လုပ်ဖော်ကိုင်ဖက်တစ်ယောက် သင့်စားပွဲနားကို လျှောက်လာပြီး “ဟေ့လူ… နေ့လယ် ၂ နာရီ မတိုင်ခင် ဒီအစီရင်ခံစာလေးကို တစ်ချက်လောက် ကြည့်ပေးပါလား။ ခဏလေးပဲ ကြာမှာပါ” လို့ လာပြောတယ် ဆိုပါစို့။သင့်ရဲ့ တစ်နေ့တာ ဇယားတစ်ခုလုံး အလုပ်တွေ ပြည့်နေမှန်းလည်း သင်သိတယ်။ ဒီ “ခဏလေး ကြည့်ပေးတာ” ကနေ နောက်ဆုံး ၄၅ မိနစ်လောက် ပြင်ဆင်ပေးရတဲ့အထိ အလုပ်ရှုပ်သွားမယ်ဆိုတာလည်း သင်သိတယ်။ ဒါပေမဲ့ သင့်ဦးနှောက်က အခြေအနေကို သေချာမသုံးသပ်ရသေးခင်မှာပဲ သင့်ပါးစပ်က “ရတာပေါ့၊ ကြည့်ပေးမယ်” ဆိုပြီး ယောင်လို့ Yes လို့ ပြောမိသွားတာမျိုး ကြုံဖူးကြမှာပါ။
အရာရာကို လက်ခံလိုက်တာဟာ အဖွဲ့အစည်းအပေါ် စေတနာထားရာ ရောက်တယ်၊ Team Player ကောင်းတစ်ယောက် ဖြစ်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ ဒါဟာ “ကိုယ့်ရဲ့ ကိုယ်ပိုင်ဦးစားပေး အလုပ်တွေကို ကိုယ်တိုင် သေချာမယုံကြည်လို့” ကြုံသမျှအလုပ်ကို ငြင်းဖို့ အားနာနေတာပဲ ဖြစ်ပါတယ်။ဒီလိုဖြစ်ရတာကလည်း လုပ်ငန်းခွင်ထဲမှာ “ငြင်းလိုက်ရင် ငါ့ကို ပေါင်းရခက်တဲ့သူ၊ တာဝန်မယူချင်တဲ့သူ ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ သဟဇာတမဖြစ်တဲ့သူ” လို့ ထင်သွားကြမလားဆိုတဲ့ ကြောက်စိတ်ကြောင့်ပါ။ အကျိုးဆက်အနေနဲ့ကတော့ သူများအလုပ်တွေပါ လိုက်လုပ်ပေးရင်း ညဉ့်နက်တဲ့အထိ အချိန်ပိုဆင်းရပြီး မိမိအတွက် တကယ့်ကို အရေး ကြီးဆုံး ပရောဂျက်တွေကျတော့ အချိန်မပေးနိုင်ဘဲ ဖိညှပ်ခံထားရသလို ဖြစ်လာပါတော့တယ်။
အလုပ်ခွင်ဝင်ခါစမှာ ဘယ်သူမှ မပြောပြခဲ့တဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ အဲဒါကတော့ မဟာဗျူဟာကျကျ “ငြင်းတတ်ဖို့ သင်ယူခြင်း” ဟာ သင့်လုပ်ငန်းခွင်သက် တမ်းတစ်လျှောက်မှာ အဖိုးတန်ဆုံး အရည်အချင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ သင် “Yes” လို့ ပြောလိုက်တဲ့ အကြိမ်တိုင်းဟာ သင့်ရဲ့ အာရုံစူးစိုက်မှု၊ မဟာဗျူဟာကျကျ တွေးခေါ်မှုနဲ့ အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ လိုအပ်တဲ့ “အချိန်” တွေကို “No” လို့ ငြင်းပယ်လိုက်တာနဲ့ အတူတူပါပဲ။
