Introvert တို့အလုပ်အင်တာဗျူးမဖြေခင်လုပ်ဆောင်သင့်တဲ့နည်းလမ်း ၇ ချက်

အလုပ်ရှာနေသူအများစုက အင်တာဗျူးဝင်ချိန်အတွက် စိတ်ဖိစီးမှုလေးတွေရှိတတ်ကြပါတယ်။ဒီလိုစိုးရိမ်မှု၊ စိတ်ဖိစီးမှုမျိုးကို Introvert တွေလည်းကြုံရစမြဲပါ။နဂိုတည်းကခင်မင်ရာလူနည်းစုနဲ့သာအေးအေးနေတတ်တဲ့ Introvert တို့အတွက်အင်တာဗျူးဝင်ချိန်မှာလုံးဝအဆင်ပြေစေဖို့ ဒီနည်းလမ်း ၇ ချက်ကကူညီပေးနိုင်ပါလိမ့်မယ်။

၁. ကြိုတင်လေ့ကျင့်ပါ
Extrovert တွေက သူ့ရဲ့ Energy ကိုအပြင်မှာဖော်ပြလေ့ရှိပေမယ့် Introvert တွေက သူ့ရဲ့ Energy ကိုအတွင်းမှာ တည်ဆောက်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း Introvert တွေဟာသူစိမ်းတွေနဲ့အဆင်ပြေပြေ ပြောဆိုဆက်ဆံနိုင်ဖို့ လုံလောက်တဲ့ကြိုတင်ပြင်ဆင်မှုရှိဖို့လိုပါတယ်။ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်သုံးသပ်နိုင်စွမ်းက Introvert တို့အတွက် တကယ့်ခွန်အားဖြစ်နိုင်ပါတယ်။ Introvert တစ်ယောက်အနေနဲ့ အလုပ်အင်တာဗျူးဖြေဖို့ရှိတယ်ဆိုရင် တစ်ပတ်လောက်ကတည်းကနေ့စဉ်အချိန်ခဏပေးပြီး ကိုယ်ပြောချင်တာ၊ ကိုယ်တင်ဆက်ချင်တာတွေကို လေ့ကျင့်ထားသင့်ပါတယ်။

၂. အဓိကပြောမယ့်အချက်တွေကိုပြင်ဆင်ပါ
အင်တာဗျူးအတွက်လေ့ကျင့်တဲ့နေရာမှာ ကိုယ်ပြင်ဆင်ထားသလို ကွက်တိကြီးဖြစ်ချင်မှဖြစ်လာမှာပါ။ဒါကြောင့် အင်တာဗျူးမှာဘာတွေအဓိကပြောမလဲဆိုတဲ့ Talking Points တွေကိုအဓိကပြင်ဆင်ထားပြီးထုတ်နုတ်ထားပါ။ အင်တာဗျူးဖြေရမယ့်နေ့မှာ ဒီအချက်လေးတွေကိုတချက်ပြန်ကြည့်ရုံပါပဲ။ဒီလိုမပြင်ဆင်ထားမိဘူးဆိုရင် အင်တာဗျူးခန်းထဲရောက်မှ စိတ်လှုပ်ရှားပြီးအဓိကပြောရမယ့်အရာတွေမေ့သွားတတ်လို့ပါ။

၃. အရာရာအဆင်ပြေနေတဲ့ကိုယ့်ပုံရိပ်ကို မြင်ယောင်ပါ
ဒီအချိန်ဟာစိတ်စွမ်းအားကို အသုံးချရမယ့်အချိန်ပါ။ အင်တာဗျူးနေ့မှာ အားလုံးအဆင်ပြေတယ်၊အောင်မြင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ပုံဖော်ကြည့်၊ မြင်ယောင်ကြည့်ထားမယ်ဆိုရင်ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်း တကယ်ဖြစ်လာမှာပါ။ ဒီလိုပုံဖော်ကြည့်တာကစိတ်ဖိစီးမှုကိုလျော့နည်းစေပြီး လူကိုလည်း သက်သောင့်သက်သာြဖစ်စေပါတယ်။

၄. ကိုယ့်စိတ်ကူးကိုပြောဆိုပြီးအဆင်ပြေမှုရယူပါ
Introvert တွေဟာ ကိုယ့်ရဲ့အတွေးနဲ့စိတ်ကူးတွေကို အစီအစဉ်တကျပြောဖို့ခက်ခဲမှုတွေရှိတတ်ကြပါတယ်။ အင်တာဗျူးသူဘက်က
ဒီလိုပြဿနာတွေကြုံလာရင်ဘယ်လိုဖြေရှင်းမလဲ၊ ဒီဖြစ်ရပ်အပေါ်မင်းဘယ်လိုယူဆသလဲစသဖြင့်မေးလာခဲ့ရင်…
ကျွန်မဒီလိုဆုံးဖြတ်ဖြစ်တဲ့အကြောင်းပြချက်တွေက…
ကျွန်မနောက်ထပ်ခြေလှမ်းလှမ်းချင်တာက…
ဒီရွေးချယ်မှုအတွက်ဖြစ်နိုင်ချေတွေက…
နောက်ထပ် ကျွန်မလုပ်ချင်တာ…စသဖြင့် ကိုယ့်အတွေးစိတ်ကူးတွေကို ပြန်ပြောြခင်းနဲ့ ဒီလိုမေးခွန်းတွေကိုကျော်လွှားနိုင်ပါတယ်။

၅. အသက်ရှူနည်းလေ့ကျင့်ထားပါ
အပြည့်အဝအသက်ရှူတတ်ခြင်းက သင့်ကိုစိတ်ဖိစီးမှုတွေသက်သာလျော့ပါးစေပါတယ်။ ဒါကြောင့်အင်တာဗျူးမဖြေခင်ကတည်းက စိတ်ရောခန္ဓာကိုယ်ကိုရောခဏငြိမ်သက်သွားစေမယ့်အသက်ရှူပုံကိုလေ့ကျင့်ထားနိုင်ပါတယ်။ မေးခွန်းတစ်ခုမေးလာချိန်တိုင်း ခေါင်းလေးအေးသွားစေဖို့အပြည့်အဝအသက်ရှူလိုက်ပါ။ သက်ပြင်းချသလိုမျိုးတော့မဖြစ်စေရပါဘူးနော်။အသက်ဝဝရှူတတ်သွားတယ်ဆိုရင် မေးခွန်းတိုင်းကိုစိတ်အေးအေးဖြေနိုင်စေမှာဖြစ်ပါတယ်။

၆. ကိုယ့်ရဲ့ထူးခြားတဲ့အရည်အချင်းကို သတိရပါ
Introvert တွေမှာလည်း ထူးခြားတဲ့အရည်အချင်းနဲ့ အာရုံစိုက်နိုင်စွမ်းတွေရှိတတ်ပါတယ်။ ဒါတွေကိုပြောပြနိုင်အောင်ကြိုးစားရပါမယ်။ ဒီအတိုင်းကျွန်မကအဲဒီအရည်အချင်းတွေရှိပါတယ်လို့ပြောတာထက်ကိုယ့်အရည်အချင်းကို ကိုယ်မှတ်မိတဲ့ဖြစ်ရပ်၊ဇာတ်လမ်းနဲ့တွဲပြီးပြောပြနိုင်ပါတယ်။“ကျွန်မကစကားနည်းပေမယ့် Customer ရဲ့အကြိုက်တွေကိုအသေးစိတ်မှတ်မိလွန်းလို့ Order နဲ့ပတ်သက်ပြီးလုပ် ဖော်ကိုင်ဖက်တွေကစိတ်ထဲဇဝေဇဝါဖြစ်သွားတဲ့အခါ ကျွန်မကိုပဲအရင်လာမေးကြတာ” စသဖြင့်ပြောဆိုနိုင်ပါတယ်။ဒီလို ဖြစ်ရပ်၊ ဇာတ် လမ်းတွေနဲ့ပြောတာက အင်တာဗျူးသူရဲ့ရင်ထဲထင်ကျန်နေမှာဖြစ်ပြီးကိုယ့်ရဲ့ပုံရိပ်နဲ့တကွ တွဲပြီးမှတ်မိနေမှာဖြစ်ပါတယ်။

