အာဏာရှင်ဆန်လွန်းတဲ့သူဌေးနဲ့တွေ့ရတဲ့အခါ

အလုပ်တွေလုပ်နေရင်း ကိုယ့်ဘဝမှာကံမကောင်းစွာနဲ့အာဏာရှင်ဆန်လွန်းတဲ့သူဌေးမျိုးနဲ့ဆုံတွေ့ရတတ်ပါတယ်။ အမြဲတမ်းလိုလိုအမိန့်ပေးစေခိုင်းတတ်ပြီးညှိနှိုင်းပြောဆိုဖို့တောင်ခက်ခဲတဲ့လူမျိုးတွေပါ။ ဒီလိုသူဌေးဆီအလုပ်လုပ်ရတဲ့ဝန်ထမ်းတွေဟာကိုယ့်ကိုပြစ်တင်ကဲ့ရဲ့တာကိုမခံနိုင်တဲ့အဆုံး အလုပ်ထွက်ခြင်းနဲ့အဆုံးသတ်သွားတတ်ကြပါတယ်။အခုဖော်ပြမယ့်အဓိကအချက်တွေကတော့ ဒီလိုသူဌေးမျိုးနဲ့တွေ့ဆုံရတဲ့အခါမဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်တွေဖြစ်ပြီးဒီလိုလူတွေနဲ့ညှိနှိုင်းပြောဆို၊လုပ်ကိုင်တတ်ခြင်းကြောင့်လည်း ကိုယ့်ရဲ့ Career အတွက်တက်လမ်းတစ်ခုဖြစ်စေနိုင်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်အသိပေးပါ
သူတို့ဟာ အာဏာနဲ့ချုပ်ကိုင်နိုင်ခြင်းတွေကိုသဘောကျပြီးအံ့ဩရင်ခုန်ရတာမျိုးတွေကိုသဘောမကျတတ်ပါဘူး။ ဒါကြောင့်သတင်း ကောင်းပဲဖြစ်ဖြစ်၊သတင်းဆိုးပဲဖြစ်ဖြစ်သူတို့ဆီ သတင်းပို့ဖို့လိုပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေနဲ့ပရောဂျက်နဲ့ပတ် သက်တဲ့လှုပ်ရှားဆောင်ရွက်မှုတွေအကြောင်း နေ့စဉ်တင်ပြနိုင်ဖို့လိုပါတယ်။တချို့အချက်တွေကို သူတို့မမေးမြန်းပေမယ့် ကိုယ်ကပြောပြရှင်းပြတာမျိုးကိုလည်းသူတို့သဘောကျတတ်ကြပါတယ်။

ညှိနှိုင်းပြောဆိုတတ်ခြင်းနဲ့အနိုင်ယူပါ
အာဏာရှင်ဆန်တဲ့သူဌေးတွေရဲ့အားနည်းချက်က အလုပ်သမားတွေရဲ့ပြဿနာကိုကောင်းကောင်းမကိုင်တွယ်နိုင်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူဌေးအများစုကတော့ဒီလိုပြဿနာတွေကိုကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင်နဂိုအတိုင်းတဝဲလည်လည်ဖြစ်နေမယ်ဆိုတာကိုနားလည်ကြပါတယ်။ ဒီလိုအချိန်မှာကိုယ်ကသူဌေးနဲ့တခြားသောဝန်ထမ်းတွေကြား ညှိနှိုင်းပြောဆိုဖြေရှင်းပေးတတ်မယ်ဆိုရင်ခေါင်းဆောင်နေရာကိုတက်လှမ်းနိုင်ဖို့အခွင့်အလမ်းတစ်ခုဖြစ်လာပါလိမ့်မယ်။ကိုယ့်ရဲ့တကယ့်စိတ်ရင်းမှာလည်း အဖွဲ့ကိုမပြိုကွဲစေချင်တဲ့စေတနာရှိဖို့လိုပါတယ်။

လေးစားမှုပေးပါ
ကိုယ့်သူဌေးရဲ့တော်တဲ့အချက်တွေကိုရှာဖွေပြီး သူ့ကိုလေးစားချစ်ခင်မှုပြသခြင်းက သူနဲ့ကိုယ်ကြားဆက်ဆံရေးကိုအများကြီးတိုးတက်ကောင်းမွန်စေပါတယ်။ စိတ်ပညာအထူးကုတွေရဲ့ပြောကြားချက်အရခက်ထန်တဲ့သူဌေးတွေဖြစ်နေရခြင်းဟာ သူတို့ကိုယ်သူတို့ယုံကြည်မှုကင်းမဲ့နေတာကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါကြောင့်သူဌေးကိုလေးစားချစ်ခင်ပြခြင်းက သူတို့ကိုကျေနပ်မှုနဲ့မေတ္တာစိတ်ရှိလာစေနိုင်ပါတယ်။ မကောင်းတဲ့အချက်က ဒီနည်းလမ်းကိုလုပ်ဆောင်တဲ့အခါကိုယ့်ရဲ့မာနနဲ့မဟုတ်မခံစိတ်ကိုတော့ချိုးနှိမ်ထားနိုင်ဖို့လိုပါတယ်။

