လစာ တိုးတောင်းဖို့ နည်းလမ်း (၃)သွယ်

သင့်အနေနဲ့ နောက်ဆုံးမှာတော့ ကျောင်းပြီးလို့ မျှော်လင့်ချက်တွေပြည့်နေတဲ့ အလုပ်ကမ်းလှမ်းလွှာတစ်ခုကို ရလိုက်ပြီဆိုပါစို့။ အခုအချိန်မှာ နောက်ထပ် စိန်ခေါ်မှုတစ်ခုက လစာကိစ္စ ညှိနှိုင်းဖို့ပါပဲ။ဟိုးအရင်တုန်းကတော့ လုပ်ငန်းခွင်ထဲမှာ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာဖြစ်ဖြစ် “လစာအကြောင်း” ပြောတာကို ရှောင် ကြဉ်ဖို့ သွယ်ဝိုက်ပြီးတော့ရော၊ တိုက်ရိုက်ပါ သတိပေးလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း လစာညှိနှိုင်းရတာ အမြဲတမ်း စိတ်ကသိကအောက် ဖြစ်စရာကောင်းခဲ့တာပေါ့။ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်နယ်ပယ်ထဲမှာ လစာအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာကို လက်ခံလာကြပါပြီ။

“ဖန်တီးရှင်တွေ အချင်းချင်း ချိတ်ဆက်ပေးတဲ့ Clara အဖွဲ့အစည်းကို ထူထောင်သူ Christen Nino De Guzman ကတော့ ‘အရင်တုန်းကတော့ လစာအကြောင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောရမှာ ကြောက်ခဲ့ဖူးတယ်။ မပြောရဘူးလို့ အယူရှိကြလို့လေ။ ပထမဆုံးအကြိမ်အဖြစ် သူငယ်ချင်းဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ လစာအကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြည့်လိုက်တော့မှ ငါ့ကို တခြားသူတွေထက် လစာနည်းပေးထားပါလားဆိုတာ သိလိုက်ရပြီး အလုပ်ကနေ ထွက်ခဲ့လိုက်တယ်။ ဘာကြေး၊ ညာကြေး ဘယ်လောက်ရလဲဆိုတာ ဘယ်သူမှ မပြောကြရင် ဒီလို လစာမတန်မဆ ရနေတာတွေကို ခံနေကြရဦးမှာပဲ’ လို့ ရေးထားပါတယ်။”

စိစစ်ကြည့်မယ်ဆိုရင် လစာ ပွင့်လင်းမြင်သာမှုက အရမ်းအရေးပါလာလို့ New York မြို့တော်ကောင်စီကဆိုရင် အလုပ်ရှင်တွေအနေနဲ့ အနည်းဆုံးနဲ့ အများဆုံး ပေးမယ့် လစာနှုန်းထားတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ရမယ်ဆိုတဲ့ ဥပဒေကိုတောင် ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါဟာ အလုပ်ရှာဖွေသူတွေအတွက် အောင်ပွဲသေးသေးလေးတစ်ခုပါပဲ။ပထမဆုံးအကြိမ် လစာညှိနှိုင်းရတာ စိတ်ဖိစီးစရာကောင်းပေမဲ့ လမ်းကြောင်းမှန်သိထားရင်တော့ မခက်တော့ပါဘူး။ ဒီတော့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ ဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ လစာ အခြေအနေကို စုံစမ်းစစ်ဆေးပါ

