ဘွဲ့ရပြီးရင်ဘာလုပ်မလဲ

ဘွဲ့ရပြီးရငဘာလုပ်မလဲဆိုတဲ့အရာဟာဘွဲ့မရသေးတဲ့လူငယ်တွေဘွဲ့ရပြီးခါစလူငယ်တွေအပြင်းအထန်စဉ်းစားကြရတဲ့အရာဖြစ်ပါတယ်။ဒီမေးခွန်းကိုအကောင်းဆုံးဖြေရှင်းနိုင်ဖိုလုပ်ဆောင်သင့်တဲ့အချက်နှစ်ခုရှိပါတယ်။အဲဒါကတောကြိုတင်တွေးတောစဉ်းစားဖို့နဲလုပ်ငန်းခွင်အတွက်လက်တွေ့အသုံးတည့်တဲ့ပညာရပ်တွေကိုဆည်းပူးထားဖို့ပဲဖြစ်ပါတယ်။
) ကြိုတင်တွေးတောစဉ်းစားခြင်း
အသက်အရွယ်ငယ်ငယ်နဲလုပ်ငန်းခွင်မှာနေရာတစ်ခုရနေသူလစာကောင်းကောင်းရနေသူပျော်ရွှင်အောင်မြင်နေသူတွေကိုကြည့်ရငသူတို့ဟာကျောင်းသားဘ၀ဘွဲ့မရခင်အချိန်ကတည်းကသူတို့လိုချင်တာလုပ်ချင်တာကိုသိပြီးကြိုတင်ပြင်ဆင်ထားကြသူတွေဖြစ်နေကြပါတယ်။ဒါကြောင့်ဘွဲ့ရပြီးရငဘာလုပ်မလဲဆိုတဲအချက်ကိုဘွဲ့တစ်ခုမရခင်အချိနကျောင်းသားဘဝမှာတည်းကသေသေချာချာစဉ်းစားဖိုလိုအပ်လှပါတယ်။
ဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်ချိန်မှာအဆင်ပြေချောမွေ့စေဖို့၊လုပ်ငန်းတစ်ခုမှာအရေးပါသူဖြစ်လာစေဖို့အတွကကြိုတင်ပြင်ဆင်ခြင်းဟာရာနှုန်းပြည့်အရေးပါပါတယ်။
ဘွဲ့ရပြီးချိနကိုယ်ဝင်သွားမယ့်နယ်ပယ်မှာအရည်အချင်းပြည့်ဝနေဖို့အတွကဘာသာစကားနည်းပညာနဲစီမံခန့်ခွဲမှုစတဲလက်နက်ကောင်းတွေတပ်ဆင်ထားဖို့လိုအပ်လှပါတယ်။
ဒီလိုလက်နက်တွေတပ်ဆင်ဖြည့်တင်းနေခြင်းဟာငွေကြေးရှိခြင်းမရှိခြင်းနဲမဆိုင်ပါဘူးလေ့လာသင်ယူချင်စိတ်ရှိဖို့သာလိုပါတယ်။အင်တာနက်ခေတ်ကြီးမှာသင်လိုချင်တဲ့ပညာရပ်တွေအားလုံးဟာသင်နဲလက်တစ်ကမ်းအလိုမှာပဲရှိနေလို့ပါ။
ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတာကိုကြိုတင်မတွေးထားဘဲရရာအလုပ်အရင်လုပ်ကြည့်မယ်ဆိုရင်တောသူများတွေထက်ခြေတစ်လှမ်းနောက်ကျနေပါလိမ့်မယ်။
ကိုယ်အလွယ်တကူဝင်လိုက်တဲလုပ်ငန်းခွင်ကတခြားကိုယ်စိတ်ဝင်စားတာကတခြားဖြစ်လာမယ်။ဒီလိုနဲကိုယ့် Career ကိုကောင်းကောင်းမတည်ဆောက်နိုင်ဘဲအလုပ်ခွင်အပြောင်းအလဲများတဲ့သူုန်ကူးနေရတဲ့သူဖြစ်လာနိုင်ပါတယ်။ကိုယ်နဲ့ရွယ်တူသူငယ်ချင်းကနယ်ပယ်တစ်ခုမှာဆရာတစ်ဆူဖြစ်နေချိနရာထူးကြီးကြီးရနေချိန်မှာကိုယ်ကလုပ်ငန်းတစ်ခုကနေတစ်ခုကူးလို့ကောင်းတုန်းအောက်ခြေဝန်ထမ်းလုပ်လို့ကောင်းတုန်းဖြစ်နေပါလိမ့်မယ်။
ဒါကြောင့်ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အချက်ဟာကို့် Career အတွက်၊ ဘဝတစ်လျှောက်လုံးအောင်မြင်ပြည့်စုံစွာနေထိုင်နိုင်ရေးအတွကမဖြစ်မနေတွေးသင့်တဲအတွေးတစ်ချက်ဖြစ်ပါတယ်။
 
) လက်တွေ့အသုံးတည့်သောပညာရပ်များဆည်းပူးခြင်း
 
လုပ်ငန်းခွင်တစ်ခုဝင်တဲ့အခလွန်ခဲ့တဲနှစ်ကလိုအပ်တဲ Skills နဲဒီနေ့လိုအပ်တဲ Skills တွေမတူတော့တာကိုသတိပြုရပါမယ်။ဒီနေ့ခေတ်မှာတောဘွဲ့တစ်ခုပညာရပ်တစ်ခုနဲ့တင်မလုံလောက်တော့ပါဘူး
လုပ်ငန်းတစ်ခုလုပ်ချိန်မှာအဆင်ပြေအောင်မြင်စေဖို့အတွက Soft skills ၊ Hard skills ှစ်မျိုလုံးပြည့်စုံနေဖို့လိုအပ်ပါတယ်နော်။
ဒါကြောင့်လုပ်ငန်းခွင်မှာလက်တွေ့အသုံးကျပြီးခေတ်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ပညာရပ်တွေကိုမျက်ခြည်မပြတလေ့လာသင်ယူထားနိုင်ဖို့လိုအပ်ပါတယ်။
အားလုံးပဲ ဝါသနာနဲ့ထပ်တူကျတဲ့လုပ်ငန်းခွင်ဘ၀ကိုပိုင်ဆိုင်ရရှိနိုင်ကြပါစေ။
Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*