါစေ၊ အဓိကက ကိုယ့်မှာအခြေအနေမှန်ကို လက်ခံရဲတဲ့၊ ပြင်ရဲတဲ့စိတ်နဲ့ကြိုးစားရင်ရနိုင်ပါတယ်ဆိုတဲ့ Growth Mindset ရှိဖို့ပါပဲ။ Performance Review ဆိုတာကလည်းငယ်ငယ်ကစာမေးပွဲတွေလိုပါပဲ၊ ကြိုတင်ပြင်ဆင်ခွင့်ရှိပါတယ်။ကိုယ်ကကြိုးစားပြင်ဆင်ထားတယ်ဆိုရင် Positive Review တွေမရနိုင်စရာအကြောင်းမရှိပါဘူးနော်။
Ju Ju
zawgyi
၎. ပြင်ဆင်ရမယ့်အစိတ်အပိုင်းကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါ
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*