ညှိနှိုင်းမှု မစခင်မှာ ရနိုင်သမျှ အချက်အလက်တွေကို ကြိုတင် စုဆောင်းထားပါ။ LinkedIn Salary လိုမျိုး နည်းလမ်းတွေကို သုံးလို့ရပါတယ်။ LinkedIn Salary မှာ ကိုယ့်ရဲ့ အလုပ်ရာထူး၊ တည်နေရာနဲ့ ကုမ္ပဏီအမျိုးအစားအလိုက် ရနိုင်တဲ့ လစာတွေကို ကြည့်လို့ရပါတယ်။ အဲဒီမှာ လက်ရှိ လုပ်ကိုင်နေသူ ထောင်ပေါင်းများစွာရဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ခန့်မှန်းထားတဲ့ လစာနှုန်းထားတွေကို တွေ့ရပါလိမ့်မယ်။ဒါ့အပြင် အလုပ်ရှင်အများစုကလည်း လစာအချက်အလက်တွေကို ကြို တင် မျှဝေပေးလာကြပါတယ်။ ဥပမာ- LinkedIn အလုပ်ခေါ်စာတွေမှာ လစာဖော်ပြထားတာဟာ ပြီးခဲ့တဲ့နှစ်ကထက် ၄၄ရာခိုင်နှုန်း တောင် တိုးလာပါတယ်။ကျောင်းပြီးစမှာတင် ပရောဂျက်မန်နေဂျာရာထူးနဲ့ ဒေါ်လာ ၆ ဂဏန်း (တစ်သိန်းကျော်) ရခဲ့တဲ့ Boba Chats ရဲ့ တည်ထောင်သူ Jeffrey Zhang ကတော့ အလုပ်မလက်ခံမီ အချက်အလက်တွေ စုံစမ်းခဲ့ပါတယ်။ သူက “ပထမဆုံး ပေးတဲ့ လစာအတိုင်း တန်းမလက်ခံပါနဲ့! တခြားသူတွေ ဘယ်လောက်ရလဲ ကြည့်ပါ၊ပြီးရင် အများဆုံးရတဲ့သူထက် ၅၀ရာခိုင်နှုန်း မက ပိုတောင်းပါ” လို့ ဆိုပါတယ်။”ကိုယ့်ကိုယ်သူ ဒီလောက်တန်တယ်လို့ မယုံကြည်ရင် ဘယ်သူမှလည်း ယုံပေးမှာ မဟုတ်ဘူး” လို့လည်း သူက ဖြည့်စွက်ပြောထားပါတယ်။

၂။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံကို အဓိကပြပါ

သင့်တင့်တဲ့ လစာပမာဏကို သိပြီဆိုရင်တော့ ညှိနှိုင်းဖို့ ပြင်ဆင်ပါ။ သင်က ကျောင်းပြီးစ သို့မဟုတ် လုပ်သက်နည်းသေးသူဖြစ်ရင် အတွေ့အကြုံ အများကြီး မရှိသေးတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒါကြောင့် ကိုယ့်တန်ဖိုးကို လျှော့မတွက်ပါနဲ့။အလုပ်ခေါ်ယူသူ သို့မဟုတ် အင်တာဗျူးသူကို ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အောင်မြင်ခဲ့ဖူးတဲ့ နမူနာတွေကို ပြပါ။ ကိုယ် ဘာတွေ လုပ်ပေးနိုင်မလဲ၊ ကုမ္ပဏီအတွက် ဘယ်လို အသုံးဝင်မယ့်သူဖြစ်လဲဆိုတာ ပီပီပြင်ပြင် ရှင်းပြပါ။Wonsulting ရဲ့ ပူးတွဲတည်ထောင်သူ Jerry Lee က “ညှိနှိုင်းတဲ့အခါ ကိုယ်နဲ့ ထိုက်တန်တာကို တောင်းဆိုဖို့ မကြောက်ပါနဲ့။ သင်ဟာ အလုပ်တစ်ခုရဖို့ အင်တာဗျူး ၁၀ ခုလောက် ဖြေခဲ့ရနိုင်သလို၊ ကုမ္ပဏီဘက်ကလည်း သင့်ဆီရောက်ဖို့ လျှောက်ထားသူ ၅၀ ထက်မက အင်တာဗျူးခဲ့ရတာကို သတိရပါ” လို့ အကြံပြုထားပါတယ်။ဘဏ္ဍာရေး အကြံပေး Kirsten Garnados ကတော့ ဒီအဆင့်မှာ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးကြည့်ဖို့ တိုက်တွန်းထားပါတယ် –

