ဇူလိုင်လ ၁ ရက်နေ့မှာ Jupiter က Leo ဆီမကူးပြောင်းခင် ဇွန်လ ၃၀ ရက်နေ့အထိ ကာလအတွင်းမှာ ငွေကြေးကံကောင်းမယ့် ရာသီခွင် (၂)ခု အကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီတစ်ခါတော့ Jupiter ဂြိုဟ်ကြီး Cancer ရာသီခွင်ကနေ မထွက်ခွာခင် ဇွန်လ ၃၀ ရက်နေ့အထိ ကာလအတွင်းမှာ ငွေကြေးကံတွေ တအားကောင်းလာမယ့် ရာသီခွင်နှစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ အခုလောလောဆယ် Jupiter ဂြိုဟ်ကြီးက Cancer ရာသီခွင်ရဲ့ နောက်ဆုံး ၁၀ ဒီဂရီမှာ ရောက်နေတာပါ။ ဒီနေရာလေးက Jupiter ရဲ့ အုပ်စိုးတဲ့နေရာဖြစ်နေတော့ စွမ်းအင်တွေက တအားကို ပြင်းပြနေတာပေါ့။ဒါကြောင့် ဒီလကုန်ထိ ဘယ်သူတွေ ငွေဝင်ကံကောင်းမလဲဆိုတာ ကြည့်လိုက်ရအောင်။
Gemini
Gemini တို့က Jupiter ဂြိုဟ်ကြီး Cancer ကနေ မထွက်ခင်ထိက Gemini တို့အတွက် ကံကောင်းတဲ့အချိန်ပါပဲ။ မကြာသေးခင်ကမှ အခက်အခဲတွေ ကြုံခဲ့ရပေမဲ့လည်း ဒီလကုန်ထိကတော့ ဘဝလမ်းကြောင်းတစ်ခုလုံး ပြောင်းလဲသွားလောက်တဲ့အထိ ငွေကြေးအကျိုးအမြတ်တွေ ရလာတော့မှာပါ။ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ Jupiter-Venus ပူးယှဉ်မှုရဲ့ စွမ်းအင်တွေကလည်း ရှိနေသေးတော့ ဒီလကုန်ထိကို ကံထူးနေဦးမှာပါ။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စောင့်မျှော်နေတဲ့သူတွေဆိုရင်လည်း ဒီအချိန်မှာ အလုပ်ရတာ၊ ရာထူးတိုးတာမျိုးတွေ ကြုံလာနိုင်ပါတယ်။ ဒီအချိန်မှာ ငွေဝင်လာတာကိုပဲ အာရုံစိုက်မနေဘဲ စုမိအောင်လည်း ကြိုးစားစေချင်ပါတယ်။
Sagittarius
Sagittarius တို့အတွက်ကတော့ ကိုယ့်ရဲ့ အုပ်စိုးရှင်ဂြိုဟ်ဖြစ်တဲ့ Jupiter က တကယ်ကို အားဖြည့်ပေးနေတာပါ။ ဒီလထဲမှာ အထူးသဖြင့် “Passive Income” ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှုကနေရတဲ့ ဝင်ငွေတွေက သိသိသာသာ တိုးတက်လာပါလိမ့်မယ်။ဒီတစ်ခါလာမယ့် ကံကောင်းမှုက ကိုယ်က အပင်ပန်းခံပြီး လုပ်စရာမလိုဘဲ ရလာမယ့် ပုံစံမျိုးပါ။ ဥပမာ- ရုတ်တရက် အမွေရတာမျိုး၊ ရှေးတုန်းက ရင်းနှီးမြှုပ်နှံထားတာတွေကနေ ပြန်ပြီး အကျိုးအမြတ်ကြီးကြီးမားမား ရလာတာမျိုး ဒါမှမဟုတ် မျှော်လင့်မထားတဲ့ ငွေကြေးလက်ဆောင်တွေ ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးလည်း ရုတ်တရက် ရာထူးတိုးတာမျိုး ဒါမှမဟုတ် အလုပ်ကမ်း လှမ်းချက်ကောင်းကောင်း ရလာတာမျိုး ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဇွန်လကုန်ရင် ငွေကြေးပိုင်းဆိုင်ရာမှာ တော်တော်လေး စိတ်အေးလက်အေး ဖြစ်သွားမယ့်အနေအထားမျိုးပါပဲ။
ဒီရာသီဖွားတွေအနေနဲ့ ဒီကာလလေးမှာ အခွင့်အရေးကောင်းတွေ ရလာရင် ဆုပ်ကိုင်ထားနိုင်ဖို့ လိုပါတယ်။
ကျော့ကေခိုင်
zawgyi
