အလုပ်လျှောက်ပြီး အကြောင်းမပြန်ရတဲ့ အဓိကအချက် (၃)ချက်

အလုပ်လျှောက်ထားပြီး ကိုယ့်ဖုန်းလေးကိုပဲ မျှော်ကြည့်နေရတာနဲ့ အချိန်တွေကုန်မှန်းမသိ ကုန်သွားတတ်ပါတယ်။ ရက်တွေလတွေကြာတဲ့အထိ ဘာသတင်းမှလည်း ပြန်မလာ၊ နောက်ဆုံးတော့ စိတ်ဓာတ်တွေကျပြီး အားငယ်သွားတတ်ကြတာ သဘာဝပါပဲ။ Resume Genius ရဲ့ ၂၀၂၆ ခုနှစ် Job Seeker Insights Report အရ အလုပ်လျှောက်ထားသူ ၅၅ ရာခိုင်နှုန်းကျော်က ဒီလိုပြန်မလာတဲ့အပေါ်မှာ စိတ်ပျက်နေကြပြီး၊ ၄၉ ရာခိုင်နှုန်းကတော့ အလုပ်ရှာရတာဟာ စိတ်ကျန်းမာရေးကိုတောင် ထိခိုက်လာတယ်လို့ ခံစားနေရပါတယ်။တကယ်တော့ ဒီပြဿနာကို သင်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းကောင်းတစ်ခုကတော့ ဒါကို ပြင်ဆင်လို့ရပါတယ်။ ဘာကြောင့် အလုပ်လျှောက်ထားပြီးရင် အကြောင်းပြန်မလာတာလဲဆိုတဲ့ အဓိကအချက် (၃) ချက်ကို ဖတ်ကြ ည့်လိုက်ရအောင်ပါ။

သင့် Resume က လူသားဝန်ထမ်းလက်ထဲ ရောက်မလာတာဖြစ်နိုင်တယ်

အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ်ကို စက်ရုံမှာ ပစ္စည်းတွေ conveyor belt ပေါ်မှာ ရွေ့သွားသလိုမျိုး မြင်ကြည့်ပါ။ သင့် Resume က လူ့လက်ထဲ မရောက်ခင်မှာ ATS လို့ခေါ်တဲ့ စနစ်တစ်ခုကို ဖြတ်ကျော်ရပါတယ်။Recruit CRM ရဲ့ အစီရင်ခံစာအရ ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းနဲ့ အသေးစားလုပ်ငန်း ၆၀ ရာခိုင်နှုန်းဟာ ဒီ ATS စနစ်ကို သုံးနေကြပါတယ်။ အလုပ်လျှောက်တဲ့သူ အများကြီးကို စနစ်တကျ စစ်ထုတ်ဖို့အတွက် သုံးတာဖြစ်ပေမဲ့ သင့် Resume က ဒီစနစ်ကို မဖြတ်နိုင်ရင် လူ့လက်ထဲ ရောက်မှာမဟုတ်ပါဘူး။ဒါကို ဘယ်လိုပြင်မလဲဆိုရင်တော့ Job Description ကို သေချာဖတ်ပါ။ အလုပ်ခေါ်စာထဲမှာ သုံးထားတဲ့ စကားလုံးတွေကို သင့် Resume မှာ ပြန်သုံးပေးပါ။ ဥပမာ- “teamwork” လို့ သုံးမယ့်အစား သူတို့ရေးထားတဲ့ “cross-functional collaboration” ဆိုတဲ့ စကားလုံးကို သုံးပါ။ပြီးတော့ ဒီဇိုင်းကို ရိုးရိုးရှင်းရှင်းပဲထားပါ။ ခေတ်စားနေတဲ့ ဂရပ်ဖစ်တွေ၊ ဒီဇိုင်းတွေနဲ့ မလုပ်ပါနဲ့။ ပုံစံကို သန့်သန့်ရှင်းရှင်း၊ ရိုးရိုးရှင်းရှင်းပဲထားပါ။ နောက်နချက်က ပုံစံတူ Resume ကိုပဲ ထပ်ခါထပ်ခါ မပို့ပါနဲ့။ လျှောက်မယ့် ကုမ္ပဏီတစ်ခုချင်းစီအလိုက် သင့် Resume ကို ပြင်ဆင်ပေးပါ။

