နက္ခတ်ဗေဒင်လောကထဲကို AI ရောက်လာတဲ့အခါ

ခေတ်ကာလက အရမ်းမြန်ဆန်လာတော့ AI လို နည်းပညာတွေက လက်တွေ့ဘဝကို တစ်ခါတစ်ရံ ဝါးမြိုသွားသလို ခံစားရတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ မွေး သက္ကရာဇ်၊ အချိန်တွေကို ထည့်သွင်းလိုက်ရုံနဲ့ အနာဂတ်ကို ဟောကိန်းထုတ်ပေးမယ့် AI နက္ခတ်ဗေဒင်အက်ပ်တွေ ပေါ်လာတဲ့အခါမှာတော့ တကယ့်နက္ခတ်ဗေဒင်ရဲ့ အနှစ်သာရ၊ ကုသပေးနိုင်စွမ်းနဲ့ လူသားချင်း ထိတွေ့မှုတွေ ပျောက်ဆုံးသွားမှာကို စိုးရိမ်စရာပါ။ ဟောကိန်းထုတ်တယ်ဆိုတာတည်းက တကယ်တမ်းတော့ တာဝန်ယူရမယ့်ကိစ္စမျိုးပါ။ လူတစ်ယောက်ရဲ့ ဝိညာဉ်ရေးရာ အဆင့်အတန်းကို ဘေးကလူက နားလည်ပေးနိုင်မှသာ အဲ့ဒီဟောကိန်းက အကျိုးရှိမှာပါ။

Uranus ရဲ့ စွမ်းအားနဲ့ နည်းပညာ

နက္ခတ်ဗေဒင်နဲ့ နည်းပညာ (Uranus) ဟာ အမြဲတမ်း လက်တွဲနေတာပါ။ အရင်တုန်းကတော့ ဗေဒင်တွက်ချက်ဖို့ဆိုတာ လက်နဲ့ ခက်ခက်ခဲခဲ တွက်ရတာမျိုးပါ။ အခုတော့ ဆော့ဖ်ဝဲတွေ၊ အင်တာနက်တွေကြောင့် ဗေဒင်ပညာက အားလုံးအတွက် ပိုပြီး နီးကပ်လာခဲ့ပါပြီ။ ဒါဟာ ကောင်းတဲ့အချက်တစ်ခုပါ။ ဒါပေမဲ့ ဒီနည်းပညာတွေ နောက်ကွယ်မှာတော့ Saturn (Capricorn)ရဲ့ တည်ငြိမ်မှုနဲ့ တာဝန်ယူမှုဆိုတဲ့ အခြေခံအုတ်မြစ်က ရှိနေဖို့ လိုပါတယ်။ နည်းပညာတစ်ခုကို သုံးတဲ့အခါမှာလည်း အဲ့ဒီနောက်ကွယ်က ရိုးသားမှုနဲ့ လူကျင့်ဝတ်ကို မမေ့ဖို့လိုပါတယ်။ အမြတ်ထုတ်ဖို့သက်သက်၊ ဒါမှမဟုတ် အမှားအယွင်းတွေကို အခြေခံပြီး ဟောကိန်းထုတ်တာမျိုးက တော့ နက္ခတ်ဗေဒင်ရဲ့ စည်းမျဉ်းအရ သတိထားရမယ့် အချက်ပါ။

လူသားချင်း ထိတွေ့မှုကသာ အဓိက

တယောက်နဲ့တယောက် ဆက်သွယ်ပြောဆိုတဲ့အခါမှာ “Synchronicity” လို့ခေါ်တဲ့ စကြဝဠာရဲ့ လမ်းညွှန်မှုတွေ ရှိတတ်ပါတယ်။ နက္ခတ်ဗေဒင်ဆိုတာ စိတ်ကူးယဉ်စရာတစ်ခုမဟုတ်ဘဲ သင်္ကေတတွေနဲ့ တည်ဆောက်ထားတဲ့ ဘာသာစကားတစ်ခုပါ။ AI ကနေတစ်ဆင့် သိလိုက်ရတဲ့ အချက်အလက်တွေက တချို့သူတွေအတွက် အသုံးဝင်ကောင်းဝင်နိုင်ပေမဲ့ အဲ့ဒီမှာ အပြန်အလှန် နားလည်ပေးမှု (Empathy) ဆိုတဲ့ အရာက လိုအပ်နေပါသေးတယ်။ လူတစ်ယောက်ရဲ့ စိတ်ခံစားမှု၊ ဝိညာဉ်ရေးရာ နက်နဲမှုတွေကို နည်းပညာက အပြည့်အဝ နားလည်နိုင်ဖို့ဆိုတာ အခုချိန်ထိတော့ မဖြစ်နိုင်သေးပါဘူး။ နက္ခတ်ဗေဒင်ရဲ့ ရည်ရွယ်ချက်က ဟောကိန်းထုတ်ဖို့သက်သက် မဟုတ်ဘဲ၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ကုသပေးဖို့၊ ဟန်ချက်ညီစေဖို့ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံတွေ၊ ပျော်ရွှင်မှုတွေ၊ ဒုက္ခတွေကို တခြားလူတစ်ယောက်နဲ့ ရင်ဖွင့်တိုင်ပင်ပြီး ထိတွေ့ဆက်ဆံရတာမျိုးကသာ လူသားတွေအတွက် တကယ့်အဖြေပါပဲ။ AI က အချက်အလက်တွေကို အလွယ်တကူ ပေးနိုင်ပေမဲ့၊ အဲ့ဒီအချက်အလက်တွေနောက်ကွယ်က ချစ်ခြင်းမေတ္တာနဲ့ နက်နဲတဲ့ နားလည်ပေးမှုကိုတော့ စက်တွေက ဘယ်တော့မှ အစားထိုးနိုင်မှာမဟုတ်ပါဘူး။ နက္ခတ်ဗေဒင်ဆိုတာ နောက်ဆုံးမှာတော့ လူသားတွေရဲ့ စိတ်ဓာတ်ရေးရာ တိုးတက်ဖို့နဲ့ ကုသပေးဖို့ဆိုတဲ့ အ ချက်မှာပဲ မူတည်နေပါတယ်။ ဒါကြောင့် AI က သူလုပ်နိုင်တဲ့နေရာမှာပဲ ရှိနေပြီး၊ တကယ့်အရေးကြီးတဲ့ လူသားချင်း ဆက်ဆံရေးကိုတော့ ကျွန်ုပ်တို့ကိုယ်တိုင်ပဲ ဆက်ပြီး တန်ဖိုးထားရမှာပါ။

ကျော့ကေခိုင်

zawgyi

ေခတ္ကာလက အရမ္းျမန္ဆန္လာေတာ့ AI လို နည္းပညာေတြက လက္ေတြ႕ဘဝကို တစ္ခါတစ္ရံ ဝါးၿမိဳသြားသလို ခံစားရတတ္ပါတယ္။ အထူးသျဖင့္ ကိုယ့္ရဲ႕ ေမြး သကၠရာဇ္၊ အခ်ိန္ေတြကို ထည့္သြင္းလိုက္႐ုံနဲ႔ အနာဂတ္ကို ေဟာကိန္းထုတ္ေပးမယ့္ AI နကၡတ္ေဗဒင္အက္ပ္ေတြ ေပၚလာတဲ့အခါမွာေတာ့ တကယ့္နကၡတ္ေဗဒင္ရဲ႕ အႏွစ္သာရ၊ ကုသေပးႏိုင္စြမ္းနဲ႔ လူသားခ်င္း ထိေတြ႕မႈေတြ ေပ်ာက္ဆုံးသြားမွာကို စိုးရိမ္စရာပါ။ ေဟာကိန္းထုတ္တယ္ဆိုတာတည္းက တကယ္တမ္းေတာ့ တာဝန္ယူရမယ့္ကိစၥမ်ိဳးပါ။ လူတစ္ေယာက္ရဲ႕ ဝိညာဥ္ေရးရာ အဆင့္အတန္းကို ေဘးကလူက နားလည္ေပးႏိုင္မွသာ အဲ့ဒီေဟာကိန္းက အက်ိဳးရွိမွာပါ။

Uranus ရဲ႕ စြမ္းအားနဲ႔ နည္းပညာ

နကၡတ္ေဗဒင္နဲ႔ နည္းပညာ (Uranus) ဟာ အၿမဲတမ္း လက္တြဲေနတာပါ။ အရင္တုန္းကေတာ့ ေဗဒင္တြက္ခ်က္ဖို႔ဆိုတာ လက္နဲ႔ ခက္ခက္ခဲခဲ တြက္ရတာမ်ိဳးပါ။ အခုေတာ့ ေဆာ့ဖ္ဝဲေတြ၊ အင္တာနက္ေတြေၾကာင့္ ေဗဒင္ပညာက အားလုံးအတြက္ ပိုၿပီး နီးကပ္လာခဲ့ပါၿပီ။ ဒါဟာ ေကာင္းတဲ့အခ်က္တစ္ခုပါ။ ဒါေပမဲ့ ဒီနည္းပညာေတြ ေနာက္ကြယ္မွာေတာ့ Saturn (Capricorn)ရဲ႕ တည္ၿငိမ္မႈနဲ႔ တာဝန္ယူမႈဆိုတဲ့ အေျခခံအုတ္ျမစ္က ရွိေနဖို႔ လိုပါတယ္။ နည္းပညာတစ္ခုကို သုံးတဲ့အခါမွာလည္း အဲ့ဒီေနာက္ကြယ္က ႐ိုးသားမႈနဲ႔ လူက်င့္ဝတ္ကို မေမ့ဖို႔လိုပါတယ္။ အျမတ္ထုတ္ဖို႔သက္သက္၊ ဒါမွမဟုတ္ အမွားအယြင္းေတြကို အေျခခံၿပီး ေဟာကိန္းထုတ္တာမ်ိဳးက ေတာ့ နကၡတ္ေဗဒင္ရဲ႕ စည္းမ်ဥ္းအရ သတိထားရမယ့္ အခ်က္ပါ။

လူသားခ်င္း ထိေတြ႕မႈကသာ အဓိက

တေယာက္နဲ႔တေယာက္ ဆက္သြယ္ေျပာဆိုတဲ့အခါမွာ “Synchronicity” လို႔ေခၚတဲ့ စၾကဝဠာရဲ႕ လမ္းၫႊန္မႈေတြ ရွိတတ္ပါတယ္။ နကၡတ္ေဗဒင္ဆိုတာ စိတ္ကူးယဥ္စရာတစ္ခုမဟုတ္ဘဲ သေကၤတေတြနဲ႔ တည္ေဆာက္ထားတဲ့ ဘာသာစကားတစ္ခုပါ။ AI ကေနတစ္ဆင့္ သိလိုက္ရတဲ့ အခ်က္အလက္ေတြက တခ်ိဳ႕သူေတြအတြက္ အသုံးဝင္ေကာင္းဝင္ႏိုင္ေပမဲ့ အဲ့ဒီမွာ အျပန္အလွန္ နားလည္ေပးမႈ (Empathy) ဆိုတဲ့ အရာက လိုအပ္ေနပါေသးတယ္။ လူတစ္ေယာက္ရဲ႕ စိတ္ခံစားမႈ၊ ဝိညာဥ္ေရးရာ နက္နဲမႈေတြကို နည္းပညာက အျပည့္အဝ နားလည္ႏိုင္ဖို႔ဆိုတာ အခုခ်ိန္ထိေတာ့ မျဖစ္ႏိုင္ေသးပါဘူး။ နကၡတ္ေဗဒင္ရဲ႕ ရည္႐ြယ္ခ်က္က ေဟာကိန္းထုတ္ဖို႔သက္သက္ မဟုတ္ဘဲ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ျခင္းေမတၱာနဲ႔ ကုသေပးဖို႔၊ ဟန္ခ်က္ညီေစဖို႔ ျဖစ္ပါတယ္။

ကြၽႏ္ုပ္တို႔ရဲ႕ အေတြ႕အႀကဳံေတြ၊ ေပ်ာ္႐ႊင္မႈေတြ၊ ဒုကၡေတြကို တျခားလူတစ္ေယာက္နဲ႔ ရင္ဖြင့္တိုင္ပင္ၿပီး ထိေတြ႕ဆက္ဆံရတာမ်ိဳးကသာ လူသားေတြအတြက္ တကယ့္အေျဖပါပဲ။ AI က အခ်က္အလက္ေတြကို အလြယ္တကူ ေပးႏိုင္ေပမဲ့၊ အဲ့ဒီအခ်က္အလက္ေတြေနာက္ကြယ္က ခ်စ္ျခင္းေမတၱာနဲ႔ နက္နဲတဲ့ နားလည္ေပးမႈကိုေတာ့ စက္ေတြက ဘယ္ေတာ့မွ အစားထိုးႏိုင္မွာမဟုတ္ပါဘူး။ နကၡတ္ေဗဒင္ဆိုတာ ေနာက္ဆုံးမွာေတာ့ လူသားေတြရဲ႕ စိတ္ဓာတ္ေရးရာ တိုးတက္ဖို႔နဲ႔ ကုသေပးဖို႔ဆိုတဲ့ အ ခ်က္မွာပဲ မူတည္ေနပါတယ္။ ဒါေၾကာင့္ AI က သူလုပ္ႏိုင္တဲ့ေနရာမွာပဲ ရွိေနၿပီး၊ တကယ့္အေရးႀကီးတဲ့ လူသားခ်င္း ဆက္ဆံေရးကိုေတာ့ ကြၽႏ္ုပ္တို႔ကိုယ္တိုင္ပဲ ဆက္ၿပီး တန္ဖိုးထားရမွာပါ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*