“ဒီအလုပ်ကို ကျွမ်းကျင်ဖို့ ဘယ်လောက်ကြာခဲ့သလဲ။”
“ပြီးခဲ့တဲ့ တစ်နှစ်အတွင်း သင်ယူခဲ့တဲ့ အသိပညာတွေက ကိုယ့်ရဲ့ ဝန်ဆောင်မှုကို ဘယ်လောက် တန်ဖိုးတိုးစေခဲ့သလဲ”
“စလုပ်တုန်းကထက်စာရင် အခု ကိုယ့်ကိုယ်ကိုယ် ၁ ကနေ ၁၀ အထိ အဆင့်သတ်မှတ်ရင် ဘယ်လောက်ပေးချင်သလဲ” ဆိုတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။

၃။ လစာအပြင် အခြား ခံစားခွင့်တွေကိုပါ ထည့်စဉ်းစားပါ

ကိုယ့်ဘက်က တန်ဖိုးကို ပေါ်လွင်အောင် ပြောပြီး ရချင်တဲ့ လစာပမာဏကို တောင်းဆိုလိုက်ပြီ ဆိုပါစို့။ ဒါပေမဲ့ ညှိနှိုင်းမှုက အဲဒီမှာတင် ပြီးမသွားပါဘူး။ကုမ္ပဏီဘက်က သင်တောင်းဆိုသလောက် မပေးနိုင်ဘေး နည်းနည်းပဲ တိုးပေးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ စိတ်ပျက်စရာကောင်းပေမဲ့ မျှော်လင့်ချက် မပျက်ပါနဲ့ဦး။Jerry က “ဒီအတိုင်း မပြီးသွားဘဲ၊ လက်ရှိရတဲ့ လစာနဲ့ ကိုယ်မျှော်မှန်းထားတဲ့ လစာကို ဖြည့်ဆည်းဖို့ ဘာတွေ ထပ်လုပ်ပေးနိုင်မလဲဆိုတာ မန်နေဂျာ သို့မဟုတ် HR နဲ့ ဆွေးနွေးပါ” လို့ အကြံပြုထားပါတယ်။လစာအပြင် အခြား ခံစားခွင့်တွေ ဖြစ်တဲ့ အလုပ်စဝင်ကြေး (Sign-on bonus)၊ နှစ်ကုန်ဘောနပ်စ် သို့မဟုတ် ကုမ္ပဏီ စတော့ရှယ်ယာ (Equity) စတာတွေကိုလည်း တောင်းဆို ညှိနှိုင်းလို့ရပါတယ်။

ယုံကြည်ချက် ရှိထားပါ

အချက်အလက်တွေကို ကြိုတင် လေ့လာမယ်၊ ကိုယ့်ရဲ့ အားသာချက်တွေကို ပေါ်လွင်အောင် ပြောမယ်၊ နည်းဗျူဟာကျကျ ညှိနှိုင်းမယ်ဆိုရင် ကိုယ်လိုချင်တဲ့ လစာအဆင့်အတန်းကို ရရှိဖို့ အခွင့်အရေး အများကြီး သာသွားပါပြီ။ ရဲရဲဝံ့ဝံ့ ကြိုးစားကြည့်လိုက်ဖို့ပဲ လိုတာပါ။

ကျော့ကေခိုင်

zawgyi

သင့္အေနနဲ႔ ေနာက္ဆုံးမွာေတာ့ ေက်ာင္းၿပီးလို႔ ေမွ်ာ္လင့္ခ်က္ေတြျပည့္ေနတဲ့ အလုပ္ကမ္းလွမ္းလႊာတစ္ခုကို ရလိုက္ၿပီဆိုပါစို႔။ အခုအခ်ိန္မွာ ေနာက္ထပ္ စိန္ေခၚမႈတစ္ခုက လစာကိစၥ ညႇိႏႈိင္းဖို႔ပါပဲ။ဟိုးအရင္တုန္းကေတာ့ လုပ္ငန္းခြင္ထဲမွာ ျဖစ္ျဖစ္၊ လုပ္ေဖာ္ကိုင္ဖက္ေတြၾကားထဲမွာျဖစ္ျဖစ္ “လစာအေၾကာင္း” ေျပာတာကို ေရွာင္ ၾကဥ္ဖို႔ သြယ္ဝိုက္ၿပီးေတာ့ေရာ၊ တိုက္႐ိုက္ပါ သတိေပးေလ့ရွိၾကပါတယ္။ ဒါေၾကာင့္လည္း လစာညႇိႏႈိင္းရတာ အၿမဲတမ္း စိတ္ကသိကေအာက္ ျဖစ္စရာေကာင္းခဲ့တာေပါ့။ဒါေပမဲ့ အခုေတာ့ အေျခအေနေတြ ေျပာင္းလဲသြားပါၿပီ။ ကိုယ့္အသိုင္းအဝိုင္း၊ ကိုယ့္နယ္ပယ္ထဲမွာ လစာအေၾကာင္း ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတာကို လက္ခံလာၾကပါၿပီ။

“ဖန္တီးရွင္ေတြ အခ်င္းခ်င္း ခ်ိတ္ဆက္ေပးတဲ့ Clara အဖြဲ႕အစည္းကို ထူေထာင္သူ Christen Nino De Guzman ကေတာ့ ‘အရင္တုန္းကေတာ့ လစာအေၾကာင္း လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေျပာရမွာ ေၾကာက္ခဲ့ဖူးတယ္။ မေျပာရဘူးလို႔ အယူရွိၾကလို႔ေလ။ ပထမဆုံးအႀကိမ္အျဖစ္ သူငယ္ခ်င္းျဖစ္တဲ့ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္နဲ႔ လစာအေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာၾကည့္လိုက္ေတာ့မွ ငါ့ကို တျခားသူေတြထက္ လစာနည္းေပးထားပါလားဆိုတာ သိလိုက္ရၿပီး အလုပ္ကေန ထြက္ခဲ့လိုက္တယ္။ ဘာေၾကး၊ ညာေၾကး ဘယ္ေလာက္ရလဲဆိုတာ ဘယ္သူမွ မေျပာၾကရင္ ဒီလို လစာမတန္မဆ ရေနတာေတြကို ခံေနၾကရဦးမွာပဲ’ လို႔ ေရးထားပါတယ္။”

စိစစ္ၾကည့္မယ္ဆိုရင္ လစာ ပြင့္လင္းျမင္သာမႈက အရမ္းအေရးပါလာလို႔ New York ၿမိဳ႕ေတာ္ေကာင္စီကဆိုရင္ အလုပ္ရွင္ေတြအေနနဲ႔ အနည္းဆုံးနဲ႔ အမ်ားဆုံး ေပးမယ့္ လစာႏႈန္းထားေတြကို ပြင့္ပြင့္လင္းလင္း ထုတ္ျပန္ရမယ္ဆိုတဲ့ ဥပေဒကိုေတာင္ ျပ႒ာန္းခဲ့ပါတယ္။ ဒါဟာ အလုပ္ရွာေဖြသူေတြအတြက္ ေအာင္ပြဲေသးေသးေလးတစ္ခုပါပဲ။ပထမဆုံးအႀကိမ္ လစာညႇိႏႈိင္းရတာ စိတ္ဖိစီးစရာေကာင္းေပမဲ့ လမ္းေၾကာင္းမွန္သိထားရင္ေတာ့ မခက္ေတာ့ပါဘူး။ ဒီေတာ့ ဘယ္လိုျပင္ဆင္ရမလဲ ဆိုတာ ဖတ္ၾကည့္လိုက္ရေအာင္ပါ။