၇. Follow-up လိုက်ပါ
အင်တာဗျူးပြီးဆုံးချိန်မှာ ဘာမှမလုပ်ဘဲဒီအတိုင်းနေလိုက်တာထက်ကျေးဇူးတင်ကြောင်းမေးလ်ပို့နိုင်ပါတယ်။ အင်တာဗျူးဖြေခွင့်ရခဲ့တာကျေးဇူးတင်ကြောင်း၊အကြံဉာဏ်များအတွက်ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ ကိုယ်ပြောဖို့ကျန်ခဲ့တဲ့တချို့အချက်လေးတွေကို ဒီမေးလ်ထဲမှာထည့်ပြီးပြောဆိုနိုင်ပါတယ်။အဲဒီနေ့ကအင်တာဗျူးသူစိတ်ဝင်တစားရှိခဲ့တဲ့ အကြောင်းအရာရဲ့ ဓာတ်ပုံမှတ်တမ်း၊အထောက်အ ထားလက်မှတ် စတာတွေကိုလည်း တစ်ပါတည်းတွဲပြီးပို့နိုင်ပါသေးတယ်။ဒီအချက်တွေကိုပြင်ဆင်ထားမယ်ဆိုရင်တော့ Introvert တစ်ယောက်ဖြစ်နေလည်းပဲဘယ်လိုအင်တာဗျူးမျိုးမဆို ယုံကြည်ချက်ရှိရှိနဲ့ဖြေဆိုနိုင်သွားမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

အလုပ္ရွာေနသူအမ်ားစုက အင္တာဗ်ဴးဝင္ခ်ိန္အတြက္ စိတ္ဖိစီးမႈေလးေတြရွိတတ္ၾကပါတယ္။ဒီလိုစိုးရိမ္မႈ၊ စိတ္ဖိစီးမႈမ်ိဳးကို Introvert ေတြလည္းႀကဳံရစၿမဲပါ။နဂိုတည္းကခင္မင္ရာလူနည္းစုနဲ႔သာေအးေအးေနတတ္တဲ့ Introvert တို႔အတြက္အင္တာဗ်ဴးဝင္ခ်ိန္မွာလုံးဝအဆင္ေျပေစဖို႔ ဒီနည္းလမ္း ၇ ခ်က္ကကူညီေပးႏိုင္ပါလိမ့္မယ္။

၁. ႀကိဳတင္ေလ့က်င့္ပါ
Extrovert ေတြက သူ႔ရဲ႕ Energy ကိုအျပင္မွာေဖာ္ျပေလ့ရွိေပမယ့္ Introvert ေတြက သူ႔ရဲ႕ Energy ကိုအတြင္းမွာ တည္ေဆာက္တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Introvert ေတြဟာသူစိမ္းေတြနဲ႔အဆင္ေျပေျပ ေျပာဆိုဆက္ဆံႏိုင္ဖို႔ လုံေလာက္တဲ့ႀကိဳတင္ျပင္ဆင္မႈရွိဖို႔လိုပါတယ္။ကိုယ့္ကိုယ္ကိုယ္ဆင္ျခင္သုံးသပ္ႏိုင္စြမ္းက Introvert တို႔အတြက္ တကယ့္ခြန္အားျဖစ္ႏိုင္ပါတယ္။ Introvert တစ္ေယာက္အေနနဲ႔ အလုပ္အင္တာဗ်ဴးေျဖဖို႔ရွိတယ္ဆိုရင္ တစ္ပတ္ေလာက္ကတည္းကေန႔စဥ္အခ်ိန္ခဏေပးၿပီး ကိုယ္ေျပာခ်င္တာ၊ ကိုယ္တင္ဆက္ခ်င္တာေတြကို ေလ့က်င့္ထားသင့္ပါတယ္။

၂. အဓိကေျပာမယ့္အခ်က္ေတြကိုျပင္ဆင္ပါ
အင္တာဗ်ဴးအတြက္ေလ့က်င့္တဲ့ေနရာမွာ ကိုယ္ျပင္ဆင္ထားသလို ကြက္တိႀကီးျဖစ္ခ်င္မွျဖစ္လာမွာပါ။ဒါေၾကာင့္ အင္တာဗ်ဴးမွာဘာေတြအဓိကေျပာမလဲဆိုတဲ့ Talking Points ေတြကိုအဓိကျပင္ဆင္ထားၿပီးထုတ္ႏုတ္ထားပါ။ အင္တာဗ်ဴးေျဖရမယ့္ေန႔မွာ ဒီအခ်က္ေလးေတြကိုတခ်က္ျပန္ၾကည့္႐ုံပါပဲ။ဒီလိုမျပင္ဆင္ထားမိဘူးဆိုရင္ အင္တာဗ်ဴးခန္းထဲေရာက္မွ စိတ္လႈပ္ရွားၿပီးအဓိကေျပာရမယ့္အရာေတြေမ့သြားတတ္လို႔ပါ။

၃. အရာရာအဆင္ေျပေနတဲ့ကိုယ့္ပုံရိပ္ကို ျမင္ေယာင္ပါ
ဒီအခ်ိန္ဟာစိတ္စြမ္းအားကို အသုံးခ်ရမယ့္အခ်ိန္ပါ။ အင္တာဗ်ဴးေန႔မွာ အားလုံးအဆင္ေျပတယ္၊ေအာင္ျမင္တယ္လို႔ ကိုယ့္ကိုယ္ကိုယ္ပုံေဖာ္ၾကည့္၊ ျမင္ေယာင္ၾကည့္ထားမယ္ဆိုရင္ကိုယ့္ရဲ႕ယုံၾကည္ခ်က္အတိုင္း တကယ္ျဖစ္လာမွာပါ။ ဒီလိုပုံေဖာ္ၾကည့္တာကစိတ္ဖိစီးမႈကိုေလ်ာ့နည္းေစၿပီး လူကိုလည္း သက္ေသာင့္သက္သာျဖစ္ေစပါတယ္။

၄. ကိုယ့္စိတ္ကူးကိုေျပာဆိုၿပီးအဆင္ေျပမႈရယူပါ
Introvert ေတြဟာ ကိုယ့္ရဲ႕အေတြးနဲ႔စိတ္ကူးေတြကို အစီအစဥ္တက်ေျပာဖို႔ခက္ခဲမႈေတြရွိတတ္ၾကပါတယ္။ အင္တာဗ်ဴးသူဘက္က
ဒီလိုျပႆနာေတြႀကဳံလာရင္ဘယ္လိုေျဖရွင္းမလဲ၊ ဒီျဖစ္ရပ္အေပၚမင္းဘယ္လိုယူဆသလဲစသျဖင့္ေမးလာခဲ့ရင္…
ကြၽန္မဒီလိုဆုံးျဖတ္ျဖစ္တဲ့အေၾကာင္းျပခ်က္ေတြက…
ကြၽန္မေနာက္ထပ္ေျခလွမ္းလွမ္းခ်င္တာက…
ဒီေ႐ြးခ်ယ္မႈအတြက္ျဖစ္ႏိုင္ေခ်ေတြက…
ေနာက္ထပ္ ကြၽန္မလုပ္ခ်င္တာ…စသျဖင့္ ကိုယ့္အေတြးစိတ္ကူးေတြကို ျပန္ေျပာျခင္းနဲ႔ ဒီလိုေမးခြန္းေတြကိုေက်ာ္လႊားႏိုင္ပါတယ္။

၅. အသက္ရႉနည္းေလ့က်င့္ထားပါ
အျပည့္အဝအသက္ရႉတတ္ျခင္းက သင့္ကိုစိတ္ဖိစီးမႈေတြသက္သာေလ်ာ့ပါးေစပါတယ္။ ဒါေၾကာင့္အင္တာဗ်ဴးမေျဖခင္ကတည္းက စိတ္ေရာခႏၶာကိုယ္ကိုေရာခဏၿငိမ္သက္သြားေစမယ့္အသက္ရႉပုံကိုေလ့က်င့္ထားႏိုင္ပါတယ္။ ေမးခြန္းတစ္ခုေမးလာခ်ိန္တိုင္း ေခါင္းေလးေအးသြားေစဖို႔အျပည့္အဝအသက္ရႉလိုက္ပါ။ သက္ျပင္းခ်သလိုမ်ိဳးေတာ့မျဖစ္ေစရပါဘူးေနာ္။အသက္ဝဝရႉတတ္သြားတယ္ဆိုရင္ ေမးခြန္းတိုင္းကိုစိတ္ေအးေအးေျဖႏိုင္ေစမွာျဖစ္ပါတယ္။