ဇူလိုင္လ ၁ ရက္ေန႔မွာ Jupiter က Leo ဆီမကူးေျပာင္းခင္ ဇြန္လ ၃၀ ရက္ေန႔အထိ ကာလအတြင္းမွာ ေငြေၾကးကံေကာင္းမယ့္ ရာသီခြင္ (၂)ခု အေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။ ဒီတစ္ခါေတာ့ Jupiter ၿဂိဳဟ္ႀကီး Cancer ရာသီခြင္ကေန မထြက္ခြာခင္ ဇြန္လ ၃၀ ရက္ေန႔အထိ ကာလအတြင္းမွာ ေငြေၾကးကံေတြ တအားေကာင္းလာမယ့္ ရာသီခြင္ႏွစ္ခုအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ အခုေလာေလာဆယ္ Jupiter ၿဂိဳဟ္ႀကီးက Cancer ရာသီခြင္ရဲ႕ ေနာက္ဆုံး ၁၀ ဒီဂရီမွာ ေရာက္ေနတာပါ။ ဒီေနရာေလးက Jupiter ရဲ႕ အုပ္စိုးတဲ့ေနရာျဖစ္ေနေတာ့ စြမ္းအင္ေတြက တအားကို ျပင္းျပေနတာေပါ့။ဒါေၾကာင့္ ဒီလကုန္ထိ ဘယ္သူေတြ ေငြဝင္ကံေကာင္းမလဲဆိုတာ ၾကည့္လိုက္ရေအာင္။
Gemini
Gemini တို႔က Jupiter ၿဂိဳဟ္ႀကီး Cancer ကေန မထြက္ခင္ထိက Gemini တို႔အတြက္ ကံေကာင္းတဲ့အခ်ိန္ပါပဲ။ မၾကာေသးခင္ကမွ အခက္အခဲေတြ ႀကဳံခဲ့ရေပမဲ့လည္း ဒီလကုန္ထိကေတာ့ ဘဝလမ္းေၾကာင္းတစ္ခုလုံး ေျပာင္းလဲသြားေလာက္တဲ့အထိ ေငြေၾကးအက်ိဳးအျမတ္ေတြ ရလာေတာ့မွာပါ။ၿပီးခဲ့တဲ့ ဇြန္လ ၉ ရက္ေန႔က ျဖစ္ေပၚခဲ့တဲ့ Jupiter-Venus ပူးယွဥ္မႈရဲ႕ စြမ္းအင္ေတြကလည္း ရွိေနေသးေတာ့ ဒီလကုန္ထိကို ကံထူးေနဦးမွာပါ။ အလုပ္အကိုင္နဲ႔ ပတ္သက္ၿပီး ေစာင့္ေမွ်ာ္ေနတဲ့သူေတြဆိုရင္လည္း ဒီအခ်ိန္မွာ အလုပ္ရတာ၊ ရာထူးတိုးတာမ်ိဳးေတြ ႀကဳံလာႏိုင္ပါတယ္။ ဒီအခ်ိန္မွာ ေငြဝင္လာတာကိုပဲ အာ႐ုံစိုက္မေနဘဲ စုမိေအာင္လည္း ႀကိဳးစားေစခ်င္ပါတယ္။
Sagittarius
Sagittarius တို႔အတြက္ကေတာ့ ကိုယ့္ရဲ႕ အုပ္စိုးရွင္ၿဂိဳဟ္ျဖစ္တဲ့ Jupiter က တကယ္ကို အားျဖည့္ေပးေနတာပါ။ ဒီလထဲမွာ အထူးသျဖင့္ “Passive Income” ေခၚတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈကေနရတဲ့ ဝင္ေငြေတြက သိသိသာသာ တိုးတက္လာပါလိမ့္မယ္။ဒီတစ္ခါလာမယ့္ ကံေကာင္းမႈက ကိုယ္က အပင္ပန္းခံၿပီး လုပ္စရာမလိုဘဲ ရလာမယ့္ ပုံစံမ်ိဳးပါ။ ဥပမာ- ႐ုတ္တရက္ အေမြရတာမ်ိဳး၊ ေရွးတုန္းက ရင္းႏွီးျမႇဳပ္ႏွံထားတာေတြကေန ျပန္ၿပီး အက်ိဳးအျမတ္ႀကီးႀကီးမားမား ရလာတာမ်ိဳး ဒါမွမဟုတ္ ေမွ်ာ္လင့္မထားတဲ့ ေငြေၾကးလက္ေဆာင္ေတြ ရတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ အလုပ္နဲ႔ ပတ္သက္ၿပီးလည္း ႐ုတ္တရက္ ရာထူးတိုးတာမ်ိဳး ဒါမွမဟုတ္ အလုပ္ကမ္း လွမ္းခ်က္ေကာင္းေကာင္း ရလာတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ ဇြန္လကုန္ရင္ ေငြေၾကးပိုင္းဆိုင္ရာမွာ ေတာ္ေတာ္ေလး စိတ္ေအးလက္ေအး ျဖစ္သြားမယ့္အေနအထားမ်ိဳးပါပဲ။
ဒီရာသီဖြားေတြအေနနဲ႔ ဒီကာလေလးမွာ အခြင့္အေရးေကာင္းေတြ ရလာရင္ ဆုပ္ကိုင္ထားႏိုင္ဖို႔ လိုပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply