“မီးမြင်းနှစ်” ကံအကောင်းဆုံးဖြစ်မယ့် ရာသီဖွား (၃) ခု

၂၀၂၆ ဟာ အပြောင်းအလဲတွေ အရမ်းမြန်ပြီး ထိုးဖောက်အောင်မြင်မှုတွေ များမယ့်နှစ်ပါ။ ဒီလိုအရှိန်အဟုန်ပြင်းတဲ့ “မီး” စွမ်းအင်တွေကြားမှာ အချိန်ကိုက်၊ အခါကိုက်နဲ့ ကံကောင်းခြင်းတွေကို ဆုပ်ကိုင်နိုင်မယ့် ရာသီဖွားတွေကတော့ အောက်ပါရာသီခွင်တွေပဲဖြစ်ပါတယ်။

Capricorn

မကာရ ရာသီဖွားတွေအတွက် ၂၀၂၆ က ပင်ပန်းသမျှ အသီးအပွင့် ခံစားရမယ့်နှစ်ပါပဲ။ငွေကြေးပိုင်းမှာ အရင်နှစ်တွေကတည်းက တောက်လျှောက် ကြိုးစားလာခဲ့သမျှ ဒီနှစ်မှာ ငွေအဖြစ် ပြန်ပြောင်းလာတော့မှာပါ။ ပျင်းစရာကောင်းတယ်လို့ ထင်ရတဲ့ ပရောဂျက်တွေကနေ ရာထူးနဲ့ ငွေကြေးတွေ အလုံးအရင်းနဲ့ ဝင်လာပါလိမ့်မယ်။ အလုပ်ပဲ ဖိလုပ်နေတတ်တဲ့ မကာရတွေအနေနဲ့ ဒီနှစ်မှာ မိသားစုနဲ့ ပြန်ပြီး နွေးထွေးခွင့်ရမယ်။ အလုပ်နဲ့ မိသားစုကြား မျှတတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မယ့် ကံကောင်းခြင်းမျိုးရရှိပါလိမ့်မယ်။

Taurus

ပြိဿ ရာသီဖွားတွေအတွက် ဒီနှစ်မှာတော့ စကားလုံးတစ်လုံးတည်းပါပဲ။ အဲဒါက “ပိုက်ဆံ”ပါ။မီးစွမ်းအင်က မြေကြီးစွမ်းအင်ကို ပံ့ပိုးပေးတာမို့ လုပ်သမျှက “ငွေထုတ်စက်” လိုမျိုး အကျိုးအမြတ် ရနေပါလိမ့်မယ်။ အရင်က ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ခဲ့တာ ဒါမှမဟုတ် အခွင့်အရေးတွေ လက်လွှတ်ခဲ့တာမျိုး ရှိရင်တောင် ဒီနှစ်မှာတော့ တောက်ပတဲ့ စွမ်းအင်တွေ ရရှိမှာပါ။ စုဆောင်းထားချင်တဲ့ ငွေကြေးပန်းတိုင်ကိုလည်း ဒီနှစ်မှာ အပိုင်ဖြတ်နိုင်ပါလိမ့်မယ်။

Libra

တူ ရာသီဖွားတွေအတွက်တော့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေပေါ်ပေါက်လာမယ့်နှစ်ပါ။ မီးစွမ်းအင်က မစစ်မှန်တဲ့ ဆက်ဆံရေးတွေကို ဖယ်ရှားပေးပြီး တကယ့်ကို တန်ဖိုးရှိတဲ့သူတွေ၊ အခွင့်အလမ်းကောင်း ပေးနိုင်မယ့်သူတွေကို ဘဝထဲ ခေါ်ဆောင်လာပေးပါလိမ့်မယ်။ အလုပ်ခွင် ပတ်ဝန်းကျင်ကောင်းတာ၊ အချစ်ရေး အဆင်ပြေတာနဲ့ ငွေဝင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်ဆွဲဆောင်မှုကပဲ အခွင့်အလမ်း တံခါးကြီးတွေကို ဖွင့်ပေးသွားမှာပါ။

ဒီရာသီဖွား ၃ ခုဟာ လောကကြီးတစ်ခုလုံး အပြေးအလွှား ရုန်းကန်နေရချိန်မှာ အေးဆေးလေးနဲ့ အနိုင်ရနေမယ့်သူတွေလို့ ဆိုရမှာပါ။