အလုပ်မှာတော်တဲ့သူတွေ ဘာလို့ “Yes” လို့ပဲ ခဏခဏ ပြောမိနေကြတာလဲ
ဒီဖြစ်ရပ်က နေရာတိုင်းမှာ တူတူပါပဲ။ သင်က အလုပ်တစ်ခုကို သေသပ်အောင် လုပ်နိုင်တယ်ဆိုတဲ့ နာမည်ရလာပြီဆိုရင် လူတွေက သင့်ဆီပဲ အကူအညီတောင်းဖို့ ရောက်လာကြပါလိမ့်မယ်။ သင်ကလည်း ကူညီချင်လို့၊ မျက်နှာပွင့်ချင်လို့ ဒါမှမဟုတ် အလုပ်က သေးသေးလေးမို့လို့ ဆိုပြီး လက်ခံမိရာကနေ… တစ်ရက်လည်းကျရော သင့်ရဲ့ ပြက္ခဒိန်တစ်ခုလုံး သူများခိုင်းတဲ့ အလုပ်တွေနဲ့ ပြည့်နှက်နေတာကို သတိထားမိလာပါလိမ့်မယ်။သူများအလုပ်တွေကိုပဲ အမြဲ လိုက်ကူညီနေတဲ့ ဝန်ထမ်းတွေဟာ တကယ်တမ်း ကိုယ့်ရဲ့ ရာထူးတိုး၊ လစာတိုးအတွက် အကဲဖြတ်မယ့် ကိုယ်ပိုင်အလုပ်တွေ လုပ်ဖို့ အချိန်မရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။ သူများကို ကူညီတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါက အကျင့်တစ်ခုလို ဖြစ်လာတဲ့အခါ သင့်ရဲ့ အရေးကြီးဆုံး အလုပ်တွေက ပထမဆုံး အထိခိုက်ခံရမှာ ဖြစ်ပါတယ်။
မိမိရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ “No” လို့ ဘယ်လိုပြောမလဲ
ဒီနေရာမှာ ရည်ရွယ်ချက်က အမြဲတမ်း လိုက်ငြင်းဖို့ မဟုတ်ပါဘူး။ “ပိုပြီး စဉ်းစားချင့်ချိန်ပြီးမှ Yes လို့ ပြောဖို့” ဖြစ်ပါတယ်။ တောင်းဆိုမှုတိုင်းကို စဉ်းစားပြီးမှ ဆုံး ဖြတ်ပါ၊ အလိုအလျောက် ခေါင်းငြိမ့်ပြတာမျိုး မလုပ်ပါနဲ့။ ဒါကို ကူညီပေးမယ့် နည်းလမ်း ၄ ခု ရှိပါတယ်။
၁။ ချက်ချင်း ဆုံးဖြတ်ချက်မချဘဲ အချိန်ဆွဲပါ
အလွယ်ဆုံး ထောင်ချောက်ကတော့ လူချင်းတွေ့နေတဲ့ အချိန်မှာ အားနာပြီး ချက်ချင်း “ရပါတယ်” လို့ ပြောမိတာပါပဲ။ တစ်ယောက်ယောက်က အလုပ်တစ်ခု လာခိုင်းတဲ့အခါ အလိုအလျောက် တုံ့ပြန်မိမယ့် စိတ်ကို ထိန်းပါ။“ကျနော့်မှာ လက်ရှိ ဘာအလုပ်တွေ ကျန်သေးလဲဆိုတာ တစ်ချက် ပြန်စစ်ကြည့်ဦးမယ်ဗျာ၊ ညနေရုံးဆင်းခါနီးကျရင် ပြန်ပြောပေးမယ်လေ” ဒီလို ပြောလိုက်ခြင်းအားဖြင့် တစ်ဖက်လူရဲ့ လူမှုရေးအရ ဖိအားပေးမှုကို ရှောင်ရှားနိုင်ပြီး အလုပ်ရဲ့ ပမာဏကို သေသပ်စွာ တွက်ချက်ဖို့ အချိန်ရသွားမှာ ဖြစ်ပါတယ်။