၆. ကိုယ့္ရဲ႕ထူးျခားတဲ့အရည္အခ်င္းကို သတိရပါ
Introvert ေတြမွာလည္း ထူးျခားတဲ့အရည္အခ်င္းနဲ႔ အာ႐ုံစိုက္ႏိုင္စြမ္းေတြရွိတတ္ပါတယ္။ ဒါေတြကိုေျပာျပႏိုင္ေအာင္ႀကိဳးစားရပါမယ္။ ဒီအတိုင္းကြၽန္မကအဲဒီအရည္အခ်င္းေတြရွိပါတယ္လို႔ေျပာတာထက္ကိုယ့္အရည္အခ်င္းကို ကိုယ္မွတ္မိတဲ့ျဖစ္ရပ္၊ဇာတ္လမ္းနဲ႔တြဲၿပီးေျပာျပႏိုင္ပါတယ္။“ကြၽန္မကစကားနည္းေပမယ့္ Customer ရဲ႕အႀကိဳက္ေတြကိုအေသးစိတ္မွတ္မိလြန္းလို႔ Order နဲ႔ပတ္သက္ၿပီးလုပ္ ေဖာ္ကိုင္ဖက္ေတြကစိတ္ထဲဇေဝဇဝါျဖစ္သြားတဲ့အခါ ကြၽန္မကိုပဲအရင္လာေမးၾကတာ” စသျဖင့္ေျပာဆိုႏိုင္ပါတယ္။ဒီလို ျဖစ္ရပ္၊ ဇာတ္ လမ္းေတြနဲ႔ေျပာတာက အင္တာဗ်ဴးသူရဲ႕ရင္ထဲထင္က်န္ေနမွာျဖစ္ၿပီးကိုယ့္ရဲ႕ပုံရိပ္နဲ႔တကြ တြဲၿပီးမွတ္မိေနမွာျဖစ္ပါတယ္။

၇. Follow-up လိုက္ပါ
အင္တာဗ်ဴးၿပီးဆုံးခ်ိန္မွာ ဘာမွမလုပ္ဘဲဒီအတိုင္းေနလိုက္တာထက္ေက်းဇူးတင္ေၾကာင္းေမးလ္ပို႔ႏိုင္ပါတယ္။ အင္တာဗ်ဴးေျဖခြင့္ရခဲ့တာေက်းဇူးတင္ေၾကာင္း၊အႀကံဉာဏ္မ်ားအတြက္ေက်းဇူးတင္ေၾကာင္းေျပာရင္းနဲ႔ ကိုယ္ေျပာဖို႔က်န္ခဲ့တဲ့တခ်ိဳ႕အခ်က္ေလးေတြကို ဒီေမးလ္ထဲမွာထည့္ၿပီးေျပာဆိုႏိုင္ပါတယ္။အဲဒီေန႔ကအင္တာဗ်ဴးသူစိတ္ဝင္တစားရွိခဲ့တဲ့ အေၾကာင္းအရာရဲ႕ ဓာတ္ပုံမွတ္တမ္း၊အေထာက္အ ထားလက္မွတ္ စတာေတြကိုလည္း တစ္ပါတည္းတြဲၿပီးပို႔ႏိုင္ပါေသးတယ္။ဒီအခ်က္ေတြကိုျပင္ဆင္ထားမယ္ဆိုရင္ေတာ့ Introvert တစ္ေယာက္ျဖစ္ေနလည္းပဲဘယ္လိုအင္တာဗ်ဴးမ်ိဳးမဆို ယုံၾကည္ခ်က္ရွိရွိနဲ႔ေျဖဆိုႏိုင္သြားမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*