အရိပ်သုံးပါးနားမလည်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆုံတဲ့အခါ

Two young beautiful girls colleagues sitting at the same desk in the office

လုပ်ငန်းခွင်ဘဝမှာ လူတော်တော်များများဟာ အရိပ်အကဲနားမလည်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ ဆုံကြရတတ်ပါတယ်။ ကိုယ့်အလုပ် ခွင်မှာစိတ်ပျက်စရာလုပ်ဖော်ကိုင်ဖက်ရှိနေခြင်းကအလုပ်တက်ရက် မနက်ခင်းတိုင်းကိုကြောက်မိနေမှာဖြစ်သလိုကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုလည်းကျဆင်းစေပါတယ်။ ဒီလိုလူတွေရဲ့အပြုအမူနဲ့ကိုယ်ရည်ကိုယ်သွေးကိုပြောင်းလဲဖို့မလွယ်ကူပေမယ့်ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့အလုပ်ကိုမထိခိုက်ရလေအောင်တချို့သောနည်းလမ်းလေးတွေကိုအသုံးချနိုင်ပါတယ်။

သူ့ကိုတိုက်ရိုက်ပြောဆိုပါ
တကယ်တော့ လုပ်ငန်းခွင်မှာလူတွေကိုအနှောင့်အယှက်ပေးနေသူတွေဟာ သူတို့ရဲ့အပြုအမူကတစ် ပါးသူတွေကိုထိခိုက်နေတယ်ဆိုတဲ့အချက်ကို မသိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ သူတို့ကိုဘယ်သူကမှ ထောက်ပြပြောဆိုတာမျိုးမလုပ်ချင်ကြလို့ပါ။ ကိုယ်ကဒီလိုစိတ်အ နှောင့်အယှက်ပေးနေသူကို တိုက်ရိုက်သွားပြောဖို့ဆိုတာသိပ်တော့မလွယ်ကူပါဘူး။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရမှာဖြစ်သလို ဖွင့်ပြောနိုင်အောင်လည်းအားစိုက်ထုတ်ရမှာပါ။ကိုယ့်မှာဒီလိုပြောဆိုဖို့ အခွင့်အရေးလည်းရှိပါတယ်။ ဒီလိုဖွင့်ပြောလိုက်တာကသူတို့ရဲ့အမူအကျင့်တွေကိုပြုပြင်ဖို့မလွယ်ကူနိုင်ပေမယ့် ကိုယ့်ကိုထိခိုက်မှုနည်းတဲ့အခြေအနေမျိုးကိုပြောင်းလဲသွားစေနိုင်ပါတယ်။

White Noise သုံးပါ
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်က ဘေးလူတွေကိုအားမနာဘဲ အသံအကျယ်ကြီးဖုန်းပြောတယ်၊စကားအ ကျယ်ကြီးပြောနေတယ်ဆိုပါစို့။ဒါကကိုယ့်ရဲ့အာရုံစူးစိုက်မှုကိုအနှောင့်အယှက်ပေးနေတယ်ဆိုရင် သူ့ရဲ့အသံကိုလွှမ်းအောင် ရေဒီယိုဒါမှမဟုတ် White Noise လို့ခေါ်တဲ့အသံလှိုင်းကိုဖွင့်လိုက်ပါ။ White Noise ကို YouTube မှာရှာပြီးဖွင့်နိုင်ပါတယ်။ ဒါမှမဟုတ် White Noise Machine လေးကိုလည်းဝယ် ယူထားနိုင်ပါတယ်။ဒီလိုကိုယ့်ဘက်က တုံ့ပြန်လုပ်ဆောင်ပြတဲ့အခါ သူ့ရဲ့အပြုအမူကိုလည်သတိထားမိသွားပါလိမ့်မယ်အတင်း အဖျင်းကိုရှောင်ပါစိတ်ပျက်စရာကောင်းတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက် ဆံရတာကကိုယ့်ရဲ့စွမ်းအင်တွေကိုကုန်ခန်းစေသလို စိတ်ပင်ပန်းမှုနဲ့ အဆင်မပြေတဲ့ Mood တွေပဲကျန်ခဲ့စေပါတယ်။ဒါကြောင့် တတ်နိုင်သမျှသူတို့နဲ့ မပတ်သက်ရအောင်နေသင့်ပါတယ်။သူ့အကြောင်းကိုတခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတင်းအဖျင်းပြောမယ်ဆိုရင်တစ်ချိန်ချိန်သူသိသွားတဲ့အခါကိုယ့်ဆီကိုပိုပြီးစိတ်ပျက်စရာကောင်းတာတွေသယ်ဆောင်လာပါလိမ့်မယ်။ သူ့အလွန်ကနေကိုယ့်အလွန်ဖြစ်သွားစေနိုင်တာမို့ တတ်နိုင်သမျှအတင်းမပြောမိအောင်နေသင့်ပါတယ်။ကိုယ့်ရဲ့ အထက်လူကြီး၊ မန်နေဂျာတို့နဲ့တွေ့ဆုံရတဲ့အခါမှာတော့ဒီအချက်ကိုလုပ်ငန်းခွင်အဆင်မပြေမှုတစ်ခုအနေနဲ့ပြောြပနိုင်ပါတယ်။ဒါကအကောင်းဆုံးဖြေရှင်းနည်းလည်းဖြစ်ပါတယ်။

အသက်ဝဝရှူပါ၊ ရယ်မောပါ၊ အကောင်းမြင်စိတ်နဲ့နေထိုင်ပါ
တစ်ခါတစ်ရံမှာ စိတ်ပျက်စရာအကြောင်းအရာတွေကိုအာရုံမစိုက်တော့ပဲ မေ့ထားလိုက်တာကကိုယ့်အတွက်ပိုအဆင်ပြေစေပါတယ်။ စိတ်အနှောင့်အယှက်ပေးနေတဲ့အပြုအမူတွေကိုလစ်လျူရှုလိုက်ပြီးကိုယ့်အလုပ်ကိုပဲအာရုံစိုက်ပါ၊ ခွင့်လွှတ်ခြင်းနည်းလမ်းကိုအသုံးပြုကြည့်ပါ။သူ့ရဲ့ကောင်းကွက်လေးတွေကိုမြင်ကြည့်ပါ။ ဒါမှမဟုတ် သူ့ရဲ့မသိတတ်မှုတွေကိုဟာသတစ်ခုလိုပဲမြင်ကြည့်လိုက်ပါ။ စိတ်တိုလာချိန်တိုင်း Meditation လေးခဏလုပ်ဆောင်ကြည့်ပါ။ဒါဆိုရင် ဒေါသကြောင့်အမှားတွေဖြစ်မလာစေဖို့တားဆီးပေးနိုင်ပါတယ်။မိတ်ဆွေတွေအားလုံးလည်းပျော်စရာကောင်းတဲ့ ခင်မင်စရာကောင်းတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့သာဆုံစည်းနိုင်ကြပါစေနော်။

Ju Ju

zawgyi

လုပ္ငန္းခြင္ဘဝမွာ လူေတာ္ေတာ္မ်ားမ်ားဟာ အရိပ္အကဲနားမလည္တဲ့လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ေတြ႕ ဆုံၾကရတတ္ပါတယ္။ ကိုယ့္အလုပ္ ခြင္မွာစိတ္ပ်က္စရာလုပ္ေဖာ္ကိုင္ဖက္ရွိေနျခင္းကအလုပ္တက္ရက္ မနက္ခင္းတိုင္းကိုေၾကာက္မိေနမွာျဖစ္သလိုကိုယ့္ရဲ႕အလုပ္လုပ္ႏိုင္စြမ္းကိုလည္းက်ဆင္းေစပါတယ္။ ဒီလိုလူေတြရဲ႕အျပဳအမူနဲ႔ကိုယ္ရည္ကိုယ္ေသြးကိုေျပာင္းလဲဖို႔မလြယ္ကူေပမယ့္ကိုယ့္ရဲ႕စိတ္ခံစားခ်က္နဲ႔အလုပ္ကိုမထိခိုက္ရေလေအာင္တခ်ိဳ႕ေသာနည္းလမ္းေလးေတြကိုအသုံးခ်ႏိုင္ပါတယ္။

သူ႔ကိုတိုက္႐ိုက္ေျပာဆိုပါ
တကယ္ေတာ့ လုပ္ငန္းခြင္မွာလူေတြကိုအေႏွာင့္အယွက္ေပးေနသူေတြဟာ သူတို႔ရဲ႕အျပဳအမူကတစ္ ပါးသူေတြကိုထိခိုက္ေနတယ္ဆိုတဲ့အခ်က္ကို မသိတာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔ကိုဘယ္သူကမွ ေထာက္ျပေျပာဆိုတာမ်ိဳးမလုပ္ခ်င္ၾကလို႔ပါ။ ကိုယ္ကဒီလိုစိတ္အ ေႏွာင့္အယွက္ေပးေနသူကို တိုက္႐ိုက္သြားေျပာဖို႔ဆိုတာသိပ္ေတာ့မလြယ္ကူပါဘူး။ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိရမွာျဖစ္သလို ဖြင့္ေျပာႏိုင္ေအာင္လည္းအားစိုက္ထုတ္ရမွာပါ။ကိုယ့္မွာဒီလိုေျပာဆိုဖို႔ အခြင့္အေရးလည္းရွိပါတယ္။ ဒီလိုဖြင့္ေျပာလိုက္တာကသူတို႔ရဲ႕အမူအက်င့္ေတြကိုျပဳျပင္ဖို႔မလြယ္ကူႏိုင္ေပမယ့္ ကိုယ့္ကိုထိခိုက္မႈနည္းတဲ့အေျခအေနမ်ိဳးကိုေျပာင္းလဲသြားေစႏိုင္ပါတယ္။