၂။ အလုပ်ချင်း အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းပါ
သင့်မှာ အချိန်မရှိတဲ့အကြားထဲက တစ်ယောက်ယောက်က ကော်မတီတစ်ခုမှာ ပါဝင်ပေးဖို့ တောင်းဆိုလာရင် “မလုပ်နိုင်ဘူး” လို့ တုံးတိကြီး ငြင်းဖို့ ခက်ပါတယ်။ ပိုကောင်းတဲ့ နည်းလမ်းကတော့ “ကျနော် အခုလောလောဆယ် အဲဒီအလုပ်ကို လက်ခံဖို့ အဆင်မပြေဘူးဖြစ်နေတယ်ဗျာ။ လက်ရှိ လုပ်လက်စ အလုပ်တွေထဲက ဘယ်အလုပ်ကို ခဏခေတ္တ ရပ်ဆိုင်းထားရမလဲဆိုတာ မန်နေဂျာနဲ့ တိုင်ပင်ကြည့်လို့ ရမလား” ဒီလိုပြောလိုက်တာက သင်က အလုပ်မလုပ်ချင်လို့ ငြင်းတာမဟုတ်ဘဲ “အလုပ်တွေရဲ့ ဦးစားပေးအဆင့် (Priority)” အကြောင်းကို ဆွေးနွေးတဲ့ဘက် ရောက်သွားတဲ့အတွက် နှစ်ဦးနှစ်ဖက် ပြောရဆိုရ ပိုလွယ်ကူသွားစေပါတယ်။
၃။ “Yes” လို့ ပြောလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ချပြပါ
လူတွေက သင့်ကို အကူအညီတောင်းတဲ့အခါ သင့်ဘက်က ဘာတွေ စနစ်တကျ စွန့်လွှတ်လိုက်ရမလဲဆိုတာကို ထည့်မတွေးတတ်ကြပါဘူး။ ဒါကြောင့် အဲဒီအချက်ကို ချပြတဲ့ အကျင့်လုပ်ထားပါ။ “အဲဒါကို ကျနော်ကူညီပေးလို့ရပါတယ်၊ ဒါပေမဲ့ အဲဒါ လုပ်ပေးလိုက်ရင် မူလတင်ရမယ့် အစီရင်ခံစာက ကြာသပတေးနေ့မှ တင်နိုင်တော့မယ်။ အဲဒါ အဆင်ပြေရဲ့လား” သင်က အလုပ်ကို ငြင်းနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကို လုပ်ပေးရင် ဟိုဘက်က နောက်ကျသွားမယ်ဆိုတဲ့ “အပေးအယူ ” ကို ရှင်း ရှင်းလင်းလင်း ပြလိုက်တာဖြစ်လို့ တစ်ဖက်လူကလည်း ပြန်လည် စဉ်းစားချင့်ချိန်ခွင့် ရသွားမှာ ဖြစ်ပါတယ်။
၄။ မဖြေခင်မှာ တောင်းဆိုမှုကို သေချာ အကဲဖြတ်ပါ
တောင်းဆိုမှုတိုင်းက အလေးအနက်ထားရမယ့် ပမာဏ မတူညီကြပါဘူး။ သင့်ရဲ့ တိုက်ရိုက်မန်နေဂျာ က ခိုင်းတဲ့အလုပ်နဲ့ တခြားဌာနက လုပ်ဖော်ကိုင်ဖက်က လာအကူအညီတောင်းတာ မတူနိုင်ပါဘူး။ တစ်ခါထဲ ကူညီပေးရတာနဲ့ ရေရှည်မှာ ကိုယ့်အလုပ်ဖြစ်သွားမယ့်အရာလည်း မတူပါဘူး။
