သူမရဲ့ပရိသတ်တွေကို အံ့အားသင့်သွားစေခဲ့တဲ့ဘီယွန်ဆေးရဲ့လုပ်ရပ်

ဘီယွန်ဆေးတစ်ယောက် တေလာဆွပ်ဖ်ရဲ့ Eras Tour Concert ရုပ်ရှင်အထူးပွဲကိုတက်ရောက်ခဲ့တာကသူမရဲ့ပရိသတ်တွေကိုတော် တော်လေးအံ့အားသင့်စေခဲ့ပါတယ်။ တေလာဆွပ်ဖ်ရဲ့ Eras Tour Concert Film အထူးပွဲကိုလော့စ်အိန်ဂျလိစ်မှာပြုလုပ်ခဲ့တာဖြစ်ပြီး တခြားသော အနုပညာရှင်တော်တော်များများလည်းတက်ရောက်ခဲ့ကြပါတယ်။ဘီယွန်ဆေးအနေနဲ့ တေလာဆွပ်ဖ်ရဲ့ပွဲကိုတကူးတကတက်ရောက်ပြီးအားပေးတဲ့အပေါ်သူမရဲ့ပရိသတ်တော်တော်များများက အံ့အားသင့်နေကြတာဖြစ်ပါတယ်။

တချို့ပရိသတ်တွေကဒီလိုဂီတဘုရင်မနှစ်ပါးကိုတွဲပြီးတွေ့ရတာ မယုံနိုင်ဘူးဆိုတဲ့မှတ်ချက်မျိုးရေးသားခဲ့ကြပါတယ်။တေလာဆွပ်ဖ်က တော့ ဘီယွန်ဆေးဟာ ဂီတလောကမှာသူမကိုလမ်းပြနိုင်ခဲ့သူတစ်ယောက်၊ဘီယွန်ဆေးရဲ့လွှမ်းမိုးမှုကြောင့် သူမရဲ့လက်ရှိဘဝဖြစ်တည်လာခဲ့တာပါဆိုပြီး အင်စတာဂရမ်မှာရေးသားခဲ့ပါတယ်။ဂီတဘုရင်မနှစ်ဦးရဲ့ ဒီနှစ်အတွင်းပြုလုပ်ခဲ့တဲ့ World Tour တွေဟာ စံချိန်တင်ဝင်ငွေတွေရရှိခဲ့ကြပြီးအောင်မြင်မှုတွေနဲ့ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ဘီယြန္ေဆးတစ္ေယာက္ ေတလာဆြပ္ဖ္ရဲ႕ Eras Tour Concert ႐ုပ္ရွင္အထူးပြဲကိုတက္ေရာက္ခဲ့တာကသူမရဲ႕ပရိသတ္ေတြကိုေတာ္ ေတာ္ေလးအံ့အားသင့္ေစခဲ့ပါတယ္။ ေတလာဆြပ္ဖ္ရဲ႕ Eras Tour Concert Film အထူးပြဲကိုေလာ့စ္အိန္ဂ်လိစ္မွာျပဳလုပ္ခဲ့တာျဖစ္ၿပီး တျခားေသာ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားလည္းတက္ေရာက္ခဲ့ၾကပါတယ္။ဘီယြန္ေဆးအေနနဲ႔ ေတလာဆြပ္ဖ္ရဲ႕ပြဲကိုတကူးတကတက္ေရာက္ၿပီးအားေပးတဲ့အေပၚသူမရဲ႕ပရိသတ္ေတာ္ေတာ္မ်ားမ်ားက အံ့အားသင့္ေနၾကတာျဖစ္ပါတယ္။

တခ်ိဳ႕ပရိသတ္ေတြကဒီလိုဂီတဘုရင္မႏွစ္ပါးကိုတြဲၿပီးေတြ႕ရတာ မယုံႏိုင္ဘူးဆိုတဲ့မွတ္ခ်က္မ်ိဳးေရးသားခဲ့ၾကပါတယ္။ေတလာဆြပ္ဖ္က ေတာ့ ဘီယြန္ေဆးဟာ ဂီတေလာကမွာသူမကိုလမ္းျပႏိုင္ခဲ့သူတစ္ေယာက္၊ဘီယြန္ေဆးရဲ႕လႊမ္းမိုးမႈေၾကာင့္ သူမရဲ႕လက္ရွိဘဝျဖစ္တည္လာခဲ့တာပါဆိုၿပီး အင္စတာဂရမ္မွာေရးသားခဲ့ပါတယ္။ဂီတဘုရင္မႏွစ္ဦးရဲ႕ ဒီႏွစ္အတြင္းျပဳလုပ္ခဲ့တဲ့ World Tour ေတြဟာ စံခ်ိန္တင္ဝင္ေငြေတြရရွိခဲ့ၾကၿပီးေအာင္ျမင္မႈေတြနဲ႔ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*