White Noise သုံးပါ
ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္က ေဘးလူေတြကိုအားမနာဘဲ အသံအက်ယ္ႀကီးဖုန္းေျပာတယ္၊စကားအ က်ယ္ႀကီးေျပာေနတယ္ဆိုပါစို႔။ဒါကကိုယ့္ရဲ႕အာ႐ုံစူးစိုက္မႈကိုအေႏွာင့္အယွက္ေပးေနတယ္ဆိုရင္ သူ႔ရဲ႕အသံကိုလႊမ္းေအာင္ ေရဒီယိုဒါမွမဟုတ္ White Noise လို႔ေခၚတဲ့အသံလႈိင္းကိုဖြင့္လိုက္ပါ။ White Noise ကို YouTube မွာရွာၿပီးဖြင့္ႏိုင္ပါတယ္။ ဒါမွမဟုတ္ White Noise Machine ေလးကိုလည္းဝယ္ ယူထားႏိုင္ပါတယ္။ဒီလိုကိုယ့္ဘက္က တုံ႔ျပန္လုပ္ေဆာင္ျပတဲ့အခါ သူ႔ရဲ႕အျပဳအမူကိုလည္သတိထားမိသြားပါလိမ့္မယ္အတင္း အဖ်င္းကိုေရွာင္ပါစိတ္ပ်က္စရာေကာင္းတဲ့လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ဆက္ ဆံရတာကကိုယ့္ရဲ႕စြမ္းအင္ေတြကိုကုန္ခန္းေစသလို စိတ္ပင္ပန္းမႈနဲ႔ အဆင္မေျပတဲ့ Mood ေတြပဲက်န္ခဲ့ေစပါတယ္။ဒါေၾကာင့္ တတ္ႏိုင္သမွ်သူတို႔နဲ႔ မပတ္သက္ရေအာင္ေနသင့္ပါတယ္။သူ႔အေၾကာင္းကိုတျခားလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အတင္းအဖ်င္းေျပာမယ္ဆိုရင္တစ္ခ်ိန္ခ်ိန္သူသိသြားတဲ့အခါကိုယ့္ဆီကိုပိုၿပီးစိတ္ပ်က္စရာေကာင္းတာေတြသယ္ေဆာင္လာပါလိမ့္မယ္။ သူ႔အလြန္ကေနကိုယ့္အလြန္ျဖစ္သြားေစႏိုင္တာမို႔ တတ္ႏိုင္သမွ်အတင္းမေျပာမိေအာင္ေနသင့္ပါတယ္။ကိုယ့္ရဲ႕ အထက္လူႀကီး၊ မန္ေနဂ်ာတို႔နဲ႔ေတြ႕ဆုံရတဲ့အခါမွာေတာ့ဒီအခ်က္ကိုလုပ္ငန္းခြင္အဆင္မေျပမႈတစ္ခုအေနနဲ႔ေျပာျပႏိုင္ပါတယ္။ဒါကအေကာင္းဆုံးေျဖရွင္းနည္းလည္းျဖစ္ပါတယ္။

အသက္ဝဝရႉပါ၊ ရယ္ေမာပါ၊ အေကာင္းျမင္စိတ္နဲ႔ေနထိုင္ပါ
တစ္ခါတစ္ရံမွာ စိတ္ပ်က္စရာအေၾကာင္းအရာေတြကိုအာ႐ုံမစိုက္ေတာ့ပဲ ေမ့ထားလိုက္တာကကိုယ့္အတြက္ပိုအဆင္ေျပေစပါတယ္။ စိတ္အေႏွာင့္အယွက္ေပးေနတဲ့အျပဳအမူေတြကိုလစ္လ်ဴရႈလိုက္ၿပီးကိုယ့္အလုပ္ကိုပဲအာ႐ုံစိုက္ပါ၊ ခြင့္လႊတ္ျခင္းနည္းလမ္းကိုအသုံးျပဳၾကည့္ပါ။သူ႔ရဲ႕ေကာင္းကြက္ေလးေတြကိုျမင္ၾကည့္ပါ။ ဒါမွမဟုတ္ သူ႔ရဲ႕မသိတတ္မႈေတြကိုဟာသတစ္ခုလိုပဲျမင္ၾကည့္လိုက္ပါ။ စိတ္တိုလာခ်ိန္တိုင္း Meditation ေလးခဏလုပ္ေဆာင္ၾကည့္ပါ။ဒါဆိုရင္ ေဒါသေၾကာင့္အမွားေတြျဖစ္မလာေစဖို႔တားဆီးေပးႏိုင္ပါတယ္။မိတ္ေဆြေတြအားလုံးလည္းေပ်ာ္စရာေကာင္းတဲ့ ခင္မင္စရာေကာင္းတဲ့လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔သာဆုံစည္းႏိုင္ၾကပါေစေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*