မဖြေခင်မှာ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်း ၄ ခု မေးကြည့်ပါ “ဒီအလုပ်က ငါ့ရဲ့ အရေးကြီးဆုံး ဦးစားပေးအလုပ်တွေကို အထောက်အကူပြုရဲ့လား” “ဒီအလုပ်က ငါ့ရဲ့ စွမ်းဆောင်ရည် တိုးတက်ဖို့ သို့မဟုတ် မျက်နှာပွင့်ဖို့ အခွင့်အလမ်း ဖြစ်မလား။” “ဒါက တစ်ကြိမ်တည်း ကူညီပေးရမယ့် ကိစ္စလား၊ သို့မဟုတ် ရေရှည် တာဝန်ယူရမယ့် ကိစ္စရဲ့ အစပြုခြင်းလား။” “ငါ ဒီအလုပ်ကို Yes လို့ ပြောလိုက်ရင် ဘယ်အရေးကြီးတဲ့ အလုပ်ကို No လို့ ငြင်းပယ်လိုက်ရမလဲ။” စတဲ့ အချက်လေးခုကို စဉ်းစားပြီးမှ အဖြေပန်ပေးဖို့ပါပဲ။
သင်ပြောလိုက်တဲ့ “Yes” တိုင်းက သင့်ရဲ့ ဂုဏ်သိက္ခာကို ပုံဖော်နေပါတယ်
လုပ်ငန်းခွင်မှာ အားကိုးရဆုံး၊ ဂုဏ်သိက္ခာအရှိဆုံးသူတွေဆိုတာ သူတို့ လက်ခံလိုက်တဲ့ အလုပ်တွေကို အမြဲတမ်း တိတိကျကျနဲ့ အကောင်းဆုံး အဆုံးသတ်ပေးနိုင်လို့ ဖြစ်ပါတယ်။ သင်က အရာရာကို “Yes” ချည်းပဲ လိုက်ပြောနေရင် လူတွေက သင့်ကို “ခိုင်းရလွယ်တဲ့သူ” လို့ပဲ သတ်မှတ်ပါလိမ့်မယ်။ ဒါပေမဲ့ သင်က အလုပ်ကို စနစ် တကျ ရွေးချယ်လက်ခံတတ်ရင်တော့ သင့်ကို “အရေးကြီးဆုံး အလုပ်တွေကို အကောင်းဆုံး အရည်အသွေးနဲ့ အမြဲတမ်း လုပ်ဆောင်ပေးနိုင်တဲ့သူ” လို့ အသိအမှတ်ပြု တန်ဖိုးထားကြမှာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ သင့္စားပြဲနားကို ေလွ်ာက္လာၿပီး “ေဟ့လူ… ေန႔လယ္ ၂ နာရီ မတိုင္ခင္ ဒီအစီရင္ခံစာေလးကို တစ္ခ်က္ေလာက္ ၾကည့္ေပးပါလား။ ခဏေလးပဲ ၾကာမွာပါ” လို႔ လာေျပာတယ္ ဆိုပါစို႔။သင့္ရဲ႕ တစ္ေန႔တာ ဇယားတစ္ခုလုံး အလုပ္ေတြ ျပည့္ေနမွန္းလည္း သင္သိတယ္။ ဒီ “ခဏေလး ၾကည့္ေပးတာ” ကေန ေနာက္ဆုံး ၄၅ မိနစ္ေလာက္ ျပင္ဆင္ေပးရတဲ့အထိ အလုပ္ရႈပ္သြားမယ္ဆိုတာလည္း သင္သိတယ္။ ဒါေပမဲ့ သင့္ဦးေႏွာက္က အေျခအေနကို ေသခ်ာမသုံးသပ္ရေသးခင္မွာပဲ သင့္ပါးစပ္က “ရတာေပါ့၊ ၾကည့္ေပးမယ္” ဆိုၿပီး ေယာင္လို႔ Yes လို႔ ေျပာမိသြားတာမ်ိဳး ႀကဳံဖူးၾကမွာပါ။
