ဇွန်လထဲမှာ ငွေဝင်လမ်းတွေပွင့်ပြီး စီးပွားရေးအဆင်ပြေမယ့် ရာသီဖွား (၃) ခု

၂၀၂၆ ဇွန်လကတော့ ရာသီဖွား (၃) ခုအတွက် ငွေကြေးကံတွေ ထူးထူးခြားခြား ကောင်းမွန်မယ့် လတစ်လ ဖြစ်လာပါတော့မယ်။ နက္ခတ်ဗေဒင်အရ ဂျူပီတာဂြိုဟ် (ကြာသပတေးဂြိုဟ်) က ဇွန်လ ၃၀ မှာ ကာကွယ်ခြင်းနဲ့ စည်းစိမ်ဥစ္စာကို ဆောင်ယူပေးတဲ့ “Leo” ထဲကို စပြီး ကူးပြောင်းမှာဖြစ်သလို၊ အလှအပနဲ့ ငွေကြေးကို ကိုယ်စားပြုတဲ့ ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်) ကလည်း ဇွန်လ ၁၃ ရက်ကတည်းက Leo ရာသီထဲကို ကြိုတင်ဝင်ရောက်ပြီး လမ်းခင်းပေးထားမှာပါ။ဒီတော့ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေအတွက် လက်ရှိလုပ်နေတဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ပြီး ဆက်ကြိုးစားနေဖို့ လိုပါတယ်။ ဒါဆိုရင် ဇွန်လထဲမှာ ကိုယ်မျှော်လင့်ထားတဲ့ အောင်မြင်မှုနဲ့ ငွေကြေးဓနတွေကို လက်တွေ့ခံစားရမှာပါ။ ငွေကြေးကံ အကောင်းဆုံးဖြစ်မယ့် ရာသီဖွား (၃) ခုက ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

Cancer

ဒီလထဲမှာတော့ ကရကဋ်ရာသီဖွားတွေက အချမ်းသာဆုံးနဲ့ ငွေကြေးကံအကောင်းဆုံး ရာသီဖွား ဖြစ်လာမှာပါ။ ပြောရရင် ဒီငွေကံက အခု ဇွန်လတင် မဟုတ်ဘဲ ၂၀၂၇ ထိအောင်ကို ဆက်ပြီး ကောင်းနေဦးမှာနော်။ဇွန် ၁၃ မှာ သောကြာဂြိုဟ်က ကိုယ့်ရဲ့ ငွေကြေးကဏ္ဍထဲ ဝင်လာပြီး အခွင့်အလမ်းကောင်းသစ်တွေကို ယူဆောင်လာပေးလိမ့်မယ်။ အဲဒီနောက် ဇွန် ၃၀ မှာ ကြာသပတေးဂြိုဟ်ကပါ ထပ်ဝင်လာပြီး အဲဒီအခွင့်အလမ်းတွေကို ပိုပြီး ကြီးပွားတိုးတက်အောင် ပံ့ပိုးပေးမှာပါ။အကြံပြုချက်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် ဒီထက်မက အောင်မြင်ပိုင်ဆိုင်ထိုက်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့် မွေးထားပါ။ လစာပိုကောင်းတဲ့ အလုပ်သစ်တွေ လျှောက်တာပဲဖြစ်ဖြစ်၊ ကိုယ့်ဆီက ငွေကို တိုးပွားအောင် ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ် လုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ တစ်ခုပဲ..ဝင်ငွေထက် ထွက်ငွေက ပိုမမြန်သွားစေဖို့တော့ သတိထားဖို့ပါပဲ။

Gemini

မေထုန်ရာသီဖွားတွေအတွက်ကတော့ လက်တွေ့ အကောင်အထည်ဖော် လှုပ်ရှားရမယ့် အချိန်ပါပဲ။ ကိုယ့်ရဲ့ မွေးလရာသီပြီးလို့ ဇွန် ၂၁ ရက်မှာ နေမင်းကြီးက ကရ ကဋ်ရာသီထဲ ကူးပြောင်းသွားတာနဲ့ စီးပွားရေး စည်ပင်ဝပြောမယ့် အချိန်ကာလသစ်တစ်ခု စတင်တော့မှာပါ။ဗေဒင်ပညာမှာ နေမင်းကြီးက အင်မတန် ကံကောင်းစေတဲ့ဂြိုဟ် ဖြစ်တဲ့အတွက် ကိုယ်လုပ်သမျှ အလုပ်တွေကနေ ငွေကြေးအကျိုးအမြတ်တွေ ဖြစ်ထွန်းလာအောင် လမ်းပြပေးပါလိမ့်မယ်။ အခွင့်အလမ်းသစ်တွေ ရောက်လာရင် လက်လွတ်မခံဘဲ အမိအရ ဖမ်းဆုပ်ဖို့ပဲ လိုပါတယ်။အကြံပြုချက်အနေနဲ့ကတော့ ဒီအချိန်က ငွေကြေးပိုင်း ပိုပြီး တည်ငြိမ်ခိုင်မာလာအောင် ခြေလှမ်းလှမ်းရမယ့် အချိန်ပါ။ အဓိကအလုပ်ကနေပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ပရောဂျက်အသစ်လေးတွေ စလုပ်ရင်းနဲ့ပဲဖြစ်ဖြစ် ဝင်ငွေတွေ တိုးလာနိုင်ပါတယ်။ နေမင်းကြီးက ကိုယ့်ရဲ့ ရှေ့ဆက်ရမယ့်လမ်းကို လင်းထိန်စေပြီး ငွေပိုရှာနိုင်ဖို့ လိုအပ်တဲ့ ယုံကြည်မှုတွေကို ပေးစွမ်းပါလိမ့်မယ်။

Taurus

ပြိဿရာသီဖွားတွေအတွက်ကတော့ အပြောင်းအလဲတွေကို ရင်ဆိုင်ပြီး အခွင့်အရေးကို အရယူရမယ့် အချိန်ပါပဲ။ ဇွန် ၂၈ မှာ အင်္ဂါဂြိုဟ် (Mars) က မေထုန်ရာသီထဲကို ကူးပြောင်းသွားမှာဖြစ်လို့ ကိုယ့်ရဲ့ ငွေကြေးလွတ်လပ်ခွင့်အတွက် စိတ်အားထက်သန်မှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေက အကောင်းဘက်ကို ဦးတည်နေတာမို့ လောလောဆယ် ကြုံလာရမယ့် အပြောင်းအလဲတွေကို ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ပါ။ ကိုယ်ဆွဲထားတဲ့ ပလန်တွေ ပြောင်းလဲသွားရင်တောင် စိတ်မပျက်ဘဲ မထင်မှတ်ထားတဲ့ အခွင့်အရေးတွေကို လမ်းဖွင့်ပေးလိုက်ပါ။အကြံပြုချက်အနေနဲ့ကတော့ ယူရေးနပ်စ်ဂြိုဟ် (Uranus) ရဲ့ ရိုက်ခတ်မှုကြောင့် အခြေအနေတွေက လုံးဝ တည်ငြိမ်မနေသေးဘူးလို့ ခံစားရရင်တောင် ရှေ့ဆက်တိုးဖို့ တွန့်ဆုတ်မနေပါနဲ့။ အချိန်အကြာကြီး တွေးတောဝေခွဲမနေဘဲ ချက်ချင်း ဆုံးဖြတ်ချက်ချဖို့ အဆင်သင့်ပြင်ထားပါ။ ကိုယ့်ရဲ့ ရဲရဲဝံဝံ ခြေလှမ်းတွေကနေတစ်ဆင့် ငွေကြေးအကျိုးအမြတ် အများကြီးရမယ့် အခန်းကဏ္ဍသစ်တစ်ခုဆီကို ရောက်ရှိသွားပါလိမ့်မယ်။

ခြုံငုံကြည့်ရရင်တော့ ဒီဇွန်လထဲမှာ အခွင့်အရေးတွေက ကိုယ့်ဆီ အလိုလိုရောက်လာမှာ ဖြစ်သလို၊ ကိုယ်တိုင်ကလည်း ဇွဲရှိရှိနဲ့ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသား ချနိုင်ဖို့ လိုအပ်ပါတယ်။