၁။ လစာ အေျခအေနကို စုံစမ္းစစ္ေဆးပါ

ညႇိႏႈိင္းမႈ မစခင္မွာ ရႏိုင္သမွ် အခ်က္အလက္ေတြကို ႀကိဳတင္ စုေဆာင္းထားပါ။ LinkedIn Salary လိုမ်ိဳး နည္းလမ္းေတြကို သုံးလို႔ရပါတယ္။ LinkedIn Salary မွာ ကိုယ့္ရဲ႕ အလုပ္ရာထူး၊ တည္ေနရာနဲ႔ ကုမၸဏီအမ်ိဳးအစားအလိုက္ ရႏိုင္တဲ့ လစာေတြကို ၾကည့္လို႔ရပါတယ္။ အဲဒီမွာ လက္ရွိ လုပ္ကိုင္ေနသူ ေထာင္ေပါင္းမ်ားစြာရဲ႕ အခ်က္အလက္ေတြေပၚ မူတည္ၿပီး ခန႔္မွန္းထားတဲ့ လစာႏႈန္းထားေတြကို ေတြ႕ရပါလိမ့္မယ္။ဒါ့အျပင္ အလုပ္ရွင္အမ်ားစုကလည္း လစာအခ်က္အလက္ေတြကို ႀကိဳ တင္ မွ်ေဝေပးလာၾကပါတယ္။ ဥပမာ- LinkedIn အလုပ္ေခၚစာေတြမွာ လစာေဖာ္ျပထားတာဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ၄၄ရာခိုင္ႏႈန္း ေတာင္ တိုးလာပါတယ္။ေက်ာင္းၿပီးစမွာတင္ ပေရာဂ်က္မန္ေနဂ်ာရာထူးနဲ႔ ေဒၚလာ ၆ ဂဏန္း (တစ္သိန္းေက်ာ္) ရခဲ့တဲ့ Boba Chats ရဲ႕ တည္ေထာင္သူ Jeffrey Zhang ကေတာ့ အလုပ္မလက္ခံမီ အခ်က္အလက္ေတြ စုံစမ္းခဲ့ပါတယ္။ သူက “ပထမဆုံး ေပးတဲ့ လစာအတိုင္း တန္းမလက္ခံပါနဲ႔! တျခားသူေတြ ဘယ္ေလာက္ရလဲ ၾကည့္ပါ၊ၿပီးရင္ အမ်ားဆုံးရတဲ့သူထက္ ၅၀ရာခိုင္ႏႈန္း မက ပိုေတာင္းပါ” လို႔ ဆိုပါတယ္။”ကိုယ့္ကိုယ္သူ ဒီေလာက္တန္တယ္လို႔ မယုံၾကည္ရင္ ဘယ္သူမွလည္း ယုံေပးမွာ မဟုတ္ဘူး” လို႔လည္း သူက ျဖည့္စြက္ေျပာထားပါတယ္။

၂။ ကိုယ့္ရဲ႕ ကြၽမ္းက်င္မႈနဲ႔ အေတြ႕အႀကဳံကို အဓိကျပပါ

သင့္တင့္တဲ့ လစာပမာဏကို သိၿပီဆိုရင္ေတာ့ ညႇိႏႈိင္းဖို႔ ျပင္ဆင္ပါ။ သင္က ေက်ာင္းၿပီးစ သို႔မဟုတ္ လုပ္သက္နည္းေသးသူျဖစ္ရင္ အေတြ႕အႀကဳံ အမ်ားႀကီး မရွိေသးတာ သဘာဝပါပဲ။ ဒါေပမဲ့ အဲဒါေၾကာင့္ ကိုယ့္တန္ဖိုးကို ေလွ်ာ့မတြက္ပါနဲ႔။အလုပ္ေခၚယူသူ သို႔မဟုတ္ အင္တာဗ်ဴးသူကို ကိုယ့္ရဲ႕ ကြၽမ္းက်င္မႈနဲ႔ ေအာင္ျမင္ခဲ့ဖူးတဲ့ နမူနာေတြကို ျပပါ။ ကိုယ္ ဘာေတြ လုပ္ေပးႏိုင္မလဲ၊ ကုမၸဏီအတြက္ ဘယ္လို အသုံးဝင္မယ့္သူျဖစ္လဲဆိုတာ ပီပီျပင္ျပင္ ရွင္းျပပါ။Wonsulting ရဲ႕ ပူးတြဲတည္ေထာင္သူ Jerry Lee က “ညႇိႏႈိင္းတဲ့အခါ ကိုယ္နဲ႔ ထိုက္တန္တာကို ေတာင္းဆိုဖို႔ မေၾကာက္ပါနဲ႔။ သင္ဟာ အလုပ္တစ္ခုရဖို႔ အင္တာဗ်ဴး ၁၀ ခုေလာက္ ေျဖခဲ့ရႏိုင္သလို၊ ကုမၸဏီဘက္ကလည္း သင့္ဆီေရာက္ဖို႔ ေလွ်ာက္ထားသူ ၅၀ ထက္မက အင္တာဗ်ဴးခဲ့ရတာကို သတိရပါ” လို႔ အႀကံျပဳထားပါတယ္။ဘ႑ာေရး အႀကံေပး Kirsten Garnados ကေတာ့ ဒီအဆင့္မွာ ကိုယ့္ကိုယ္ကိုယ္ ဒီေမးခြန္းေတြ ေမးၾကည့္ဖို႔ တိုက္တြန္းထားပါတယ္ –