ကျော့ကေခိုင်

zawgyi

၂၀၂၆ ဟာ အေျပာင္းအလဲေတြ အရမ္းျမန္ၿပီး ထိုးေဖာက္ေအာင္ျမင္မႈေတြ မ်ားမယ့္ႏွစ္ပါ။ ဒီလိုအရွိန္အဟုန္ျပင္းတဲ့ “မီး” စြမ္းအင္ေတြၾကားမွာ အခ်ိန္ကိုက္၊ အခါကိုက္နဲ႔ ကံေကာင္းျခင္းေတြကို ဆုပ္ကိုင္ႏိုင္မယ့္ ရာသီဖြားေတြကေတာ့ ေအာက္ပါရာသီခြင္ေတြပဲျဖစ္ပါတယ္။

Capricorn

မကာရ ရာသီဖြားေတြအတြက္ ၂၀၂၆ က ပင္ပန္းသမွ် အသီးအပြင့္ ခံစားရမယ့္ႏွစ္ပါပဲ။ေငြေၾကးပိုင္းမွာ အရင္ႏွစ္ေတြကတည္းက ေတာက္ေလွ်ာက္ ႀကိဳးစားလာခဲ့သမွ် ဒီႏွစ္မွာ ေငြအျဖစ္ ျပန္ေျပာင္းလာေတာ့မွာပါ။ ပ်င္းစရာေကာင္းတယ္လို႔ ထင္ရတဲ့ ပေရာဂ်က္ေတြကေန ရာထူးနဲ႔ ေငြေၾကးေတြ အလုံးအရင္းနဲ႔ ဝင္လာပါလိမ့္မယ္။ အလုပ္ပဲ ဖိလုပ္ေနတတ္တဲ့ မကာရေတြအေနနဲ႔ ဒီႏွစ္မွာ မိသားစုနဲ႔ ျပန္ၿပီး ေႏြးေထြးခြင့္ရမယ္။ အလုပ္နဲ႔ မိသားစုၾကား မွ်တတဲ့ ဘဝတစ္ခုကို တည္ေဆာက္ႏိုင္မယ့္ ကံေကာင္းျခင္းမ်ိဳးရရွိပါလိမ့္မယ္။

Taurus

ၿပိႆ ရာသီဖြားေတြအတြက္ ဒီႏွစ္မွာေတာ့ စကားလုံးတစ္လုံးတည္းပါပဲ။ အဲဒါက “ပိုက္ဆံ”ပါ။မီးစြမ္းအင္က ေျမႀကီးစြမ္းအင္ကို ပံ့ပိုးေပးတာမို႔ လုပ္သမွ်က “ေငြထုတ္စက္” လိုမ်ိဳး အက်ိဳးအျမတ္ ရေနပါလိမ့္မယ္။ အရင္က ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္ခဲ့တာ ဒါမွမဟုတ္ အခြင့္အေရးေတြ လက္လႊတ္ခဲ့တာမ်ိဳး ရွိရင္ေတာင္ ဒီႏွစ္မွာေတာ့ ေတာက္ပတဲ့ စြမ္းအင္ေတြ ရရွိမွာပါ။ စုေဆာင္းထားခ်င္တဲ့ ေငြေၾကးပန္းတိုင္ကိုလည္း ဒီႏွစ္မွာ အပိုင္ျဖတ္ႏိုင္ပါလိမ့္မယ္။

Libra

တူ ရာသီဖြားေတြအတြက္ေတာ့ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြေပၚေပါက္လာမယ့္ႏွစ္ပါ။ မီးစြမ္းအင္က မစစ္မွန္တဲ့ ဆက္ဆံေရးေတြကို ဖယ္ရွားေပးၿပီး တကယ့္ကို တန္ဖိုးရွိတဲ့သူေတြ၊ အခြင့္အလမ္းေကာင္း ေပးႏိုင္မယ့္သူေတြကို ဘဝထဲ ေခၚေဆာင္လာေပးပါလိမ့္မယ္။ အလုပ္ခြင္ ပတ္ဝန္းက်င္ေကာင္းတာ၊ အခ်စ္ေရး အဆင္ေျပတာနဲ႔ ေငြဝင္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ ကိုယ့္ရဲ႕ ပင္ကိုယ္ဆြဲေဆာင္မႈကပဲ အခြင့္အလမ္း တံခါးႀကီးေတြကို ဖြင့္ေပးသြားမွာပါ။

ဒီရာသီဖြား ၃ ခုဟာ ေလာကႀကီးတစ္ခုလုံး အေျပးအလႊား ႐ုန္းကန္ေနရခ်ိန္မွာ ေအးေဆးေလးနဲ႔ အႏိုင္ရေနမယ့္သူေတြလို႔ ဆိုရမွာပါ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*