ရှောင်ရှားပါ
အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကိုလုပ်ဆောင်ဖို့ ကိုယ့်အတွက်အဆင်မပြေဘူးဆိုရင်သူဌေးအပေါ်အာရုံမစိုက်ဘဲ ကိုယ့်အလုပ်ကိုပဲအာရုံစိုက်လုပ်ဆောင်ပါ။ ရုံးပြင်ထွက်ရတဲ့ပရောဂျက်မျိုးတွေမှာများများပါဝင်ပါ။ သူဌေးနဲ့တိုက်ရိုက်မဆက်ဆံရတဲ့နေရာမျိုးတွေမှာနေတာကကိုယ့်ကိုစိတ်သက်သာမှုအများကြီး ပေးနိုင်ပါလိမ့်မယ်။အာဏာရှင်ဆန်တဲ့သူဌေးမျိုးနဲ့တွေ့ရတာက ခက်ခဲလွန်းတဲ့ဘဝဆိုတာနားလည်ပေမယ့်အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကိုလုပ်ဆောင်ကြည့်မယ်ဆိုရင် ချက်ချင်းအလုပ်သစ်ရှာမိတာမျိုး၊စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင်ကာကွယ်နိုင်ပါလိမ့်မယ်။

Ju Ju

zawgyi

အလုပ္ေတြလုပ္ေနရင္း ကိုယ့္ဘဝမွာကံမေကာင္းစြာနဲ႔အာဏာရွင္ဆန္လြန္းတဲ့သူေဌးမ်ိဳးနဲ႔ဆုံေတြ႕ရတတ္ပါတယ္။ အၿမဲတမ္းလိုလိုအမိန႔္ေပးေစခိုင္းတတ္ၿပီးညႇိႏႈိင္းေျပာဆိုဖို႔ေတာင္ခက္ခဲတဲ့လူမ်ိဳးေတြပါ။ ဒီလိုသူေဌးဆီအလုပ္လုပ္ရတဲ့ဝန္ထမ္းေတြဟာကိုယ့္ကိုျပစ္တင္ကဲ့ရဲ႕တာကိုမခံႏိုင္တဲ့အဆုံး အလုပ္ထြက္ျခင္းနဲ႔အဆုံးသတ္သြားတတ္ၾကပါတယ္။အခုေဖာ္ျပမယ့္အဓိကအခ်က္ေတြကေတာ့ ဒီလိုသူေဌးမ်ိဳးနဲ႔ေတြ႕ဆုံရတဲ့အခါမျဖစ္မေနလုပ္ေဆာင္သင့္တဲ့အခ်က္ေတြျဖစ္ၿပီးဒီလိုလူေတြနဲ႔ညႇိႏႈိင္းေျပာဆို၊လုပ္ကိုင္တတ္ျခင္းေၾကာင့္လည္း ကိုယ့္ရဲ႕ Career အတြက္တက္လမ္းတစ္ခုျဖစ္ေစႏိုင္ပါလိမ့္မယ္။

ဘာပဲျဖစ္ျဖစ္အသိေပးပါ
သူတို႔ဟာ အာဏာနဲ႔ခ်ဳပ္ကိုင္ႏိုင္ျခင္းေတြကိုသေဘာက်ၿပီးအံ့ဩရင္ခုန္ရတာမ်ိဳးေတြကိုသေဘာမက်တတ္ပါဘူး။ ဒါေၾကာင့္သတင္း ေကာင္းပဲျဖစ္ျဖစ္၊သတင္းဆိုးပဲျဖစ္ျဖစ္သူတို႔ဆီ သတင္းပို႔ဖို႔လိုပါတယ္။ ကိုယ့္ရဲ႕တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြနဲ႔ပေရာဂ်က္နဲ႔ပတ္ သက္တဲ့လႈပ္ရွားေဆာင္႐ြက္မႈေတြအေၾကာင္း ေန႔စဥ္တင္ျပႏိုင္ဖို႔လိုပါတယ္။တခ်ိဳ႕အခ်က္ေတြကို သူတို႔မေမးျမန္းေပမယ့္ ကိုယ္ကေျပာျပရွင္းျပတာမ်ိဳးကိုလည္းသူတို႔သေဘာက်တတ္ၾကပါတယ္။