လျှောက်တဲ့သူ အရမ်းများနေတာ

ATS ကို ကျော်ဖြတ်နိုင်ရင်တောင်မှ အတွေ့အကြုံရှိတဲ့သူ ထောင်ပေါင်းများစွာထဲကမှ ရွေးချယ်ခံရဖို့ မလွယ်ပါဘူး။ InterviewPal ရဲ့ လေ့လာချက်အရ၊ Hiring Manager တွေက Resume တစ်စောင်ကို စစ်ဆေးတဲ့အခါ ပျမ်းမျှ ၁၁ စက္ကန့်လောက်ပဲ အချိန်ပေးလေ့ရှိပါတယ်။ဒါကိုပြင်ဆင်ဖို့ဆိုရင် အလုပ်ခေါ်တာနဲ့ အမြန်ဆုံး လျှောက်ပါ။ LinkedIn မှာ Notification ဖွင့်ထားပြီး အလုပ်ခေါ်စာ တင်လိုက်တာနဲ့ အမြန်ဆုံး လျှောက်လိုက်ပါ။ Cover Letter မှာ ကုမ္ပဏီအကြောင်း ထည့်ရေးပါ။ သူတို့ရဲ့ လုပ်ငန်းရည်မှန်းချက်နဲ့ ကိုယ်က ဘယ်လိုကိုက်ညီလဲဆိုတာကို Cover Letter မှာ ပေါ်လွင်အောင် ရေးပါ။ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့နေရာကိုပဲ လျှောက်ပါ။ အရည်အချင်း ၈၀ ရာခိုင်နှုန်းလောက် ကိုက်ညီတဲ့ အလုပ်တွေကိုပဲ လျှောက်ပါ။ အရမ်းမြင့်လွန်းတဲ့နေရာတွေကို လျှောက်ရင် အချိန်တွေပဲ ကုန်ပါလိမ့်မယ်။

AI ကို အရမ်းအလွန်အကျွံ သုံးမိနေတာ

AI ကို သုံးပြီး Profile ကို မွမ်းမံတာ အဆိုးကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ဟန်မပါဘဲ AI ရေးပေးတာကိုပဲ Copy-Paste လုပ်နေရင် LinkedIn က အဲဒါတွေကို သိသွားပြီး ပိတ်ပင်တာမျိုး ဒါမှမဟုတ ဖျောက်ထားတာမျိုး ဖြစ်လာနိုင်ပါတယ်။ဒါကိုပြင်ဆင်ဖို့ဆိုရင် Profile ပုံကို သဘာဝအတိုင်းပဲ ထားပါ။ Filter တွေ အရမ်းတင်ပြီး ကိုယ်နဲ့ လုံးဝမတူတဲ့ ပုံမျိုး မထားပါနဲ့။ AI ကို အကြံဉာဏ်ရဖို့ပဲ သုံးပါ။ AI ကို အရေးအသား အတိုချုံးဖို့၊ အကြံဉာဏ်ယူဖို့လောက်ပဲ သုံးပါ။ ကိုယ့်အသံ (ကိုယ့်ဟန်) ကို ထည့်ပါ။ သင်ကိုယ်တိုင် ရေးထားတာ ဟုတ်မဟုတ် သူငယ်ချင်းတွေကတောင် သိနိုင်တဲ့အထိ သင့်ဟန်ကို ထည့်သွင်းရေးသားပါ။

အလုပ်လျှောက်ပြီး အကြောင်းပြန်မလာတာဟာ သင့်ရဲ့ အရည်အချင်းကြောင့် မဟုတ်ပါဘူး။ အလုပ်ရှာတဲ့ စနစ်တွေက ရှုပ်ထွေးလွန်းလို့ပါ။ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို ပြင်ဆင်ပြီး ကြိုးစားကြည့်ပါ။ မကြာခင်မှာ မှန်ကန်တဲ့ ကုမ္ပဏီကနေ အကြောင်းပြန်လာမှာပါ။

ကျော့ကေခိုင်

zawgyi

အလုပ္ေလွ်ာက္ထားၿပီး ကိုယ့္ဖုန္းေလးကိုပဲ ေမွ်ာ္ၾကည့္ေနရတာနဲ႔ အခ်ိန္ေတြကုန္မွန္းမသိ ကုန္သြားတတ္ပါတယ္။ ရက္ေတြလေတြၾကာတဲ့အထိ ဘာသတင္းမွလည္း ျပန္မလာ၊ ေနာက္ဆုံးေတာ့ စိတ္ဓာတ္ေတြက်ၿပီး အားငယ္သြားတတ္ၾကတာ သဘာဝပါပဲ။ Resume Genius ရဲ႕ ၂၀၂၆ ခုႏွစ္ Job Seeker Insights Report အရ အလုပ္ေလွ်ာက္ထားသူ ၅၅ ရာခိုင္ႏႈန္းေက်ာ္က ဒီလိုျပန္မလာတဲ့အေပၚမွာ စိတ္ပ်က္ေနၾကၿပီး၊ ၄၉ ရာခိုင္ႏႈန္းကေတာ့ အလုပ္ရွာရတာဟာ စိတ္က်န္းမာေရးကိုေတာင္ ထိခိုက္လာတယ္လို႔ ခံစားေနရပါတယ္။တကယ္ေတာ့ ဒီျပႆနာကို သင္တစ္ေယာက္တည္း ခံစားေနရတာ မဟုတ္ပါဘူး။ ဒါေပမဲ့ သတင္းေကာင္းတစ္ခုကေတာ့ ဒါကို ျပင္ဆင္လို႔ရပါတယ္။ ဘာေၾကာင့္ အလုပ္ေလွ်ာက္ထားၿပီးရင္ အေၾကာင္းျပန္မလာတာလဲဆိုတဲ့ အဓိကအခ်က္ (၃) ခ်က္ကို ဖတ္ၾက ည့္လိုက္ရေအာင္ပါ။

သင့္ Resume က လူသားဝန္ထမ္းလက္ထဲ ေရာက္မလာတာျဖစ္ႏိုင္တယ္

အလုပ္ေလွ်ာက္တဲ့ လုပ္ငန္းစဥ္ကို စက္႐ုံမွာ ပစၥည္းေတြ conveyor belt ေပၚမွာ ေ႐ြ႕သြားသလိုမ်ိဳး ျမင္ၾကည့္ပါ။ သင့္ Resume က လူ႔လက္ထဲ မေရာက္ခင္မွာ ATS လို႔ေခၚတဲ့ စနစ္တစ္ခုကို ျဖတ္ေက်ာ္ရပါတယ္။Recruit CRM ရဲ႕ အစီရင္ခံစာအရ ကုမၸဏီ ၈၀ ရာခိုင္ႏႈန္းနဲ႔ အေသးစားလုပ္ငန္း ၆၀ ရာခိုင္ႏႈန္းဟာ ဒီ ATS စနစ္ကို သုံးေနၾကပါတယ္။ အလုပ္ေလွ်ာက္တဲ့သူ အမ်ားႀကီးကို စနစ္တက် စစ္ထုတ္ဖို႔အတြက္ သုံးတာျဖစ္ေပမဲ့ သင့္ Resume က ဒီစနစ္ကို မျဖတ္ႏိုင္ရင္ လူ႔လက္ထဲ ေရာက္မွာမဟုတ္ပါဘူး။ဒါကို ဘယ္လိုျပင္မလဲဆိုရင္ေတာ့ Job Description ကို ေသခ်ာဖတ္ပါ။ အလုပ္ေခၚစာထဲမွာ သုံးထားတဲ့ စကားလုံးေတြကို သင့္ Resume မွာ ျပန္သုံးေပးပါ။ ဥပမာ- “teamwork” လို႔ သုံးမယ့္အစား သူတို႔ေရးထားတဲ့ “cross-functional collaboration” ဆိုတဲ့ စကားလုံးကို သုံးပါ။ၿပီးေတာ့ ဒီဇိုင္းကို ႐ိုး႐ိုးရွင္းရွင္းပဲထားပါ။ ေခတ္စားေနတဲ့ ဂရပ္ဖစ္ေတြ၊ ဒီဇိုင္းေတြနဲ႔ မလုပ္ပါနဲ႔။ ပုံစံကို သန႔္သန႔္ရွင္းရွင္း၊ ႐ိုး႐ိုးရွင္းရွင္းပဲထားပါ။ ေနာက္နခ်က္က ပုံစံတူ Resume ကိုပဲ ထပ္ခါထပ္ခါ မပို႔ပါနဲ႔။ ေလွ်ာက္မယ့္ ကုမၸဏီတစ္ခုခ်င္းစီအလိုက္ သင့္ Resume ကို ျပင္ဆင္ေပးပါ။

