Wicked ရုပ်ရှင်ကားရိုက်ကူးရင်းချစ်သူတွေဖြစ်သွားခဲ့ကြတယ်လို့သတင်းထွက်လာခဲ့တဲ့ပေါပ့်ဘုရင်မလေးAriana Grande နဲ့ တွဲဖက်သရုပ်ဆောင် Ethan Slater တို့ကိုလက်ရှိမှာတော့တွဲသွားတွဲလာလုပ်နေတာမျိုးမတွေ့မြင်ရတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ Ethan Slaterကသူ့ရဲ့ဇနီးဖြစ်သူနဲ့တရားဝင်ပြတ်စဲနိုင်ဖို့အတွက် နယူးယော့ခ်ကိုပြန်သွားခဲ့တာကြောင့်ဖြစ်ပါတယ်။ Ethan Slaterဟာဇနီးဖြစ်သူ Lilly Jay နဲ့ ၂၀၁၈ ခုနစ်ကလက်ထပ်ခဲ့တာြဖစ်ပြီးသားလေးတစ်ယောက်ပိုင်ဆိုင်ထားပါတယ်။
Ariana Grande နဲ့Ethan Slaterတို့ဟာWickedရုပ်ရှင်ရိုက်ကူးချိန်လွန်ခဲ့တဲ့လပေါင်းများစွာကတည်းကစတင်တွဲခုတ်နေခဲ့တာြဖစ်တယ်လို့ မီဒီယာတွေမှာဖော်ပြကြပါတယ်။ ရိုက်ကွင်းပေါ်မှာသူတို့နှစ်ဦးရဲ့ တစ်ဦးအပေါ်တစ်ဦိးဂရုတစိုက်ရှိလွန်းတဲ့မြင်ကွင်းတွေကသူတို့ချစ်နေကြပါပြီဆိုတာကိုသက်သေခံနေသလိုပါပဲ။
Ariana Grandeအနေနဲ့ ၂၀၂၁ ခုနစ်မှာ Dalton Gomez နဲ့လက်ထပ်ခဲ့ပြီးပြီးခဲ့တဲ့လအနည်းငယ်ကပဲလမ်းခွဲခဲ့တာဖြစ်ပါတယ်။ Dalton Gomezဟာအနုပညာနယ်ပယ်ကမဟုတ်ဘဲအောင်မြင်တဲ့အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။
Ariana Grande နဲ့ Ethan Slaterတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Wickedရုပ်ရှင်ဟာအပိုင်းနှစ်ပိုင်းရိုက်ကူးထွက်ရှိမှာဖြစ်ပြီးWicked Part -1 ကို ၂၀၂၄ ခုနစ်၊ နိုဝင်ဘာလမှာပြသနိုင်ဖို့ခန့်မှန်းထားပါတယ်။
Ju Ju
Leave a Reply