ကျော့ကေခိုင်

zawgyi

၂၀၂၆ ဇြန္လကေတာ့ ရာသီဖြား (၃) ခုအတြက္ ေငြေၾကးကံေတြ ထူးထူးျခားျခား ေကာင္းမြန္မယ့္ လတစ္လ ျဖစ္လာပါေတာ့မယ္။ နကၡတ္ေဗဒင္အရ ဂ်ဴပီတာၿဂိဳဟ္ (ၾကာသပေတးၿဂိဳဟ္) က ဇြန္လ ၃၀ မွာ ကာကြယ္ျခင္းနဲ႔ စည္းစိမ္ဥစၥာကို ေဆာင္ယူေပးတဲ့ “Leo” ထဲကို စၿပီး ကူးေျပာင္းမွာျဖစ္သလို၊ အလွအပနဲ႔ ေငြေၾကးကို ကိုယ္စားျပဳတဲ့ ဗီးနပ္စ္ၿဂိဳဟ္ (ေသာၾကာၿဂိဳဟ္) ကလည္း ဇြန္လ ၁၃ ရက္ကတည္းက Leo ရာသီထဲကို ႀကိဳတင္ဝင္ေရာက္ၿပီး လမ္းခင္းေပးထားမွာပါ။ဒီေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ေတြအတြက္ လက္ရွိလုပ္ေနတဲ့ အလုပ္ေတြကိုပဲ အာ႐ုံစိုက္ၿပီး ဆက္ႀကိဳးစားေနဖို႔ လိုပါတယ္။ ဒါဆိုရင္ ဇြန္လထဲမွာ ကိုယ္ေမွ်ာ္လင့္ထားတဲ့ ေအာင္ျမင္မႈနဲ႔ ေငြေၾကးဓနေတြကို လက္ေတြ႕ခံစားရမွာပါ။ ေငြေၾကးကံ အေကာင္းဆုံးျဖစ္မယ့္ ရာသီဖြား (၃) ခုက ဘယ္သူေတြျဖစ္မလဲဆိုတာ ၾကည့္လိုက္ရေအာင္။

Cancer

ဒီလထဲမွာေတာ့ ကရကဋ္ရာသီဖြားေတြက အခ်မ္းသာဆုံးနဲ႔ ေငြေၾကးကံအေကာင္းဆုံး ရာသီဖြား ျဖစ္လာမွာပါ။ ေျပာရရင္ ဒီေငြကံက အခု ဇြန္လတင္ မဟုတ္ဘဲ ၂၀၂၇ ထိေအာင္ကို ဆက္ၿပီး ေကာင္းေနဦးမွာေနာ္။ဇြန္ ၁၃ မွာ ေသာၾကာၿဂိဳဟ္က ကိုယ့္ရဲ႕ ေငြေၾကးက႑ထဲ ဝင္လာၿပီး အခြင့္အလမ္းေကာင္းသစ္ေတြကို ယူေဆာင္လာေပးလိမ့္မယ္။ အဲဒီေနာက္ ဇြန္ ၃၀ မွာ ၾကာသပေတးၿဂိဳဟ္ကပါ ထပ္ဝင္လာၿပီး အဲဒီအခြင့္အလမ္းေတြကို ပိုၿပီး ႀကီးပြားတိုးတက္ေအာင္ ပံ့ပိုးေပးမွာပါ။အႀကံျပဳခ်က္အေနနဲ႔ကေတာ့ ကိုယ့္ကိုယ္ကိုယ္ ဒီထက္မက ေအာင္ျမင္ပိုင္ဆိုင္ထိုက္တယ္ဆိုတဲ့ ယုံၾကည္ခ်က္အျပည့္ ေမြးထားပါ။ လစာပိုေကာင္းတဲ့ အလုပ္သစ္ေတြ ေလွ်ာက္တာပဲျဖစ္ျဖစ္၊ ကိုယ့္ဆီက ေငြကို တိုးပြားေအာင္ ရင္းႏွီးျမႇဳပ္ႏွံတာပဲျဖစ္ျဖစ္ လုပ္ဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။ တစ္ခုပဲ..ဝင္ေငြထက္ ထြက္ေငြက ပိုမျမန္သြားေစဖို႔ေတာ့ သတိထားဖို႔ပါပဲ။

Gemini

ေမထုန္ရာသီဖြားေတြအတြက္ကေတာ့ လက္ေတြ႕ အေကာင္အထည္ေဖာ္ လႈပ္ရွားရမယ့္ အခ်ိန္ပါပဲ။ ကိုယ့္ရဲ႕ ေမြးလရာသီၿပီးလို႔ ဇြန္ ၂၁ ရက္မွာ ေနမင္းႀကီးက ကရ ကဋ္ရာသီထဲ ကူးေျပာင္းသြားတာနဲ႔ စီးပြားေရး စည္ပင္ဝေျပာမယ့္ အခ်ိန္ကာလသစ္တစ္ခု စတင္ေတာ့မွာပါ။ေဗဒင္ပညာမွာ ေနမင္းႀကီးက အင္မတန္ ကံေကာင္းေစတဲ့ၿဂိဳဟ္ ျဖစ္တဲ့အတြက္ ကိုယ္လုပ္သမွ် အလုပ္ေတြကေန ေငြေၾကးအက်ိဳးအျမတ္ေတြ ျဖစ္ထြန္းလာေအာင္ လမ္းျပေပးပါလိမ့္မယ္။ အခြင့္အလမ္းသစ္ေတြ ေရာက္လာရင္ လက္လြတ္မခံဘဲ အမိအရ ဖမ္းဆုပ္ဖို႔ပဲ လိုပါတယ္။အႀကံျပဳခ်က္အေနနဲ႔ကေတာ့ ဒီအခ်ိန္က ေငြေၾကးပိုင္း ပိုၿပီး တည္ၿငိမ္ခိုင္မာလာေအာင္ ေျခလွမ္းလွမ္းရမယ့္ အခ်ိန္ပါ။ အဓိကအလုပ္ကေနပဲျဖစ္ျဖစ္၊ ကိုယ္ပိုင္ပေရာဂ်က္အသစ္ေလးေတြ စလုပ္ရင္းနဲ႔ပဲျဖစ္ျဖစ္ ဝင္ေငြေတြ တိုးလာႏိုင္ပါတယ္။ ေနမင္းႀကီးက ကိုယ့္ရဲ႕ ေရွ႕ဆက္ရမယ့္လမ္းကို လင္းထိန္ေစၿပီး ေငြပိုရွာႏိုင္ဖို႔ လိုအပ္တဲ့ ယုံၾကည္မႈေတြကို ေပးစြမ္းပါလိမ့္မယ္။

Taurus

ၿပိႆရာသီဖြားေတြအတြက္ကေတာ့ အေျပာင္းအလဲေတြကို ရင္ဆိုင္ၿပီး အခြင့္အေရးကို အရယူရမယ့္ အခ်ိန္ပါပဲ။ ဇြန္ ၂၈ မွာ အဂၤါၿဂိဳဟ္ (Mars) က ေမထုန္ရာသီထဲကို ကူးေျပာင္းသြားမွာျဖစ္လို႔ ကိုယ့္ရဲ႕ ေငြေၾကးလြတ္လပ္ခြင့္အတြက္ စိတ္အားထက္သန္မႈနဲ႔ စိတ္ပိုင္းျဖတ္မႈေတြ ျပင္းျပင္းထန္ထန္ ျဖစ္ေပၚလာပါလိမ့္မယ္။ ကိုယ့္ရဲ႕ ဘ႑ာေရးအေျခအေနက အေကာင္းဘက္ကို ဦးတည္ေနတာမို႔ ေလာေလာဆယ္ ႀကဳံလာရမယ့္ အေျပာင္းအလဲေတြကို ၾကည္ၾကည္ျဖဴျဖဴ လက္ခံလိုက္ပါ။ ကိုယ္ဆြဲထားတဲ့ ပလန္ေတြ ေျပာင္းလဲသြားရင္ေတာင္ စိတ္မပ်က္ဘဲ မထင္မွတ္ထားတဲ့ အခြင့္အေရးေတြကို လမ္းဖြင့္ေပးလိုက္ပါ။အႀကံျပဳခ်က္အေနနဲ႔ကေတာ့ ယူေရးနပ္စ္ၿဂိဳဟ္ (Uranus) ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ အေျခအေနေတြက လုံးဝ တည္ၿငိမ္မေနေသးဘူးလို႔ ခံစားရရင္ေတာင္ ေရွ႕ဆက္တိုးဖို႔ တြန႔္ဆုတ္မေနပါနဲ႔။ အခ်ိန္အၾကာႀကီး ေတြးေတာေဝခြဲမေနဘဲ ခ်က္ခ်င္း ဆုံးျဖတ္ခ်က္ခ်ဖို႔ အဆင္သင့္ျပင္ထားပါ။ ကိုယ့္ရဲ႕ ရဲရဲဝံဝံ ေျခလွမ္းေတြကေနတစ္ဆင့္ ေငြေၾကးအက်ိဳးအျမတ္ အမ်ားႀကီးရမယ့္ အခန္းက႑သစ္တစ္ခုဆီကို ေရာက္ရွိသြားပါလိမ့္မယ္။

ၿခဳံငုံၾကည့္ရရင္ေတာ့ ဒီဇြန္လထဲမွာ အခြင့္အေရးေတြက ကိုယ့္ဆီ အလိုလိုေရာက္လာမွာ ျဖစ္သလို၊ ကိုယ္တိုင္ကလည္း ဇြဲရွိရွိနဲ႔ ဆုံးျဖတ္ခ်က္ျပတ္ျပတ္သားသား ခ်ႏိုင္ဖို႔ လိုအပ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*