ေလွ်ာက္တဲ့သူ အရမ္းမ်ားေနတာ

ATS ကို ေက်ာ္ျဖတ္ႏိုင္ရင္ေတာင္မွ အေတြ႕အႀကဳံရွိတဲ့သူ ေထာင္ေပါင္းမ်ားစြာထဲကမွ ေ႐ြးခ်ယ္ခံရဖို႔ မလြယ္ပါဘူး။ InterviewPal ရဲ႕ ေလ့လာခ်က္အရ၊ Hiring Manager ေတြက Resume တစ္ေစာင္ကို စစ္ေဆးတဲ့အခါ ပ်မ္းမွ် ၁၁ စကၠန႔္ေလာက္ပဲ အခ်ိန္ေပးေလ့ရွိပါတယ္။ဒါကိုျပင္ဆင္ဖို႔ဆိုရင္ အလုပ္ေခၚတာနဲ႔ အျမန္ဆုံး ေလွ်ာက္ပါ။ LinkedIn မွာ Notification ဖြင့္ထားၿပီး အလုပ္ေခၚစာ တင္လိုက္တာနဲ႔ အျမန္ဆုံး ေလွ်ာက္လိုက္ပါ။ Cover Letter မွာ ကုမၸဏီအေၾကာင္း ထည့္ေရးပါ။ သူတို႔ရဲ႕ လုပ္ငန္းရည္မွန္းခ်က္နဲ႔ ကိုယ္က ဘယ္လိုကိုက္ညီလဲဆိုတာကို Cover Letter မွာ ေပၚလြင္ေအာင္ ေရးပါ။ ကိုယ့္အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ေနရာကိုပဲ ေလွ်ာက္ပါ။ အရည္အခ်င္း ၈၀ ရာခိုင္ႏႈန္းေလာက္ ကိုက္ညီတဲ့ အလုပ္ေတြကိုပဲ ေလွ်ာက္ပါ။ အရမ္းျမင့္လြန္းတဲ့ေနရာေတြကို ေလွ်ာက္ရင္ အခ်ိန္ေတြပဲ ကုန္ပါလိမ့္မယ္။

AI ကို အရမ္းအလြန္အကြၽံ သုံးမိေနတာ

AI ကို သုံးၿပီး Profile ကို မြမ္းမံတာ အဆိုးႀကီးေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ကိုယ္ပိုင္ဟန္မပါဘဲ AI ေရးေပးတာကိုပဲ Copy-Paste လုပ္ေနရင္ LinkedIn က အဲဒါေတြကို သိသြားၿပီး ပိတ္ပင္တာမ်ိဳး ဒါမွမဟုတ ေဖ်ာက္ထားတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ဒါကိုျပင္ဆင္ဖို႔ဆိုရင္ Profile ပုံကို သဘာဝအတိုင္းပဲ ထားပါ။ Filter ေတြ အရမ္းတင္ၿပီး ကိုယ္နဲ႔ လုံးဝမတူတဲ့ ပုံမ်ိဳး မထားပါနဲ႔။ AI ကို အႀကံဉာဏ္ရဖို႔ပဲ သုံးပါ။ AI ကို အေရးအသား အတိုခ်ဳံးဖို႔၊ အႀကံဉာဏ္ယူဖို႔ေလာက္ပဲ သုံးပါ။ ကိုယ့္အသံ (ကိုယ့္ဟန္) ကို ထည့္ပါ။ သင္ကိုယ္တိုင္ ေရးထားတာ ဟုတ္မဟုတ္ သူငယ္ခ်င္းေတြကေတာင္ သိႏိုင္တဲ့အထိ သင့္ဟန္ကို ထည့္သြင္းေရးသားပါ။

အလုပ္ေလွ်ာက္ၿပီး အေၾကာင္းျပန္မလာတာဟာ သင့္ရဲ႕ အရည္အခ်င္းေၾကာင့္ မဟုတ္ပါဘူး။ အလုပ္ရွာတဲ့ စနစ္ေတြက ရႈပ္ေထြးလြန္းလို႔ပါ။ အခုေျပာျပခဲ့တဲ့ နည္းလမ္းေလးေတြကို ျပင္ဆင္ၿပီး ႀကိဳးစားၾကည့္ပါ။ မၾကာခင္မွာ မွန္ကန္တဲ့ ကုမၸဏီကေန အေၾကာင္းျပန္လာမွာပါ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*