အရာရာကို လက္ခံလိုက္တာဟာ အဖြဲ႕အစည္းအေပၚ ေစတနာထားရာ ေရာက္တယ္၊ Team Player ေကာင္းတစ္ေယာက္ ျဖစ္တယ္လို႔ ထင္ရေပမဲ့ တကယ္ေတာ့ ဒါဟာ “ကိုယ့္ရဲ႕ ကိုယ္ပိုင္ဦးစားေပး အလုပ္ေတြကို ကိုယ္တိုင္ ေသခ်ာမယုံၾကည္လို႔” ႀကဳံသမွ်အလုပ္ကို ျငင္းဖို႔ အားနာေနတာပဲ ျဖစ္ပါတယ္။ဒီလိုျဖစ္ရတာကလည္း လုပ္ငန္းခြင္ထဲမွာ “ျငင္းလိုက္ရင္ ငါ့ကို ေပါင္းရခက္တဲ့သူ၊ တာဝန္မယူခ်င္တဲ့သူ ဒါမွမဟုတ္ အဖြဲ႕အစည္းနဲ႔ သဟဇာတမျဖစ္တဲ့သူ” လို႔ ထင္သြားၾကမလားဆိုတဲ့ ေၾကာက္စိတ္ေၾကာင့္ပါ။ အက်ိဳးဆက္အေနနဲ႔ကေတာ့ သူမ်ားအလုပ္ေတြပါ လိုက္လုပ္ေပးရင္း ညဥ့္နက္တဲ့အထိ အခ်ိန္ပိုဆင္းရၿပီး မိမိအတြက္ တကယ့္ကို အေရး ႀကီးဆုံး ပေရာဂ်က္ေတြက်ေတာ့ အခ်ိန္မေပးႏိုင္ဘဲ ဖိညႇပ္ခံထားရသလို ျဖစ္လာပါေတာ့တယ္။
အလုပ္ခြင္ဝင္ခါစမွာ ဘယ္သူမွ မေျပာျပခဲ့တဲ့ အမွန္တရားတစ္ခု ရွိပါတယ္။ အဲဒါကေတာ့ မဟာဗ်ဴဟာက်က် “ျငင္းတတ္ဖို႔ သင္ယူျခင္း” ဟာ သင့္လုပ္ငန္းခြင္သက္ တမ္းတစ္ေလွ်ာက္မွာ အဖိုးတန္ဆုံး အရည္အခ်င္းတစ္ခု ျဖစ္တယ္ဆိုတာပါပဲ။ သင္ “Yes” လို႔ ေျပာလိုက္တဲ့ အႀကိမ္တိုင္းဟာ သင့္ရဲ႕ အာ႐ုံစူးစိုက္မႈ၊ မဟာဗ်ဴဟာက်က် ေတြးေခၚမႈနဲ႔ အလုပ္တစ္ခုကို အေကာင္းဆုံးျဖစ္ေအာင္ လုပ္ဖို႔ လိုအပ္တဲ့ “အခ်ိန္” ေတြကို “No” လို႔ ျငင္းပယ္လိုက္တာနဲ႔ အတူတူပါပဲ။
အလုပ္မွာေတာ္တဲ့သူေတြ ဘာလို႔ “Yes” လို႔ပဲ ခဏခဏ ေျပာမိေနၾကတာလဲ
ဒီျဖစ္ရပ္က ေနရာတိုင္းမွာ တူတူပါပဲ။ သင္က အလုပ္တစ္ခုကို ေသသပ္ေအာင္ လုပ္ႏိုင္တယ္ဆိုတဲ့ နာမည္ရလာၿပီဆိုရင္ လူေတြက သင့္ဆီပဲ အကူအညီေတာင္းဖို႔ ေရာက္လာၾကပါလိမ့္မယ္။ သင္ကလည္း ကူညီခ်င္လို႔၊ မ်က္ႏွာပြင့္ခ်င္လို႔ ဒါမွမဟုတ္ အလုပ္က ေသးေသးေလးမို႔လို႔ ဆိုၿပီး လက္ခံမိရာကေန… တစ္ရက္လည္းက်ေရာ သင့္ရဲ႕ ျပကၡဒိန္တစ္ခုလုံး သူမ်ားခိုင္းတဲ့ အလုပ္ေတြနဲ႔ ျပည့္ႏွက္ေနတာကို သတိထားမိလာပါလိမ့္မယ္။သူမ်ားအလုပ္ေတြကိုပဲ အၿမဲ လိုက္ကူညီေနတဲ့ ဝန္ထမ္းေတြဟာ တကယ္တမ္း ကိုယ့္ရဲ႕ ရာထူးတိုး၊ လစာတိုးအတြက္ အကဲျဖတ္မယ့္ ကိုယ္ပိုင္အလုပ္ေတြ လုပ္ဖို႔ အခ်ိန္မရွိေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ သူမ်ားကို ကူညီတာ ေကာင္းပါတယ္။ ဒါေပမဲ့ အဲဒါက အက်င့္တစ္ခုလို ျဖစ္လာတဲ့အခါ သင့္ရဲ႕ အေရးႀကီးဆုံး အလုပ္ေတြက ပထမဆုံး အထိခိုက္ခံရမွာ ျဖစ္ပါတယ္။