ညႇိႏႈိင္းေျပာဆိုတတ္ျခင္းနဲ႔အႏိုင္ယူပါ
အာဏာရွင္ဆန္တဲ့သူေဌးေတြရဲ႕အားနည္းခ်က္က အလုပ္သမားေတြရဲ႕ျပႆနာကိုေကာင္းေကာင္းမကိုင္တြယ္ႏိုင္ျခင္းျဖစ္ပါတယ္။ ဒါေပမဲ့ သူေဌးအမ်ားစုကေတာ့ဒီလိုျပႆနာေတြကိုေကာင္းေကာင္းမကိုင္တြယ္ႏိုင္ဘူးဆိုရင္နဂိုအတိုင္းတဝဲလည္လည္ျဖစ္ေနမယ္ဆိုတာကိုနားလည္ၾကပါတယ္။ ဒီလိုအခ်ိန္မွာကိုယ္ကသူေဌးနဲ႔တျခားေသာဝန္ထမ္းေတြၾကား ညႇိႏႈိင္းေျပာဆိုေျဖရွင္းေပးတတ္မယ္ဆိုရင္ေခါင္းေဆာင္ေနရာကိုတက္လွမ္းႏိုင္ဖို႔အခြင့္အလမ္းတစ္ခုျဖစ္လာပါလိမ့္မယ္။ကိုယ့္ရဲ႕တကယ့္စိတ္ရင္းမွာလည္း အဖြဲ႕ကိုမၿပိဳကြဲေစခ်င္တဲ့ေစတနာရွိဖို႔လိုပါတယ္။

ေလးစားမႈေပးပါ
ကိုယ့္သူေဌးရဲ႕ေတာ္တဲ့အခ်က္ေတြကိုရွာေဖြၿပီး သူ႔ကိုေလးစားခ်စ္ခင္မႈျပသျခင္းက သူနဲ႔ကိုယ္ၾကားဆက္ဆံေရးကိုအမ်ားႀကီးတိုးတက္ေကာင္းမြန္ေစပါတယ္။ စိတ္ပညာအထူးကုေတြရဲ႕ေျပာၾကားခ်က္အရခက္ထန္တဲ့သူေဌးေတြျဖစ္ေနရျခင္းဟာ သူတို႔ကိုယ္သူတို႔ယုံၾကည္မႈကင္းမဲ့ေနတာေၾကာင့္ျဖစ္တယ္လို႔ဆိုထားပါတယ္။ ဒါေၾကာင့္သူေဌးကိုေလးစားခ်စ္ခင္ျပျခင္းက သူတို႔ကိုေက်နပ္မႈနဲ႔ေမတၱာစိတ္ရွိလာေစႏိုင္ပါတယ္။ မေကာင္းတဲ့အခ်က္က ဒီနည္းလမ္းကိုလုပ္ေဆာင္တဲ့အခါကိုယ့္ရဲ႕မာနနဲ႔မဟုတ္မခံစိတ္ကိုေတာ့ခ်ိဳးႏွိမ္ထားႏိုင္ဖို႔လိုပါတယ္။

ေရွာင္ရွားပါ
အေပၚမွာေဖာ္ျပခဲ့တဲ့အခ်က္ေတြကိုလုပ္ေဆာင္ဖို႔ ကိုယ့္အတြက္အဆင္မေျပဘူးဆိုရင္သူေဌးအေပၚအာ႐ုံမစိုက္ဘဲ ကိုယ့္အလုပ္ကိုပဲအာ႐ုံစိုက္လုပ္ေဆာင္ပါ။ ႐ုံးျပင္ထြက္ရတဲ့ပေရာဂ်က္မ်ိဳးေတြမွာမ်ားမ်ားပါဝင္ပါ။ သူေဌးနဲ႔တိုက္႐ိုက္မဆက္ဆံရတဲ့ေနရာမ်ိဳးေတြမွာေနတာကကိုယ့္ကိုစိတ္သက္သာမႈအမ်ားႀကီး ေပးႏိုင္ပါလိမ့္မယ္။အာဏာရွင္ဆန္တဲ့သူေဌးမ်ိဳးနဲ႔ေတြ႕ရတာက ခက္ခဲလြန္းတဲ့ဘဝဆိုတာနားလည္ေပမယ့္အေပၚမွာေဖာ္ျပခဲ့တဲ့အခ်က္ေတြကိုလုပ္ေဆာင္ၾကည့္မယ္ဆိုရင္ ခ်က္ခ်င္းအလုပ္သစ္ရွာမိတာမ်ိဳး၊စိတ္ဓာတ္က်တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ႏိုင္ပါလိမ့္မယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*