အသက် ၅၀ လို့မပြောပါနဲ့ဆိုတဲ့ စူပါမော်ဒယ်လ် Kate Moss

၂၀၂၄ ခုနစ်၊ ဇန်နဝါရီလမှာ အသက် ၅၀ ပြည့်တော့မယ့် စူပါမော်ဒယ်လ် Kate Moss ကအသက်ဆိုတာကိန်းဂဏန်းသက်သက်ပါလို့ပြောခဲ့ပါတယ်။“ကျွန်မကိုယ့်ကိုယ်ကိုယ် အသက် ၅၀ လို့မထင်ဘူး။ အဲဒီအကြောင်းကိုလည်းမစဉ်းစားဘူး၊မေ့ထားတယ်”လို့ People နဲ့အင် တာဗျူးမှာပြောဆိုခဲ့တာဖြစ်ပါတယ်။သူမကိုဇရာကိုဘယ်လိုတိုက်ထုတ်မလဲဆိုတဲ့အကြောင်းကိုဆွေးနွေးတဲ့အခါမှာလည်း သူမက Fillers နဲ့ Botox တွေထိုးရတာမျိုးကိုလည်းသဘောမကျဘူး။ သဘာဝအတိုင်းပဲနေတယ်လို့ဖြေခဲ့ပါတယ်။ဒီလိုအလှအပအတွက် ဆေးထိုးသွင်းတာတွေနဲ့ပတ်သက်ရင်သူမကအထင်လွဲမခံနိုင်ဘဲပြန်ဖြေရှင်းလေ့ရှိသူဖြစ်ပါတယ်။

သူမက “ကျွန်မကိုနုပျိုစေတာ ကျွန်မရဲ့စိတ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်လူငယ်လေးလိုပဲသဘောထားတယ်။ကျွန်မရဲ့ Crystal လေးတွေကိုအားပြန်ဖြည့်တယ်။ လရဲ့စွမ်းအင်ကိုရဖို့ လရောင်လှုံတယ်”ဆိုပြီးသူမရဲ့လုပ်ဆောင်ချက်တွေကိုဖြေကြားခဲ့ပါသေးတယ်။Kate Moss ဟာ အသက် ၂၀ အရွယ်သမီး Lila Moss ကိုပိုင်ဆိုင်ထားပြီး သူမကအမေခြေရာနင်းကာအသက် ၁၄ နှစ်ကတည်းက မော်ဒယ်လ်လုပ်နေသူဖြစ်ပါတယ်။

Ju Ju

zawgyi

၂၀၂၄ ခုနစ္၊ ဇန္နဝါရီလမွာ အသက္ ၅၀ ျပည့္ေတာ့မယ့္ စူပါေမာ္ဒယ္လ္ Kate Moss ကအသက္ဆိုတာကိန္းဂဏန္းသက္သက္ပါလို႔ေျပာခဲ့ပါတယ္။“ကြၽန္မကိုယ့္ကိုယ္ကိုယ္ အသက္ ၅၀ လို႔မထင္ဘူး။ အဲဒီအေၾကာင္းကိုလည္းမစဥ္းစားဘူး၊ေမ့ထားတယ္”လို႔ People နဲ႔အင္ တာဗ်ဴးမွာေျပာဆိုခဲ့တာျဖစ္ပါတယ္။သူမကိုဇရာကိုဘယ္လိုတိုက္ထုတ္မလဲဆိုတဲ့အေၾကာင္းကိုေဆြးေႏြးတဲ့အခါမွာလည္း သူမက Fillers နဲ႔ Botox ေတြထိုးရတာမ်ိဳးကိုလည္းသေဘာမက်ဘူး။ သဘာဝအတိုင္းပဲေနတယ္လို႔ေျဖခဲ့ပါတယ္။ဒီလိုအလွအပအတြက္ ေဆးထိုးသြင္းတာေတြနဲ႔ပတ္သက္ရင္သူမကအထင္လြဲမခံႏိုင္ဘဲျပန္ေျဖရွင္းေလ့ရွိသူျဖစ္ပါတယ္။

သူမက “ကြၽန္မကိုႏုပ်ိဳေစတာ ကြၽန္မရဲ႕စိတ္ပါပဲ။ ကိုယ့္ကိုယ္ကိုယ္လူငယ္ေလးလိုပဲသေဘာထားတယ္။ကြၽန္မရဲ႕ Crystal ေလးေတြကိုအားျပန္ျဖည့္တယ္။ လရဲ႕စြမ္းအင္ကိုရဖို႔ လေရာင္လႈံတယ္”ဆိုၿပီးသူမရဲ႕လုပ္ေဆာင္ခ်က္ေတြကိုေျဖၾကားခဲ့ပါေသးတယ္။Kate Moss ဟာ အသက္ ၂၀ အ႐ြယ္သမီး Lila Moss ကိုပိုင္ဆိုင္ထားၿပီး သူမကအေမေျခရာနင္းကာအသက္ ၁၄ ႏွစ္ကတည္းက ေမာ္ဒယ္လ္လုပ္ေနသူျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*