မိမိရဲ႕ ဂုဏ္သိကၡာကို မထိခိုက္ေစဘဲ “No” လို႔ ဘယ္လိုေျပာမလဲ
ဒီေနရာမွာ ရည္႐ြယ္ခ်က္က အၿမဲတမ္း လိုက္ျငင္းဖို႔ မဟုတ္ပါဘူး။ “ပိုၿပီး စဥ္းစားခ်င့္ခ်ိန္ၿပီးမွ Yes လို႔ ေျပာဖို႔” ျဖစ္ပါတယ္။ ေတာင္းဆိုမႈတိုင္းကို စဥ္းစားၿပီးမွ ဆုံး ျဖတ္ပါ၊ အလိုအေလ်ာက္ ေခါင္းၿငိမ့္ျပတာမ်ိဳး မလုပ္ပါနဲ႔။ ဒါကို ကူညီေပးမယ့္ နည္းလမ္း ၄ ခု ရွိပါတယ္။
၁။ ခ်က္ခ်င္း ဆုံးျဖတ္ခ်က္မခ်ဘဲ အခ်ိန္ဆြဲပါ
အလြယ္ဆုံး ေထာင္ေခ်ာက္ကေတာ့ လူခ်င္းေတြ႕ေနတဲ့ အခ်ိန္မွာ အားနာၿပီး ခ်က္ခ်င္း “ရပါတယ္” လို႔ ေျပာမိတာပါပဲ။ တစ္ေယာက္ေယာက္က အလုပ္တစ္ခု လာခိုင္းတဲ့အခါ အလိုအေလ်ာက္ တုံ႔ျပန္မိမယ့္ စိတ္ကို ထိန္းပါ။“က်ေနာ့္မွာ လက္ရွိ ဘာအလုပ္ေတြ က်န္ေသးလဲဆိုတာ တစ္ခ်က္ ျပန္စစ္ၾကည့္ဦးမယ္ဗ်ာ၊ ညေန႐ုံးဆင္းခါနီးက်ရင္ ျပန္ေျပာေပးမယ္ေလ” ဒီလို ေျပာလိုက္ျခင္းအားျဖင့္ တစ္ဖက္လူရဲ႕ လူမႈေရးအရ ဖိအားေပးမႈကို ေရွာင္ရွားႏိုင္ၿပီး အလုပ္ရဲ႕ ပမာဏကို ေသသပ္စြာ တြက္ခ်က္ဖို႔ အခ်ိန္ရသြားမွာ ျဖစ္ပါတယ္။
၂။ အလုပ္ခ်င္း အလဲအလွယ္လုပ္ဖို႔ ကမ္းလွမ္းပါ
သင့္မွာ အခ်ိန္မရွိတဲ့အၾကားထဲက တစ္ေယာက္ေယာက္က ေကာ္မတီတစ္ခုမွာ ပါဝင္ေပးဖို႔ ေတာင္းဆိုလာရင္ “မလုပ္ႏိုင္ဘူး” လို႔ တုံးတိႀကီး ျငင္းဖို႔ ခက္ပါတယ္။ ပိုေကာင္းတဲ့ နည္းလမ္းကေတာ့ “က်ေနာ္ အခုေလာေလာဆယ္ အဲဒီအလုပ္ကို လက္ခံဖို႔ အဆင္မေျပဘူးျဖစ္ေနတယ္ဗ်ာ။ လက္ရွိ လုပ္လက္စ အလုပ္ေတြထဲက ဘယ္အလုပ္ကို ခဏေခတၱ ရပ္ဆိုင္းထားရမလဲဆိုတာ မန္ေနဂ်ာနဲ႔ တိုင္ပင္ၾကည့္လို႔ ရမလား” ဒီလိုေျပာလိုက္တာက သင္က အလုပ္မလုပ္ခ်င္လို႔ ျငင္းတာမဟုတ္ဘဲ “အလုပ္ေတြရဲ႕ ဦးစားေပးအဆင့္ (Priority)” အေၾကာင္းကို ေဆြးေႏြးတဲ့ဘက္ ေရာက္သြားတဲ့အတြက္ ႏွစ္ဦးႏွစ္ဖက္ ေျပာရဆိုရ ပိုလြယ္ကူသြားေစပါတယ္။
၃။ “Yes” လို႔ ေျပာလိုက္ရင္ ျဖစ္လာမယ့္ အက်ိဳးဆက္ကို ခ်ျပပါ