“ဒီအလုပ္ကို ကြၽမ္းက်င္ဖို႔ ဘယ္ေလာက္ၾကာခဲ့သလဲ။”
“ၿပီးခဲ့တဲ့ တစ္ႏွစ္အတြင္း သင္ယူခဲ့တဲ့ အသိပညာေတြက ကိုယ့္ရဲ႕ ဝန္ေဆာင္မႈကို ဘယ္ေလာက္ တန္ဖိုးတိုးေစခဲ့သလဲ”
“စလုပ္တုန္းကထက္စာရင္ အခု ကိုယ့္ကိုယ္ကိုယ္ ၁ ကေန ၁၀ အထိ အဆင့္သတ္မွတ္ရင္ ဘယ္ေလာက္ေပးခ်င္သလဲ” ဆိုတဲ့ ေမးခြန္းေတြပဲျဖစ္ပါတယ္။

၃။ လစာအျပင္ အျခား ခံစားခြင့္ေတြကိုပါ ထည့္စဥ္းစားပါ

ကိုယ့္ဘက္က တန္ဖိုးကို ေပၚလြင္ေအာင္ ေျပာၿပီး ရခ်င္တဲ့ လစာပမာဏကို ေတာင္းဆိုလိုက္ၿပီ ဆိုပါစို႔။ ဒါေပမဲ့ ညႇိႏႈိင္းမႈက အဲဒီမွာတင္ ၿပီးမသြားပါဘူး။ကုမၸဏီဘက္က သင္ေတာင္းဆိုသေလာက္ မေပးႏိုင္ေဘး နည္းနည္းပဲ တိုးေပးႏိုင္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဒါဟာ စိတ္ပ်က္စရာေကာင္းေပမဲ့ ေမွ်ာ္လင့္ခ်က္ မပ်က္ပါနဲ႔ဦး။Jerry က “ဒီအတိုင္း မၿပီးသြားဘဲ၊ လက္ရွိရတဲ့ လစာနဲ႔ ကိုယ္ေမွ်ာ္မွန္းထားတဲ့ လစာကို ျဖည့္ဆည္းဖို႔ ဘာေတြ ထပ္လုပ္ေပးႏိုင္မလဲဆိုတာ မန္ေနဂ်ာ သို႔မဟုတ္ HR နဲ႔ ေဆြးေႏြးပါ” လို႔ အႀကံျပဳထားပါတယ္။လစာအျပင္ အျခား ခံစားခြင့္ေတြ ျဖစ္တဲ့ အလုပ္စဝင္ေၾကး (Sign-on bonus)၊ ႏွစ္ကုန္ေဘာနပ္စ္ သို႔မဟုတ္ ကုမၸဏီ စေတာ့ရွယ္ယာ (Equity) စတာေတြကိုလည္း ေတာင္းဆို ညႇိႏႈိင္းလို႔ရပါတယ္။

ယုံၾကည္ခ်က္ ရွိထားပါ

အခ်က္အလက္ေတြကို ႀကိဳတင္ ေလ့လာမယ္၊ ကိုယ့္ရဲ႕ အားသာခ်က္ေတြကို ေပၚလြင္ေအာင္ ေျပာမယ္၊ နည္းဗ်ဴဟာက်က် ညႇိႏႈိင္းမယ္ဆိုရင္ ကိုယ္လိုခ်င္တဲ့ လစာအဆင့္အတန္းကို ရရွိဖို႔ အခြင့္အေရး အမ်ားႀကီး သာသြားပါၿပီ။ ရဲရဲဝံ့ဝံ့ ႀကိဳးစားၾကည့္လိုက္ဖို႔ပဲ လိုတာပါ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*