လူေတြက သင့္ကို အကူအညီေတာင္းတဲ့အခါ သင့္ဘက္က ဘာေတြ စနစ္တက် စြန႔္လႊတ္လိုက္ရမလဲဆိုတာကို ထည့္မေတြးတတ္ၾကပါဘူး။ ဒါေၾကာင့္ အဲဒီအခ်က္ကို ခ်ျပတဲ့ အက်င့္လုပ္ထားပါ။ “အဲဒါကို က်ေနာ္ကူညီေပးလို႔ရပါတယ္၊ ဒါေပမဲ့ အဲဒါ လုပ္ေပးလိုက္ရင္ မူလတင္ရမယ့္ အစီရင္ခံစာက ၾကာသပေတးေန႔မွ တင္ႏိုင္ေတာ့မယ္။ အဲဒါ အဆင္ေျပရဲ႕လား” သင္က အလုပ္ကို ျငင္းေနတာ မဟုတ္ပါဘူး။ ဒါေပမဲ့ ဒါကို လုပ္ေပးရင္ ဟိုဘက္က ေနာက္က်သြားမယ္ဆိုတဲ့ “အေပးအယူ ” ကို ရွင္း ရွင္းလင္းလင္း ျပလိုက္တာျဖစ္လို႔ တစ္ဖက္လူကလည္း ျပန္လည္ စဥ္းစားခ်င့္ခ်ိန္ခြင့္ ရသြားမွာ ျဖစ္ပါတယ္။
၄။ မေျဖခင္မွာ ေတာင္းဆိုမႈကို ေသခ်ာ အကဲျဖတ္ပါ
ေတာင္းဆိုမႈတိုင္းက အေလးအနက္ထားရမယ့္ ပမာဏ မတူညီၾကပါဘူး။ သင့္ရဲ႕ တိုက္႐ိုက္မန္ေနဂ်ာ က ခိုင္းတဲ့အလုပ္နဲ႔ တျခားဌာနက လုပ္ေဖာ္ကိုင္ဖက္က လာအကူအညီေတာင္းတာ မတူႏိုင္ပါဘူး။ တစ္ခါထဲ ကူညီေပးရတာနဲ႔ ေရရွည္မွာ ကိုယ့္အလုပ္ျဖစ္သြားမယ့္အရာလည္း မတူပါဘူး။
မေျဖခင္မွာ ကိုယ့္ကိုယ္ကိုယ္ ဒီေမးခြန္း ၄ ခု ေမးၾကည့္ပါ “ဒီအလုပ္က ငါ့ရဲ႕ အေရးႀကီးဆုံး ဦးစားေပးအလုပ္ေတြကို အေထာက္အကူျပဳရဲ႕လား” “ဒီအလုပ္က ငါ့ရဲ႕ စြမ္းေဆာင္ရည္ တိုးတက္ဖို႔ သို႔မဟုတ္ မ်က္ႏွာပြင့္ဖို႔ အခြင့္အလမ္း ျဖစ္မလား။” “ဒါက တစ္ႀကိမ္တည္း ကူညီေပးရမယ့္ ကိစၥလား၊ သို႔မဟုတ္ ေရရွည္ တာဝန္ယူရမယ့္ ကိစၥရဲ႕ အစျပဳျခင္းလား။” “ငါ ဒီအလုပ္ကို Yes လို႔ ေျပာလိုက္ရင္ ဘယ္အေရးႀကီးတဲ့ အလုပ္ကို No လို႔ ျငင္းပယ္လိုက္ရမလဲ။” စတဲ့ အခ်က္ေလးခုကို စဥ္းစားၿပီးမွ အေျဖပန္ေပးဖို႔ပါပဲ။
သင္ေျပာလိုက္တဲ့ “Yes” တိုင္းက သင့္ရဲ႕ ဂုဏ္သိကၡာကို ပုံေဖာ္ေနပါတယ္
လုပ္ငန္းခြင္မွာ အားကိုးရဆုံး၊ ဂုဏ္သိကၡာအရွိဆုံးသူေတြဆိုတာ သူတို႔ လက္ခံလိုက္တဲ့ အလုပ္ေတြကို အၿမဲတမ္း တိတိက်က်နဲ႔ အေကာင္းဆုံး အဆုံးသတ္ေပးႏိုင္လို႔ ျဖစ္ပါတယ္။ သင္က အရာရာကို “Yes” ခ်ည္းပဲ လိုက္ေျပာေနရင္ လူေတြက သင့္ကို “ခိုင္းရလြယ္တဲ့သူ” လို႔ပဲ သတ္မွတ္ပါလိမ့္မယ္။ ဒါေပမဲ့ သင္က အလုပ္ကို စနစ္ တက် ေ႐ြးခ်ယ္လက္ခံတတ္ရင္ေတာ့ သင့္ကို “အေရးႀကီးဆုံး အလုပ္ေတြကို အေကာင္းဆုံး အရည္အေသြးနဲ႔ အၿမဲတမ္း လုပ္ေဆာင္ေပးႏိုင္တဲ့သူ” လို႔ အသိအမွတ္ျပဳ တန္ဖိုးထားၾကမွာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply